ဆိုင်ကယ်နှင့်မုန့်လိုက်ရောင်းနေသည့် အဘိုးအိုထံမှ မုန့်လုယူခဲ့သည့်အပြင် ထိုးနှက်ခဲ့တဲ့ လူငယ် (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယနေ့ခေတ် လူ့ဘောင်အဖွဲ့အစည်းက အတော်လေးကိုပျက်စီးယိုယွင်းနေပြီလို့ပြောလို့ရပါတယ် ။ ကိုယ့်အတွက်သာ ကိုယ်ကြည့်ကြတဲ့တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ လူတွေများပြားလာပြီး စာနာကူညီသနားလိုစိတ်တွေ သိပ်ပြီးမရှိကြတော့ပါဘူး ။ ဒီတစ်ခေါက်မှာလည်း Facebook စာမျက်နှာပေါ်မှာ video တစ်ခုဟာ အတော်လေးကိုလူကြည့်များနေပါတယ် ။ အဲတာကတော့ အဘိုးအိုတစ်ယောက်ဟာ မုန့်တွေအပြည့်တင်ထားတဲ့ သူ၏ဆိုင်ကယ်လေးနှင့် လမ်းဘေးတစ်နေရာမှာ မုန့်ရောင်နေခဲ့တာပါ ။ ထိုအချိန်မှာ အမျိုးသမီးတွေကလည်း သူတို့ရဲ့ကလေးငယ်တွေကို လက်တွဲပြီး အဘိုးအိုထံမှ မုန့်များလာဝယ်နေကြပါတယ် ။ ထိုအချိန်မှာ အင်္ကျီအနီရောင်နှင့်ကောင်လေးတစ်ယောက်ဟာ အဘိုးအိုဆိုင်ကယ်ပေါ်မှပေါင်မုန့်များကို ခိုး၍တောင်မဟုတ်တော့ဘဲ ပေါ်တင်ကြီးကိုဆွဲဖြုတ်သွားခဲ့ပါတယ် ။

အဘိုးအိုက မျက်စိလျင်သွားခဲ့ပြီး အဖြစ်အပျက်ကိုတွေ့လိုက်ချိန်မှာတော့ ကောင်လေးထံမှပေါင်မုန့်ပြန်ပေးဖို့ ချော့ချော့မော့မော့ပြန်တောင်းဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကောင်လေးဟာပေါင်မုန့်များကို သူ့၏ခန္ဓာကိုယ်အနောက်ဖက်သို့ ကွယ်ထားခဲ့ပြီး အဘိုးအိုဟာလည်းအတင်းပြန်တောင်းသောကြောင့် မုန့်များကိုပြန်ပစ်ပေးလိုက်ပြီး အဘိုးအို၏ဝမ်းဗိုက်တည့်တည့်ကို အရှိန်ပြင်းပြင်းထိုးပစ်ခဲ့ပါတယ် ။

အဘိုးအိုမှာ နာကျင်သွားပုံရပေမဲ့လည်း ပြသာနာမဖြစ်ချင်၍သူ၏မုန့်များကို ပြန်ကောက်ယူခဲ့ပါတယ် ။ ထို့နောက် အဆိုပါကောင်လေးဟာ စောက်ကြွစောက်ကြွဖြင့်သူ့ကိုရပ်စောင့်နေသော သူငယ်ချင်း၏ဆိုင်ကယ်ပေါ်ကိုတက်ပြီး ထွက်ခွာသွားခဲ့ပါတယ် ။ ၎င်းအဖြစ်အပျက်ကိုမြင်တွေ့ခဲ့ကြတဲ့ အနီးအနားမှလူများဟာဝင်ရောက်ကူညီခြင်းမျိုးမရှိပဲ ရပ်ကြည့်နေခဲ့ကြပါတယ် ။အဆိုပါ video ကိုတော့ လုံခြုံရေးကင်မရာကနေရိုက်ယူခဲ့တာဖြစ်ပါတယ်

Jasmine (Mckzone Daily)

Be the first to comment on "ဆိုင်ကယ်နှင့်မုန့်လိုက်ရောင်းနေသည့် အဘိုးအိုထံမှ မုန့်လုယူခဲ့သည့်အပြင် ထိုးနှက်ခဲ့တဲ့ လူငယ် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*