သခင့္ရဲ႕မ်က္ႏွာမွာ ဒဏ္ရာရေအာင္လုပ္ၿပီး အၿပဳံးေလးနဲ႔ ျပန္ေခ်ာ့ခဲ့တဲ့ ေၾကာင္ေလး

ဒီတစ္ေခါက္ေဖာ္ျပမဲ့ ေၾကာင္ေလးကေတာ့ သခင့္အေပၚ အရမ္းဆိုးတယ္လို႔ေျပာရမွာပါပဲ ။ အေၾကာင္းကေတာ့ သခင္ျဖစ္သူနဲ႔ အတူေဆာ့ကစားေနတုန္း သခင့္ရဲ႕မ်က္ႏွာလွလွေလးေပၚကို ႀကီးမားတဲ့ ဒဏ္ရာဒဏ္ခ်က္ျဖစ္ေအာင္ ကုတ္ျခစ္ပစ္ခဲ့တာပါပဲ ။ သခင္ျဖစ္သူမွာလည္း အေရာင္းစာေရးတစ္ေယာက္ျဖစ္ေနလို႔ မ်က္ႏွာေပၚက ဒဏ္ရာေတြအမာ႐ြက္က်န္ခဲ့မွာကိုေၾကာက္ေနၿပီး အလုပ္သြားတိုင္း အခက္အခဲျဖစ္ေနခဲ့တာပါ ။ တစ္ခါတစ္ေလ သခင္ျဖစ္သူက အလုပ္ထြက္ရမလားဆိုတဲ့အထိ အေတြးဝင္ေနခဲ့တာပါပဲ ။ ဒါကိုေၾကာင္ေလးက သူအျပစ္လုပ္ထားမွန္းသိလို႔ သူ႔အေပၚစိတ္ဆိုးေဒါသထြက္ေနတဲ့ သခင္ကို အၿမဲအၿပဳံးေလးနဲ႔ လာလာေခ်ာ့ေလ့ရွိပါတယ္ ။ ကိုယ္သာ သခင္ျဖစ္ခဲ့ရင္လည္း ေၾကာင္ေလးကို စိတ္ဆိုးေဒါသထြက္ခဲ့မိမွာပါပဲေလ ။ ဒါေပမဲ့ သခင္ျဖစ္သူကေတာ့ ေၾကာင္ေလးကို စိတ္ဆိုးလို႔ ျပင္းျပင္းထန္ထန္အျပစ္ေပးခဲ့တာမ်ိဳး မရွိပါဘူး ။

1

2

3

4

Mia (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ဒီတစ်ခေါက်ဖော်ပြမဲ့ ကြောင်လေးကတော့ သခင့်အပေါ် အရမ်းဆိုးတယ်လို့ပြောရမှာပါပဲ ။ အကြောင်းကတော့ သခင်ဖြစ်သူနဲ့ အတူဆော့ကစားနေတုန်း သခင့်ရဲ့မျက်နှာလှလှလေးပေါ်ကို ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက်ဖြစ်အောင် ကုတ်ခြစ်ပစ်ခဲ့တာပါပဲ ။ သခင်ဖြစ်သူမှာလည်း အရောင်းစာရေးတစ်ယောက်ဖြစ်နေလို့ မျက်နှာပေါ်က ဒဏ်ရာတွေအမာရွက်ကျန်ခဲ့မှာကိုကြောက်နေပြီး အလုပ်သွားတိုင်း အခက်အခဲဖြစ်နေခဲ့တာပါ ။ တစ်ခါတစ်လေ သခင်ဖြစ်သူက အလုပ်ထွက်ရမလားဆိုတဲ့အထိ အတွေးဝင်နေခဲ့တာပါပဲ ။ ဒါကိုကြောင်လေးက သူအပြစ်လုပ်ထားမှန်းသိလို့ သူ့အပေါ်စိတ်ဆိုးဒေါသထွက်နေတဲ့ သခင်ကို အမြဲအပြုံးလေးနဲ့ လာလာချော့လေ့ရှိပါတယ် ။ ကိုယ်သာ သခင်ဖြစ်ခဲ့ရင်လည်း ကြောင်လေးကို စိတ်ဆိုးဒေါသထွက်ခဲ့မိမှာပါပဲလေ ။ ဒါပေမဲ့ သခင်ဖြစ်သူကတော့ ကြောင်လေးကို စိတ်ဆိုးလို့ ပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့တာမျိုး မရှိပါဘူး ။

Mia (Mckzone Daily)

  • Leave a Comment