ေသးငယ္လြန္းတဲ့ေစ့စပ္လက္စြပ္ေၾကာင့္ အၾကင္နာမဲ့စြာေလွာင္ေျပာင္ကဲ့ရဲ႕ခံခဲ့ရတဲ့ သတို႔သမီး

လူေတာ္ေတာ္မ်ားမ်ားအတြက္ ေစ့စပ္လက္စြပ္တစ္ကြင္းဟာ ထူးဆန္းတဲ့အယူအဆရွိေနတတ္ပါတယ္။သင့္ရဲ႕သက္ဆိုင္သူရွိေနၿပီဆိုတာကို လူတိုင္းသိေစဖို႔ သေကၤတအျဖစ္ လက္စြပ္ကို အဓိကေဖာ္ျပတတ္ၾကပါတယ္။ေစ့စပ္လက္စြပ္ဟာ လူအခ်ိဳ႕အတြက္ လက္ထပ္ထိမ္းျမားျခင္းရဲ႕အေရးႀကီးဆုံးအရာေတြထဲမွ တစ္ခုအပါအဝင္ပါ။အထူးသျဖင့္ စိန္အ႐ြယ္အစားႏွင့္ပတ္သက္ၿပီး စိတ္ပိုင္းဆိုင္ရာ အေရးပါမႈကို ေဖာ္ျပၾကသလို သာမန္ထက္သာတဲ့လက္စြပ္တစ္ကြင္းဟာ သူတို႔ရဲ႕ျမတ္ႏိုးတန္ဖိုးထားမႈကို ကိုယ္စားျပဳေနတတ္ပါတယ္။၎အေၾကာင္းအရာမ်ားႏွင့္အတူ သတို႔သမီးေလာင္းတစ္ဦးက သူမရဲ႕ေသးငယ္တဲ့ေစ့စပ္လက္စြပ္ပုံကို social media မွာမွ်ေဝခဲ့ၿပီးေနာက္မွာေတာ့ သူမဟာ အၾကင္နာမဲ့စြာ ကဲ့ရဲ႕ေလွာင္ေျပာင္ခံခဲ့ရပါတယ္။

အဆိုပါလက္စြပ္ဟာ ေဒၚလာ ၁၃၂ ကုန္က်ၿပီး ေ႐ႊ ၁၄ ကာရက္ ရစ္ပတ္ထားကာ မ်က္ႏွာပုံမွာ စိန္တစ္ပြင့္ပါရွိပါတယ္။သတို႔သမီးေလာင္းက သူမဝမ္းေျမာက္ေပ်ာ္႐ႊင္ရေၾကာင္းကို ” ကြၽန္မေကာင္ေလးနဲ႔ကြၽန္မက ဒီလက္စြပ္ေလးကို onlineမွာ မွာယူခဲ့တာ ကြၽန္မ ဒီအရာေလးကို အရမ္းသေဘာက်တယ္” လို႔ ဆိုရင္း မွ်ေဝခဲ့တာပါ။သို႔ေပမဲ့ သူမရဲ႕ post ကို လူရာေပါင္းမ်ားက ေလွာင္ေျပာင္ခဲ့ၿပီး သူမရဲ႕လက္စြပ္ကို အထင္မႀကီးမိေၾကာင္း မွတ္ခ်က္ေတြ နဲ႔ အမ်ိဳးသမီး အခ်င္းခ်င္းေထာက္ခံေပးရမဲ့အစား သူမရဲ႕လက္စြပ္ကို သတၱဳပါး၊ ေသာ့ကြင္းႏွင့္ စကၠဴကလစ္မ်ားျဖင့္ ႏႈိင္းယွဥ္ခဲ့ၾကပါတယ္။” ေသာ့ကြင္းမွာ ဘာလို႔စိန္ပြင့္ေသးေသးေလးကပါေနတာလဲ” ၊ “ဒါက ေသးငယ္လြန္းတယ္ မင္းဝတ္ထားတဲ့အခါစိတ္အေႏွာင့္အယွက္မျဖစ္ဘူးလား “။

” ကမာၻ႔အဆင့္မီ ႐ူပေဗဒပညာရွင္ နဲ႔ နကၡတၱေဗဒပညာရွင္ေတြကို ငါစု႐ုံးခဲ့ပါတယ္ ၊ ငါ မင္းရဲ႕လက္စြပ္ကို ျမင္ႏိုင္ဖို႔အတြက္ ကိရိယာတန္ဆာအသစ္ေတြ တီထြင္ေနတယ္” စတဲ့ အၾကင္နာတရားမဲ့တဲ့မွတ္ခ်က္မ်ားစြာ ေပးခဲ့ၾကပါတယ္။လူတိုင္းဟာ ကိုယ့္ကိုကိုယ္အား ၎ကဲ့သို႔ေသာ လူေနမႈစ႐ိုက္ပုံစံအတိုင္း ပုံမသြင္းထားသင့္ပါဘူး။သိုေပမဲ့လည္း အဆိုပါသတို႔သမီးကေတာ့ သူမရဲ႕လက္စြပ္ကိုအားရေက်နပ္ေနခဲ့ပါတယ္။တကယ္ေတာ့ ေစ့စပ္လက္စြပ္ကို သေကၤတတစ္ခုအျဖစ္ဘဲ သတ္မွတ္ထားရင္ေတာ့ စိန္ပြင့္ႀကီးမွ ၊ လက္စြပ္ကြင္းထူမွ ၊ ေ႐ႊျဖစ္မွ ၊ ေငြျဖစ္မွ စတဲ့ အယူအဆေတြက အေရးႀကီးမွာ မဟုတ္ပါဘူး။

Mia (Mckzone Daily)

Source : elitereaders

Unicode

လူတော်တော်များများအတွက် စေ့စပ်လက်စွပ်တစ်ကွင်းဟာ ထူးဆန်းတဲ့အယူအဆရှိနေတတ်ပါတယ်။သင့်ရဲ့သက်ဆိုင်သူရှိနေပြီဆိုတာကို လူတိုင်းသိစေဖို့ သင်္ကေတအဖြစ် လက်စွပ်ကို အဓိကဖော်ပြတတ်ကြပါတယ်။စေ့စပ်လက်စွပ်ဟာ လူအချို့အတွက် လက်ထပ်ထိမ်းမြားခြင်းရဲ့အရေးကြီးဆုံးအရာတွေထဲမှ တစ်ခုအပါအဝင်ပါ။အထူးသဖြင့် စိန်အရွယ်အစားနှင့်ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ အရေးပါမှုကို ဖော်ပြကြသလို သာမန်ထက်သာတဲ့လက်စွပ်တစ်ကွင်းဟာ သူတို့ရဲ့မြတ်နိုးတန်ဖိုးထားမှုကို ကိုယ်စားပြုနေတတ်ပါတယ်။၎င်းအကြောင်းအရာများနှင့်အတူ သတို့သမီးလောင်းတစ်ဦးက သူမရဲ့သေးငယ်တဲ့စေ့စပ်လက်စွပ်ပုံကို social media မှာမျှဝေခဲ့ပြီးနောက်မှာတော့ သူမဟာ အကြင်နာမဲ့စွာ ကဲ့ရဲ့လှောင်ပြောင်ခံခဲ့ရပါတယ်။

အဆိုပါလက်စွပ်ဟာ ဒေါ်လာ ၁၃၂ ကုန်ကျပြီး ရွှေ ၁၄ ကာရက် ရစ်ပတ်ထားကာ မျက်နှာပုံမှာ စိန်တစ်ပွင့်ပါရှိပါတယ်။သတို့သမီးလောင်းက သူမဝမ်းမြောက်ပျော်ရွှင်ရကြောင်းကို ” ကျွန်မကောင်လေးနဲ့ကျွန်မက ဒီလက်စွပ်လေးကို onlineမှာ မှာယူခဲ့တာ ကျွန်မ ဒီအရာလေးကို အရမ်းသဘောကျတယ်” လို့ ဆိုရင်း မျှဝေခဲ့တာပါ။သို့ပေမဲ့ သူမရဲ့ post ကို လူရာပေါင်းများက လှောင်ပြောင်ခဲ့ပြီး သူမရဲ့လက်စွပ်ကို အထင်မကြီးမိကြောင်း မှတ်ချက်တွေ နဲ့ အမျိုးသမီး အချင်းချင်းထောက်ခံပေးရမဲ့အစား သူမရဲ့လက်စွပ်ကို သတ္တုပါး၊ သော့ကွင်းနှင့် စက္ကူကလစ်များဖြင့် နှိုင်းယှဉ်ခဲ့ကြပါတယ်။” သော့ကွင်းမှာ ဘာလို့စိန်ပွင့်သေးသေးလေးကပါနေတာလဲ” ၊ “ဒါက သေးငယ်လွန်းတယ် မင်းဝတ်ထားတဲ့အခါစိတ်အနှောင့်အယှက်မဖြစ်ဘူးလား “။

” ကမ္ဘာ့အဆင့်မီ ရူပဗေဒပညာရှင် နဲ့ နက္ခတ္တဗေဒပညာရှင်တွေကို ငါစုရုံးခဲ့ပါတယ် ၊ ငါ မင်းရဲ့လက်စွပ်ကို မြင်နိုင်ဖို့အတွက် ကိရိယာတန်ဆာအသစ်တွေ တီထွင်နေတယ်” စတဲ့ အကြင်နာတရားမဲ့တဲ့မှတ်ချက်များစွာ ပေးခဲ့ကြပါတယ်။လူတိုင်းဟာ ကိုယ့်ကိုကိုယ်အား ၎င်းကဲ့သို့သော လူနေမှုစရိုက်ပုံစံအတိုင်း ပုံမသွင်းထားသင့်ပါဘူး။သိုပေမဲ့လည်း အဆိုပါသတို့သမီးကတော့ သူမရဲ့လက်စွပ်ကိုအားရကျေနပ်နေခဲ့ပါတယ်။တကယ်တော့ စေ့စပ်လက်စွပ်ကို သင်္ကေတတစ်ခုအဖြစ်ဘဲ သတ်မှတ်ထားရင်တော့ စိန်ပွင့်ကြီးမှ ၊ လက်စွပ်ကွင်းထူမှ ၊ ရွှေဖြစ်မှ ၊ ငွေဖြစ်မှ စတဲ့ အယူအဆတွေက အရေးကြီးမှာ မဟုတ်ပါဘူး။

Mia (Mckzone Daily)

Be the first to comment on "ေသးငယ္လြန္းတဲ့ေစ့စပ္လက္စြပ္ေၾကာင့္ အၾကင္နာမဲ့စြာေလွာင္ေျပာင္ကဲ့ရဲ႕ခံခဲ့ရတဲ့ သတို႔သမီး"

Leave a comment

Your email address will not be published.


*