ဒူးရင်းသီးထဲမူးယစ်ဆေးဝါးများခိုးထည့်ပြီးမှောင်ခိုဖို့ကြိုးစားခဲ့တဲ့ ဥာဏ်ကြီးရှင်အမျိုးသမီး


ဖြစ်စဉ်ကတော့ အဆိုပါအသက် 34 နှစ်အရွယ်အမျိုးသမီးဟာ မူးယစ်ဆေးဝါးတွေထည့်သွင်းထားတဲ့ ဒူးရင်သီးသေတ္တာပေါင်း 20ကို ဟောင်ကောင်သို့တင်ပို့ရန်ကြိုစားနေတုန်း ရဲအရာရှိများကသတင်းရရှိရဲ့ အဆိုပါဒူရင်းသီးများကို သယ်ဆောင်ပေးသည့် ပင်လယ်ကူးသဘောင်္ကိုစစ်ဆေးခဲ့ကြပါတယ် ။

 


Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မူးယစ်မှောင်ခိုသမားတွေဟာ သူတို့ရဲ့ပစ္စည်းတွေကိုသယ်ယူနိုင်ဖို့ လူတကာမစဉ်းစားမိတတ်တဲ့နည်းလမ်းတွေသုံးပြီး သယ်ယူလေ့ရှိပါတယ် ။ သို့ပေမဲ့လည်း ရဲအရှိတွေကလည်း မှောင်ခိုသမားတွေရဲ့လုပ်ရပ်များကို အမြဲကြိုတင်သိပြီး ၊ကြိုတင်ရိပ်မိလေ့ရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံကအမျိုးသမီးတစ်ယောက်ဟာ မလေးရှားလူမျိုးတွေကြိုက်နှက်သက်လွန်းလှတဲ့ ဒူးရင်းသီးနဲ့အခြားသူတွေ မရိပ်မိအောင်မူးယစ်ဆေးဝါးကိုခိုးထည့်ပြီး မှောင်ခိုတင်သွင်းဖို့ကြိုးစားခဲ့ပါတယ် ။

ဖြစ်စဉ်ကတော့ အဆိုပါအသက် 34 နှစ်အရွယ်အမျိုးသမီးဟာ မူးယစ်ဆေးဝါးတွေထည့်သွင်းထားတဲ့ ဒူးရင်သီးသေတ္တာပေါင်း 20ကို ဟောင်ကောင်သို့တင်ပို့ရန်ကြိုစားနေတုန်း ရဲအရာရှိများကသတင်းရရှိရဲ့ အဆိုပါဒူရင်းသီးများကို သယ်ဆောင်ပေးသည့် ပင်လယ်ကူးသဘောၤကိုစစ်ဆေးခဲ့ကြပါတယ် ။

ထို့နောက် သေတ္တာ4ခုတွင်းရှိ အအေးခံထားသောဒူးရင်းသီးအထဲမှ ပလပ်စတစ်ဖြင့်ထုတ်ပိုးထားခဲ့တဲ့ ဘိန်းဖြူ များကိုတွေ့ရှိခဲ့ပါတယ် ။ အဆိုပါဘိန်းဖြူ များဟာ စုစုပေါင်း 6.13 kg ရှိကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် အဆိုပါအမျိုးသမီးကိုစစ်ဆေးမှုများပြုလုပ်ရန်အတွက် 5ရက်ခန့်ထိန်းသိမ်းထားပြီး ဆက်ပြီးအမှုကိုကြိုးစားဖော်ထုတ်နေလျက်ရှိကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ဒူးရင်းသီးထဲမူးယစ်ဆေးဝါးများခိုးထည့်ပြီးမှောင်ခိုဖို့ကြိုးစားခဲ့တဲ့ ဥာဏ်ကြီးရှင်အမျိုးသမီး"

Leave a comment

Your email address will not be published.


*