လက္ပြါးမ်ားက ဂိမ္းေဆာ့ရင္အႏိုင္ရေအာင္ကူညီေပးလို႔ ဂူဏ္ယူေနခဲ့တဲ့ အသက္ ၁၂ ႏွစ္အ႐ြယ္ေကာင္ေလး

အိႏၵိယႏိုင္ငံရွိ အသက္ ၁၂ႏွစ္အ႐ြယ္ Faizan Ahmad Najar အမည္ရွိတဲ့ေကာင္ေလးတစ္ဦးဟာ သာမန္နဲ႔မတူဘဲ လက္ႏွစ္စလုံးမွာ လက္မအပိုေတြ ေမြးရာပါလာခဲ့ေပမဲ့ အဆိုပါလက္ပြါးက သစ္ပင္တက္တဲ့အခါ ၊ ေဘာလုံးဖမ္းတဲ့အခါ ႏွင့္ ဂိမ္းေဆာ့တဲ့အခါ သူငယ္ခ်င္းေတြထပ္ေကာင္းေအာင္ ကူညီေပးတယ္လို႔ ဆိုခဲ့ပါတယ္။အဆိုပါလက္ပြါးတဲ့ေရာဂါဟာ လူ ၁၅,၀၀၀ မွာ တစ္ေယာက္သာျဖစ္တတ္ၿပီး အဆိုပါလက္ပြါးေတြဟာ Faizan ရဲ႕ တစ္ေန႔တာလုပ္ေဆာင္ခ်က္ေတြကို အဟန္႔အတားမျဖစ္ေစခဲ့ပါဘူး။သူက ၎ေတြပါရွိလာတာကိုဘဲ ဂုဏ္ယူေနခဲ့ပါေသးတယ္။Faizanက လက္ပြါးေတြဟာ သူငယ္ခ်င္းေတြထပ္ အားကစားေတြမွာ ပိုစြမ္းေဆာင္ရည္ရွိသလို လက္ေခ်ာင္း ၁၂ေခ်ာင္းရွိရျခင္းက ဂိမ္းခလုတ္ကို ေကာင္းေကာင္းထိန္းႏိုင္လို႔ ဂိမ္းကစားရာမွာ အေတာ္ေလးအသုံးဝင္ၿပီး သစ္ပင္ေပၚတက္ရင္လည္း အလ်င္အျမန္တက္ႏိုင္ေၾကာင္းဆိုထားပါတယ္။

သူငယ္ခ်င္းေတြအၾကား သူဟာ လူႀကိဳက္မ်ားၿပီး ေဘာလီးဝုဒ္စူပါဟီး႐ိုး႐ုပ္ရွင္ရဲ႕ၾကယ္ပြင့္ျဖစ္တဲ့ “Krrish” အျဖစ္ လူသိမ်ားေနပါတယ္။အခုလို လက္ပြါးနဲ႔ေနရေတာ့ ဘယ္လို ခံစားရလည္းလို႔ေမးေတာ့ “ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္ အရမ္းဂုဏ္ယူတယ္ ၊ အရွက္ရစရာအေၾကာင္းမရွိပါဘူး ၊ ဒါ ဘုရားေပးတဲ့ဆုဘဲ ၊ တစ္ခါတစ္ေလ ဘာလို႔ ကြၽန္ေတာ္ျဖစ္ရတာလဲလို႔ ျပန္ျပန္ေမးမိတယ္ ၊ ဒါေပမဲ့ ေက်ာင္းမွာ ကြၽန္ေတာ့္ကို အားေပးတဲ့သူငယ္ခ်င္းေကာင္းေတြအမ်ားႀကီးရွိတယ္ ” လို႔ Faizan က ေျဖခဲ့ပါတယ္။

Faizan က ႀကီးလာရင္ ဆရာဝန္ျဖစ္ခ်င္ၿပီး သူ႔လို ခ်ိဳ႕ယြင္းခ်က္နဲ႔ ေမြးလာတဲ့လူတိုင္းကို အႏိုင့္က်င့္မခံရဖို႔ ကုသေပးခ်င္တယ္လို႔ ဆိုခဲ့ၿပီး ” ကံေကာင္းခ်င္ေတာ့ ကြၽန္ေတာ္ ေက်း႐ြာမွာေနေတာ့ အႏိုင့္က်င့္ခံရတဲ့ကိစၥေတြကို မရင္ဆိုင္ခဲ့ရဘူး”လို႔ ထပ္မံေျဖၾကားခဲ့ပါတယ္။Faizanရဲ႕မိသားစုက သားျဖစ္သူရဲ႕စိတ္ဓာတ္နဲ႔ အခုအေျခအေနကို သူဘယ္လိုေကာင္းမြန္စြာ ကိုင္တြယ္ခဲ့တာကို ဂုဏ္ယူေနခဲ့ပါတယ္။Faizanရဲ႕ စိတ္ဓာတ္ေလးက ခ်ိဳ႕ယြင္းခ်က္ေတြနဲ႔ ေမြးဖြားလာသူတိုင္းကို လႈံေဆာ္မႈေတြေပးေနသလို ဘဝကို အက်ိဳးရွိရွိ အသုံးခ်တတ္ဖို႔ ေဖာ္ျပေပးေနခဲ့တာေၾကာင့္ သူေလးကို ေလးစားခ်ီးက်ဴးေနမိပါတယ္။

1

Mia (Mckzone Daily)

Source : siakapkeli

Unicode

အိန္ဒိယနိုင်ငံရှိ အသက် ၁၂နှစ်အရွယ် Faizan Ahmad Najar အမည်ရှိတဲ့ကောင်လေးတစ်ဦးဟာ သာမန်နဲ့မတူဘဲ လက်နှစ်စလုံးမှာ လက်မအပိုတွေ မွေးရာပါလာခဲ့ပေမဲ့ အဆိုပါလက်ပွါးက သစ်ပင်တက်တဲ့အခါ ၊ ဘောလုံးဖမ်းတဲ့အခါ နှင့် ဂိမ်းဆော့တဲ့အခါ သူငယ်ချင်းတွေထပ်ကောင်းအောင် ကူညီပေးတယ်လို့ ဆိုခဲ့ပါတယ်။အဆိုပါလက်ပွါးတဲ့ရောဂါဟာ လူ ၁၅,၀၀၀ မှာ တစ်ယောက်သာဖြစ်တတ်ပြီး အဆိုပါလက်ပွါးတွေဟာ Faizan ရဲ့ တစ်နေ့တာလုပ်ဆောင်ချက်တွေကို အဟန့်အတားမဖြစ်စေခဲ့ပါဘူး။သူက ၎င်းတွေပါရှိလာတာကိုဘဲ ဂုဏ်ယူနေခဲ့ပါသေးတယ်။Faizanက လက်ပွါးတွေဟာ သူငယ်ချင်းတွေထပ် အားကစားတွေမှာ ပိုစွမ်းဆောင်ရည်ရှိသလို လက်ချောင်း ၁၂ချောင်းရှိရခြင်းက ဂိမ်းခလုတ်ကို ကောင်းကောင်းထိန်းနိုင်လို့ ဂိမ်းကစားရာမှာ အတော်လေးအသုံးဝင်ပြီး သစ်ပင်ပေါ်တက်ရင်လည်း အလျင်အမြန်တက်နိုင်ကြောင်းဆိုထားပါတယ်။

သူငယ်ချင်းတွေအကြား သူဟာ လူကြိုက်များပြီး ဘောလီးဝုဒ်စူပါဟီးရိုးရုပ်ရှင်ရဲ့ကြယ်ပွင့်ဖြစ်တဲ့ “Krrish” အဖြစ် လူသိများနေပါတယ်။အခုလို လက်ပွါးနဲ့နေရတော့ ဘယ်လို ခံစားရလည်းလို့မေးတော့ “ကျွန်တော် ကိုယ့်ကိုကိုယ် အရမ်းဂုဏ်ယူတယ် ၊ အရှက်ရစရာအကြောင်းမရှိပါဘူး ၊ ဒါ ဘုရားပေးတဲ့ဆုဘဲ ၊ တစ်ခါတစ်လေ ဘာလို့ ကျွန်တော်ဖြစ်ရတာလဲလို့ ပြန်ပြန်မေးမိတယ် ၊ ဒါပေမဲ့ ကျောင်းမှာ ကျွန်တော့်ကို အားပေးတဲ့သူငယ်ချင်းကောင်းတွေအများကြီးရှိတယ် ” လို့ Faizan က ဖြေခဲ့ပါတယ်။

Faizan က ကြီးလာရင် ဆရာဝန်ဖြစ်ချင်ပြီး သူ့လို ချို့ယွင်းချက်နဲ့ မွေးလာတဲ့လူတိုင်းကို အနိုင့်ကျင့်မခံရဖို့ ကုသပေးချင်တယ်လို့ ဆိုခဲ့ပြီး ” ကံကောင်းချင်တော့ ကျွန်တော် ကျေးရွာမှာနေတော့ အနိုင့်ကျင့်ခံရတဲ့ကိစ္စတွေကို မရင်ဆိုင်ခဲ့ရဘူး”လို့ ထပ်မံဖြေကြားခဲ့ပါတယ်။Faizanရဲ့မိသားစုက သားဖြစ်သူရဲ့စိတ်ဓာတ်နဲ့ အခုအခြေအနေကို သူဘယ်လိုကောင်းမွန်စွာ ကိုင်တွယ်ခဲ့တာကို ဂုဏ်ယူနေခဲ့ပါတယ်။Faizanရဲ့ စိတ်ဓာတ်လေးက ချို့ယွင်းချက်တွေနဲ့ မွေးဖွားလာသူတိုင်းကို လှုံဆော်မှုတွေပေးနေသလို ဘဝကို အကျိုးရှိရှိ အသုံးချတတ်ဖို့ ဖော်ပြပေးနေခဲ့တာကြောင့် သူလေးကို လေးစားချီးကျူးနေမိပါတယ်။

Mia (Mckzone Daily)

  • Leave a Comment