သားျဖစ္သူရဲ႕ေမြးရာပါအမွတ္နဲ႔ တူညီတဲ့တက္တူးရဖို႔ နာရီ ၃၀ အခ်ိန္ယူထိုးခဲ့ရတဲ့ ဖခင္တစ္ဦး

ကေနဒါႏိုင္ငံ Alberta ျပည္နယ္ Stony Plain ၿမိဳ႕မွ Derek Prue Sr အမည္ရွိတဲ့ဖခင္တစ္ဦးဟာ Derek Jr အမည္ရွိ ၈ႏွစ္အ႐ြယ္သားျဖစ္သူက ေရကူးကန္ထဲမွာ သူ႔ရဲ႕တီရွပ္ကိုခြၽတ္ဖို႔ ျငင္းဆန္ေနတာကို သတိျပဳမိၿပီးေနာက္ သားျဖစ္သူရဲ႕ေမြးရာပါအမွတ္ႏွင့္ကိုက္ညီတဲ့ တက္တူးထိုးၿပီး သားျဖစ္သူကို ပံ့ပိုးေပးခဲ့ပါတယ္။Derek Jr က ရင္ဘတ္ေပၚရွိေမြးရာပါအမွတ္အသားကို အၿမဲဂုဏ္ယူေနခဲ့ေပမဲ့ သူ ၎ကိုစတင္ဖုံးကြယ္ခ်င္လာတာကို အေဖျဖစ္သူ Prue Sr က ရိပ္မိသြားခဲ့ၿပီးေနာက္မွာေတာ့ Juicy Quill Tattoo ဆိုင္ကိုတိတ္တခိုးသြားခဲ့ၿပီး တက္တူးထိုးခဲ့ပါတယ္။Prue Sr က “ပထမထိုင္ခုံမွာ ေလးနာရီၾကာတယ္၊ၿပီးေတာ့ ဘာေတြျဖစ္ေနလဲဆိုတာကို ငါမၾကည့္ေတာ့ဘူး ၊ ေလးနာရီၾကာေတာ့ ၿပီးၿပီလို႔ ငါထင္ခဲ့တယ္ ၊ ၿပီးၿပီလား လို႔ ေမးေတာ့ သူက”အၾကမ္းဖ်င္းေတာ့ၿပီးခါနီးၿပီ”လို႔ဘဲ ေျဖခဲ့ၿပီး တက္တူးတစ္ခုလုံးၿပီးဖို႔ နာရီ ၃၀ ၾကာသြားခဲ့တယ္” လို႔ ဆိုထားပါတယ္။

ခႏၶာကိုယ္ရွိနံ႐ိုးမ်ား ႏွင့္ ႏို႔သီးဧရိယာမ်ားရဲ႕ အာ႐ုံေၾကာအစင္းေတြက အရမ္းထိခိုက္လြယ္ၿပီး တက္တူးရဲ႕အ႐ြယ္အစားႀကီးမားမႈေၾကာင့္ နာက်င္မႈကိုသက္သာေစဖို႔ အႀကိမ္ႀကိမ္ အေအးခံခဲ့ရေၾကာင္း တက္တူးဆရာက ဆိုခဲ့ပါတယ္။Derek Jr က သူ႔အေဖဘာလုပ္ခဲ့မွန္းမသိဘဲ သားအဖအတူတူ ေရကူးကန္သို႔သြားၾကၿပီး Prue Sr က အက်ႌခြၽတ္ကာ သားျဖစ္သူအား တူညီတဲ့အမွတ္အသားႀကီးတစ္ခုကို ျပသခဲ့ပါတယ္။ထို႔ေနာက္ Derek Jr က “ဒါအရမ္းမိုက္တယ္”လို႔ေျပာရင္း သူ႔အေဖေမွ်ာ္လင့္ထားတဲ့အတိုင္း အၤက်ီခြၽတ္လိုက္ၿပီး ေရကစားခဲ့ပါေတာ့တယ္။ထို႔ေနာက္ သူတို႔သားအဖဟာ Tattoo ဆိုင္သို႔သြားခဲ့ၿပီး တက္တူးဆရာကို ႏႈိင္းယွဥ္ျပခဲ့တာေၾကာင့္ “သူက သူ႔သားကို ယုံၾကည္မႈရွိေအာင္ ကူညီေပးခဲ့တာ ၊ ငါတို႔က သူတို႔ဇာတ္လမ္းေလးရဲ႕အစိတ္အပိုင္းတစ္ခုျဖစ္ႏိုင္ခဲ့တယ္” လို႔ တက္တူးစတူဒီယိုက social media မွာ ေရးတင္ေပးခဲ့လို႔ ၾကည္ႏူးစရာေကာင္းတဲ့သူတို႔သားအဖဇာတ္လမ္းေလးက အခုလို လူသိမ်ားသြားခဲ့တာပါ။

Derek Jr ရဲ႕မိခင္ Hope Marie က အဆိုပါတက္တူးစတူဒီယိုအား “မင္းတို႔က ငါတို႔ဘ၀ရဲ႕ထာဝရအစိတ္အပိုင္းတစ္ခုအျဖစ္ ရွိေနမွာပါ ၊ မင္းတို႔ Derek Jr ကိုေပးခဲ့တဲ့ ပန္းခ်ီကားကေတာ့ သူ႔အိမ္ထဲကို ေရာက္ေနခဲ့ၿပီ ၊ မင္းတို႔လည္း မိသားစုနဲ႔အတူ ခရစၥမတ္ပြဲကိုေပ်ာ္႐ႊင္စြာက်င္းပႏိုင္ပါေစ ၊ ၿပီးေတာ့ ေျပာမျပတတ္ေအာင္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္” လို႔ မွတ္ခ်က္ဝင္ေပးခဲ့ပါေသးတယ္။မိဘေတြရဲ႕ ခ်စ္ျခင္းေမတၳာဟာ ဘယ္အရာနဲ႔မွ အစားမထိုးႏိုင္တာကို သူတို႔သားအဖရဲ႕ဇာတ္လမ္းေလးကို ၾကည့္ရင္း နားလည္ႏိုင္ပါတယ္။

Mia (Mckzone Daily)

Source : dailymail

Unicode

ကနေဒါနိုင်ငံ Alberta ပြည်နယ် Stony Plain မြို့မှ Derek Prue Sr အမည်ရှိတဲ့ဖခင်တစ်ဦးဟာ Derek Jr အမည်ရှိ ၈နှစ်အရွယ်သားဖြစ်သူက ရေကူးကန်ထဲမှာ သူ့ရဲ့တီရှပ်ကိုချွတ်ဖို့ ငြင်းဆန်နေတာကို သတိပြုမိပြီးနောက် သားဖြစ်သူရဲ့မွေးရာပါအမှတ်နှင့်ကိုက်ညီတဲ့ တက်တူးထိုးပြီး သားဖြစ်သူကို ပံ့ပိုးပေးခဲ့ပါတယ်။Derek Jr က ရင်ဘတ်ပေါ်ရှိမွေးရာပါအမှတ်အသားကို အမြဲဂုဏ်ယူနေခဲ့ပေမဲ့ သူ ၎င်းကိုစတင်ဖုံးကွယ်ချင်လာတာကို အဖေဖြစ်သူ Prue Sr က ရိပ်မိသွားခဲ့ပြီးနောက်မှာတော့ Juicy Quill Tattoo ဆိုင်ကိုတိတ်တခိုးသွားခဲ့ပြီး တက်တူးထိုးခဲ့ပါတယ်။Prue Sr က “ပထမထိုင်ခုံမှာ လေးနာရီကြာတယ်၊ပြီးတော့ ဘာတွေဖြစ်နေလဲဆိုတာကို ငါမကြည့်တော့ဘူး ၊ လေးနာရီကြာတော့ ပြီးပြီလို့ ငါထင်ခဲ့တယ် ၊ ပြီးပြီလား လို့ မေးတော့ သူက”အကြမ်းဖျင်းတော့ပြီးခါနီးပြီ”လို့ဘဲ ဖြေခဲ့ပြီး တက်တူးတစ်ခုလုံးပြီးဖို့ နာရီ ၃၀ ကြာသွားခဲ့တယ်” လို့ ဆိုထားပါတယ်။

ခန္ဓာကိုယ်ရှိနံရိုးများ နှင့် နို့သီးဧရိယာများရဲ့ အာရုံကြောအစင်းတွေက အရမ်းထိခိုက်လွယ်ပြီး တက်တူးရဲ့အရွယ်အစားကြီးမားမှုကြောင့် နာကျင်မှုကိုသက်သာစေဖို့ အကြိမ်ကြိမ် အအေးခံခဲ့ရကြောင်း တက်တူးဆရာက ဆိုခဲ့ပါတယ်။Derek Jr က သူ့အဖေဘာလုပ်ခဲ့မှန်းမသိဘဲ သားအဖအတူတူ ရေကူးကန်သို့သွားကြပြီး Prue Sr က အင်္ကျီချွတ်ကာ သားဖြစ်သူအား တူညီတဲ့အမှတ်အသားကြီးတစ်ခုကို ပြသခဲ့ပါတယ်။ထို့နောက် Derek Jr က “ဒါအရမ်းမိုက်တယ်”လို့ပြောရင်း သူ့အဖေမျှော်လင့်ထားတဲ့အတိုင်း င်္အကျီချွတ်လိုက်ပြီး ရေကစားခဲ့ပါတော့တယ်။ထို့နောက် သူတို့သားအဖဟာ Tattoo ဆိုင်သို့သွားခဲ့ပြီး တက်တူးဆရာကို နှိုင်းယှဉ်ပြခဲ့တာကြောင့် “သူက သူ့သားကို ယုံကြည်မှုရှိအောင် ကူညီပေးခဲ့တာ ၊ ငါတို့က သူတို့ဇာတ်လမ်းလေးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နိုင်ခဲ့တယ်” လို့ တက်တူးစတူဒီယိုက social media မှာ ရေးတင်ပေးခဲ့လို့ ကြည်နူးစရာကောင်းတဲ့သူတို့သားအဖဇာတ်လမ်းလေးက အခုလို လူသိများသွားခဲ့တာပါ။

Derek Jr ရဲ့မိခင် Hope Marie က အဆိုပါတက်တူးစတူဒီယိုအား “မင်းတို့က ငါတို့ဘ၀ရဲ့ထာဝရအစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေမှာပါ ၊ မင်းတို့ Derek Jr ကိုပေးခဲ့တဲ့ ပန်းချီကားကတော့ သူ့အိမ်ထဲကို ရောက်နေခဲ့ပြီ ၊ မင်းတို့လည်း မိသားစုနဲ့အတူ ခရစ္စမတ်ပွဲကိုပျော်ရွှင်စွာကျင်းပနိုင်ပါစေ ၊ ပြီးတော့ ပြောမပြတတ်အောင် ကျေးဇူးအများကြီး တင်ပါတယ်” လို့ မှတ်ချက်ဝင်ပေးခဲ့ပါသေးတယ်။မိဘတွေရဲ့ ချစ်ခြင်းမေတ္ထာဟာ ဘယ်အရာနဲ့မှ အစားမထိုးနိုင်တာကို သူတို့သားအဖရဲ့ဇာတ်လမ်းလေးကို ကြည့်ရင်း နားလည်နိုင်ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment