အႏွစ္ ၆၀ျပည့္ မဂၤလာႏွစ္ပတ္လည္ေန႔ကို မဂၤလာဝတ္စုံဝတ္ရင္း ေပ်ာ္႐ႊင္စြာ က်င္းပခဲ့ၾကတဲ့ ဇနီးေမာင္ႏွံ

Lucille Stone အမည္ရွိတဲ့အမ်ိဳးသမီးဟာ သူမလက္ျဖင့္ခ်ဳပ္ထားတဲ့မဂၤလာေဆာင္ဝတ္စုံကို ေနာက္ဆုံးဝတ္ဆင္ခဲ့တာက အသက္ ၂၂ ႏွစ္အ႐ြယ္မွာျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စု Nebraska ျပည္နယ္ Sterlingၿမိဳ႕ရွိ Lutheran ဘုရားရွိခိုးေက်ာင္းမွာ အသက္ ၂၉ ႏွစ္အ႐ြယ္ Marvin အမည္ရွိတဲ့သူမခင္ပြန္း ႏွင့္ ကတိသစၥာျပဳခဲ့ပါတယ္။Lucille Stone အေနနဲ႔ မဂၤလာေဆာင္ဝတ္စုံခ်ဳပ္ရာမွာ အခ်ိန္ယူရဆုံးအရာက သူမလက္မ်ားႏွင့္ ေနာက္ေက်ာရွိ ၾကယ္သီး ၅၂ ခုကို ကိုယ္တိုင္ျပဳလုပ္ျခင္းပါဘဲ။ဆယ္စုႏွစ္ ၆ခုၾကာခဲ့ၿပီးေနာက္ ယခုအသက္ ၈၂ ႏွစ္ရွိၿပီျဖစ္တဲ့ Lucille ဟာ ၎မဂၤလာဝတ္စုံကို၀တ္ဆင္ကာ သူမႏွင့္ Marvin တို႔ရဲ႕ အႏွစ္ ၆၀ ျပည့္ မဂၤလာႏွစ္ပတ္လည္ေန႔ကို ဆင္ႏႊဲရန္ တစ္ဖန္ ရွက္ေသြးျဖာေနတဲ့သတို႔သမီး ျဖစ္လာခဲ့ပါတယ္။

Katie Autry အမည္ရွိဓာတ္ပုံဆရာက ခ်စ္စရာေကာင္းတဲ့စုံတြဲကို သူတို႔ရဲ႕မဂၤလာဝတ္စုံအျပည့္ႏွင့္ အံ့ဩဖြယ္ေကာင္းတဲ့ဓာတ္ပုံကို ႐ိုက္ယူေပးခဲ့ၿပီး “သူတို႔ႏွစ္ဦးက အခ်ိန္ကာလရဲ႕စမ္းသပ္မႈကို ခံႏိုင္တဲ့ စစ္မွန္တဲ့ခ်စ္ျခင္းေမတၱာေတြရွိၾကတယ္ ၊ သူတို႔အတြက္ ဒီလိုအမွတ္တရေတြကို ဖန္တီးေပးခြင့္ရတဲ့အတြက္ ဂုဏ္ယူမိပါတယ္” လို႔ဆိုရင္း social media မွာ မွ်ေဝေပးခဲ့ပါတယ္။Lucilleက အခုလိုဓာတ္ပုံေတြ႐ိုက္ဖို႔ အရင္တုန္းက ကိုယ္ဝန္လြယ္ထားရင္း ေဆာင္ခဲ့ရတဲ့မဂၤလာပြဲလို႔ျပန္ေတြးရင္း ႐ိုက္ကူးခဲ့သလို Marvin ကလည္း Tuxedo ဝတ္စုံရွိေနေသးတဲ့အတြက္ေၾကာင့္ မဂၤလာဝတ္စုံကို ဒုတိယအႀကိမ္ ဝတ္ခဲ့ၾကၿပီး Marvin က စိတ္ကူးေကာင္းတဲ့ ႐ုပ္ပုံတစ္ခုရဖို႔ ႀကိဳးစားပမ္းစားေလ့က်င့္ေနခဲ့ေၾကာင္း ဆိုထားပါတယ္။တစ္ကယ္ေတာ့ သူတို႔စုံတြဲဟာ စီးပြားေရးလုပ္ငန္းရွင္ေတြျဖစ္ၾကၿပီး ဘဝမွာတူညီတဲ့ပန္းတိုင္ေတြရွိေနခဲ့ၾကသူေတြပါ။

Lucille က သူမတို႔ရဲ႕အိမ္ေထာင္သက္တမ္းတစ္ေလွ်ာက္မွာ ခင္ပြန္းMarvinကို သူလုပ္ခ်င္တာလုပ္ခြင့္ေပးခဲ့ေပမဲ့ အိမ္ေထာင္ေရးကိုေတာ့ ၿပီးျပည့္စုံေအာင္ ထားသလို ဖ်က္ဆီးခြင့္လည္းမေပးခဲ့ပါဘူး။ခင္ပြန္း Marvin ကလည္း “ငါတို႔မွာျငင္းခုံမႈေတြ ရွိခဲ့ဖူးတယ္ ၊ ငါတို႔မွာ သေဘာထားကြဲလြဲမႈေတြ အမ်ားႀကီး ရွိခဲ့ဖူးတယ္ ၊ ဒါေပမယ့္ ငါတို႔ဟာတူညီတဲ့လမ္းေၾကာင္းေပၚေရာက္ေနခဲ့တာေၾကာင့္ျပန္လည္သင့္ျမတ္သြားခဲ့ၾကတယ္”လို႔ ဆိုထားပါေသးတယ္။ဓာတ္ပုံဆရာက အခုဓာတ္ပုံေတြကို မွ်ေဝၿပီးေနာက္ လူအမ်ားက သူတို႔ႏွစ္ဦးရဲ႕တည္ၿမဲတဲ့အိမ္ေထာင္ေရးကို အားက်ေနခဲ့ၾကၿပီး သူတို႔ရဲ႕ အႏွစ္ ၆၀ျပည့္ မဂၤလာႏွစ္ပတ္လည္ေန႔ကို ေကာင္းေကာင္းမြန္မြန္ က်င္းပႏိုင္ဖို႔ ဆုေတာင္းေပးခဲ့ၾကပါေသးတယ္။

1

2

3

4

5

6

Mia (Mckzone Daily)

Source : diply

Unicode

Lucille Stone အမည်ရှိတဲ့အမျိုးသမီးဟာ သူမလက်ဖြင့်ချုပ်ထားတဲ့မင်္ဂလာဆောင်ဝတ်စုံကို နောက်ဆုံးဝတ်ဆင်ခဲ့တာက အသက် ၂၂ နှစ်အရွယ်မှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု Nebraska ပြည်နယ် Sterlingမြို့ရှိ Lutheran ဘုရားရှိခိုးကျောင်းမှာ အသက် ၂၉ နှစ်အရွယ် Marvin အမည်ရှိတဲ့သူမခင်ပွန်း နှင့် ကတိသစ္စာပြုခဲ့ပါတယ်။Lucille Stone အနေနဲ့ မင်္ဂလာဆောင်ဝတ်စုံချုပ်ရာမှာ အချိန်ယူရဆုံးအရာက သူမလက်များနှင့် နောက်ကျောရှိ ကြယ်သီး ၅၂ ခုကို ကိုယ်တိုင်ပြုလုပ်ခြင်းပါဘဲ။ဆယ်စုနှစ် ၆ခုကြာခဲ့ပြီးနောက် ယခုအသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ Lucille ဟာ ၎င်းမင်္ဂလာဝတ်စုံကို၀တ်ဆင်ကာ သူမနှင့် Marvin တို့ရဲ့ အနှစ် ၆၀ ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို ဆင်နွှဲရန် တစ်ဖန် ရှက်သွေးဖြာနေတဲ့သတို့သမီး ဖြစ်လာခဲ့ပါတယ်။

Katie Autry အမည်ရှိဓာတ်ပုံဆရာက ချစ်စရာကောင်းတဲ့စုံတွဲကို သူတို့ရဲ့မင်္ဂလာဝတ်စုံအပြည့်နှင့် အံ့ဩဖွယ်ကောင်းတဲ့ဓာတ်ပုံကို ရိုက်ယူပေးခဲ့ပြီး “သူတို့နှစ်ဦးက အချိန်ကာလရဲ့စမ်းသပ်မှုကို ခံနိုင်တဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေရှိကြတယ် ၊ သူတို့အတွက် ဒီလိုအမှတ်တရတွေကို ဖန်တီးပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ဆိုရင်း social media မှာ မျှဝေပေးခဲ့ပါတယ်။Lucilleက အခုလိုဓာတ်ပုံတွေရိုက်ဖို့ အရင်တုန်းက ကိုယ်ဝန်လွယ်ထားရင်း ဆောင်ခဲ့ရတဲ့မင်္ဂလာပွဲလို့ပြန်တွေးရင်း ရိုက်ကူးခဲ့သလို Marvin ကလည်း Tuxedo ဝတ်စုံရှိနေသေးတဲ့အတွက်ကြောင့် မင်္ဂလာဝတ်စုံကို ဒုတိယအကြိမ် ဝတ်ခဲ့ကြပြီး Marvin က စိတ်ကူးကောင်းတဲ့ ရုပ်ပုံတစ်ခုရဖို့ ကြိုးစားပမ်းစားလေ့ကျင့်နေခဲ့ကြောင်း ဆိုထားပါတယ်။တစ်ကယ်တော့ သူတို့စုံတွဲဟာ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြပြီး ဘဝမှာတူညီတဲ့ပန်းတိုင်တွေရှိနေခဲ့ကြသူတွေပါ။

Lucille က သူမတို့ရဲ့အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ ခင်ပွန်းMarvinကို သူလုပ်ချင်တာလုပ်ခွင့်ပေးခဲ့ပေမဲ့ အိမ်ထောင်ရေးကိုတော့ ပြီးပြည့်စုံအောင် ထားသလို ဖျက်ဆီးခွင့်လည်းမပေးခဲ့ပါဘူး။ခင်ပွန်း Marvin ကလည်း “ငါတို့မှာငြင်းခုံမှုတွေ ရှိခဲ့ဖူးတယ် ၊ ငါတို့မှာ သဘောထားကွဲလွဲမှုတွေ အများကြီး ရှိခဲ့ဖူးတယ် ၊ ဒါပေမယ့် ငါတို့ဟာတူညီတဲ့လမ်းကြောင်းပေါ်ရောက်နေခဲ့တာကြောင့်ပြန်လည်သင့်မြတ်သွားခဲ့ကြတယ်”လို့ ဆိုထားပါသေးတယ်။ဓာတ်ပုံဆရာက အခုဓာတ်ပုံတွေကို မျှဝေပြီးနောက် လူအများက သူတို့နှစ်ဦးရဲ့တည်မြဲတဲ့အိမ်ထောင်ရေးကို အားကျနေခဲ့ကြပြီး သူတို့ရဲ့ အနှစ် ၆၀ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကောင်းကောင်းမွန်မွန် ကျင်းပနိုင်ဖို့ ဆုတောင်းပေးခဲ့ကြပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment