COVID-19 ကာကြယ္ဖို႔ ေလယာဥ္ဝန္ထမ္းမ်ားအား တစ္ခါသုံးဒိုက္ပါမ်ား ဝတ္ဆင္ေစခဲ့တဲ့ ေလေၾကာင္းလိုင္း

တ႐ုတ္ႏိုင္ငံရွိ ၿမိဳ႕ျပေလေၾကာင္းအုပ္ခ်ဳပ္ေရး (CAAC)ဟာ မၾကာေသးခင္က တိုင္းျပည္ရဲ႕ေလေၾကာင္းလိုင္းအတြက္ အေတာ္ေလးတမူထူးျခားတဲ့ လမ္းၫႊန္ခ်က္တစ္ခုထုတ္ျပန္ခဲ့ပါတယ္။ႏိုင္ငံေတာ္ရဲ႕ေလေၾကာင္းလုပ္ငန္းကိုႀကီးၾကပ္တာဝန္ယူထားတဲ့ CAAC ဟာ ႏိုဝင္ဘာ ၂၅ ရက္ေန႔ကထုတ္ျပန္ခဲ့တဲ့ စာ႐ြက္စာတမ္းထဲမွာ ေလယာဥ္အမႈထမ္းမ်ားနည္းတူ ခရီးသည္မ်ားလည္း Covid-19 ကို ႀကိဳတင္ကာကြယ္ႏိုင္ဖို႔အတြက္ တစ္ခါသုံးအႏွီးမ်ား ဝတ္ဆင္ရန္ အႀကံေပးခဲ့ပါတယ္။CNN သတင္းအရ CAAC က ေလေၾကာင္းလိုင္းမ်ားအတြက္ ကူးစက္ေရာဂါကာကြယ္ျခင္း ႏွင့္ထိန္းခ်ဳပ္ျခင္းဆိုင္ရာနည္းပညာလမ္းၫႊန္ခ်က္စာ႐ြက္စာတမ္းမွာ ေလယာဥ္ႏွင့္ေလဆိပ္မ်ားမွာ ျပဳလုပ္ရမဲ့ အေကာင္းဆုံးတစ္ကိုယ္ေရသန႔္ရွင္းမႈဆိုင္ရာ အေလ့အက်င့္မ်ား ႏွင့္ ပတ္သက္တဲ့အႀကံဉာဏ္မ်ားကို ေဖာ္ျပေပးထားပါတယ္။

ဒီေတာ့ CAAC က ေလယာဥ္ေတြကို တစ္ခါသုံးအႏွီး ဝတ္ဖို႔ ဘာေၾကာင့္အႀကံေပးခဲ့တာလည္းဆိုေတာ့ ေလယာဥ္ပ်ံေပၚက အိမ္သာသုံးတာကိုေရွာင္ၾကဥ္ႏိုင္ေအာင္ပါ။ဒါကလည္း အေျခအျမစ္မရွိတဲ့ ႀကိဳတင္ကာကြယ္မႈတစ္ခုေတာ့ မဟုတ္ေနပါဘူး။ ဩဂုတ္လမွာ အီတလီ မွ ေတာင္ကိုရီးယား သို႔ခရီးသြားတဲ့ COVID-19 positive ျဖစ္တဲ့အမ်ိဳးသမီးတစ္ဦး ဟာ ေလယာဥ္ေပၚမွာ N95 မ်က္ႏွာဖုံးတပ္ဆင္ထားခဲ့ေပမဲ့ သူမမ်က္ႏွာဖုံးကို ခြၽတ္လိုက္တဲ့တစ္ခုတည္းေသာေနရာက အိမ္သာေနခဲ့တာေၾကာင့္ အခုလို စည္းမ်ဥ္းစည္းကမ္းထုတ္ျပန္ခဲ့ရေၾကာင္း CAAC က ဆိုထားပါတယ္။

စာ႐ြက္စာတမ္းမ်ားမွာ တစ္ခါသုံးအႏွီးမ်ား ဝတ္ဆင္ျခင္းအျပင္ အျခားအႀကံျပဳခ်က္မ်ားျဖစ္တဲ့ ေဆးဘက္ဆိုင္ရာမ်က္ႏွာဖုံးမ်ား၊ ႏွစ္လႊာသုံးႏိုင္ေသာေဆးဘက္ဆိုင္ရာလက္အိတ္မ်ား၊ မ်က္ႏွာအကာ ၊ တစ္ခါသုံး ဦးထုပ္၊ တစ္ခါသုံး အကာအကြယ္အဝတ္အစား ၊ တစ္ခါသုံး ဖိနပ္အဖုံး စသျဖင့္ပါရွိပါေသးတယ္။ျမန္မာႏိုင္ငံမွာလည္း မၾကာခင္ ျပည္တြင္းေလေၾကာင္းလိုင္းေတြ ျပန္ဖြင့္ေတာ့မယ္ဆိုေတာ့ ခရီးသြားလာသူေတြလည္း တ႐ုတ္ႏိုင္ငံကဘဲ ထုတ္ျပန္လိုက္တဲ့ စည္းကမ္းအတိုင္း တစ္ခါသုံးအႏွီးေတြ ဝတ္ဆင္ထားသင့္ပါတယ္ဗ်ာ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

တရုတ်နိုင်ငံရှိ မြို့ပြလေကြောင်းအုပ်ချုပ်ရေး (CAAC)ဟာ မကြာသေးခင်က တိုင်းပြည်ရဲ့လေကြောင်းလိုင်းအတွက် အတော်လေးတမူထူးခြားတဲ့ လမ်းညွှန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတော်ရဲ့လေကြောင်းလုပ်ငန်းကိုကြီးကြပ်တာဝန်ယူထားတဲ့ CAAC ဟာ နိုဝင်ဘာ ၂၅ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ စာရွက်စာတမ်းထဲမှာ လေယာဉ်အမှုထမ်းများနည်းတူ ခရီးသည်များလည်း Covid-19 ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် တစ်ခါသုံးအနှီးများ ဝတ်ဆင်ရန် အကြံပေးခဲ့ပါတယ်။CNN သတင်းအရ CAAC က လေကြောင်းလိုင်းများအတွက် ကူးစက်ရောဂါကာကွယ်ခြင်း နှင့်ထိန်းချုပ်ခြင်းဆိုင်ရာနည်းပညာလမ်းညွှန်ချက်စာရွက်စာတမ်းမှာ လေယာဉ်နှင့်လေဆိပ်များမှာ ပြုလုပ်ရမဲ့ အကောင်းဆုံးတစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အလေ့အကျင့်များ နှင့် ပတ်သက်တဲ့အကြံဉာဏ်များကို ဖော်ပြပေးထားပါတယ်။

ဒီတော့ CAAC က လေယာဉ်တွေကို တစ်ခါသုံးအနှီး ဝတ်ဖို့ ဘာကြောင့်အကြံပေးခဲ့တာလည်းဆိုတော့ လေယာဉ်ပျံပေါ်က အိမ်သာသုံးတာကိုရှောင်ကြဉ်နိုင်အောင်ပါ။ဒါကလည်း အခြေအမြစ်မရှိတဲ့ ကြိုတင်ကာကွယ်မှုတစ်ခုတော့ မဟုတ်နေပါဘူး။ ဩဂုတ်လမှာ အီတလီ မှ တောင်ကိုရီးယား သို့ခရီးသွားတဲ့ COVID-19 positive ဖြစ်တဲ့အမျိုးသမီးတစ်ဦး ဟာ လေယာဉ်ပေါ်မှာ N95 မျက်နှာဖုံးတပ်ဆင်ထားခဲ့ပေမဲ့ သူမမျက်နှာဖုံးကို ချွတ်လိုက်တဲ့တစ်ခုတည်းသောနေရာက အိမ်သာနေခဲ့တာကြောင့် အခုလို စည်းမျဉ်းစည်းကမ်းထုတ်ပြန်ခဲ့ရကြောင်း CAAC က ဆိုထားပါတယ်။

စာရွက်စာတမ်းများမှာ တစ်ခါသုံးအနှီးများ ဝတ်ဆင်ခြင်းအပြင် အခြားအကြံပြုချက်များဖြစ်တဲ့ ဆေးဘက်ဆိုင်ရာမျက်နှာဖုံးများ၊ နှစ်လွှာသုံးနိုင်သောဆေးဘက်ဆိုင်ရာလက်အိတ်များ၊ မျက်နှာအကာ ၊ တစ်ခါသုံး ဦးထုပ်၊ တစ်ခါသုံး အကာအကွယ်အဝတ်အစား ၊ တစ်ခါသုံး ဖိနပ်အဖုံး စသဖြင့်ပါရှိပါသေးတယ်။မြန်မာနိုင်ငံမှာလည်း မကြာခင် ပြည်တွင်းလေကြောင်းလိုင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတော့ ခရီးသွားလာသူတွေလည်း တရုတ်နိုင်ငံကဘဲ ထုတ်ပြန်လိုက်တဲ့ စည်းကမ်းအတိုင်း တစ်ခါသုံးအနှီးတွေ ဝတ်ဆင်ထားသင့်ပါတယ်ဗျာ။

Mia (Mckzone Daily)

  • Leave a Comment