ေၾကာင္ေလးကိုသတ္ပစ္လိုက္လို႔ဆိုၿပီး တစ္အိမ္ထဲအတူေနသူကို အပိုင္းပိုင္းခုတ္သတ္ကာ လက္စားေခ်ခဲ့တဲ့အမ်ိဳးသမီး

႐ု႐ွားႏိုင္ငံ Saint Petersburg ၿမိဳ႕မွာေနထိုင္တဲ့ အသက္41ႏွစ္အရြယ္အမ်ိဳးသမီးဟာ သူမႏွင့္အတူတစ္အိမ္တည္းအတူေနထိုင္လ်က္႐ွိတဲ့ အသက္ 39 ႏွစ္အရြယ္အမ်ိဳးသားကို တူျဖင့္ထုသတ္ကာ ၊ ခႏၶာကိုယ္ကို အပိုင္းပိုင္ခုတ္ထစ္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း Russian အရာ႐ွိမ်ားကိုေတာ့ အဆိုပါအမ်ိဳးသားက သူမ၏ေၾကာင္ကိုသတ္ပစ္လိုက္လို႔ ျပန္လက္စားေခ်ကာသတ္ျစ္ခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။

Anastasia အမည္႐ွိတဲ့အဆိုပါအမ်ိဳးသမီးဟာ သူမခုတ္ထစ္ထားခဲ့တဲ့အေလာင္းမ်ားကို ပလပ္စတစ္အိတ္ 5အိတ္ထဲထည့္ကာ ထုပ္ပိုးၿပီးေနာက္ ၊ ေနအိမ္ႏွင့္အေတာ္ေလးကို ေဝကြာတဲ့ေနရာသို႔ Local minibus စီးၿပီး ၊ 3မိုင္ခန္႔ ထပ္ၿပီးေတာ့သြားရေသာေနရာတြင္ အဆိုပါအထုပ္အပိုးမ်ားကိုမီး႐ႈိ့ၿပီး အေလာင္းေဖ်ာက္ပစ္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္းမၾကာခင္မွာပဲ ေခြးတစ္ေကာင္ႏွင့္အတူလမ္းေလ်ွာက္လာေသာ ရဲအရာ႐ွိတစ္ဦးဟာ အဆိုပါႂကြင္းက်န္ရစ္ေနေသးတဲ့ အိတ္ေတြထဲမွ ေျခေထာက္အ႐ိုးမ်ား ၊ ပုခံုးတစ္ဖက္ ၊ တင္ပါး႐ိုး ႏွင့္ လူသားအေရျပားမ်ားကိုေတြ႔႐ွိခဲ့၍ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္ပါတယ္ ။

အဆိုပါတိုက္ခန္းတြင္ တစ္အိမ္ထဲအတူေနထိုင္သူ ေနာက္ထပ္စံုတြဲတစ္တြဲကေတာ့ အဆိုပါအမ်ိဳးသားအသတ္ခံလိုက္ရျခင္းကို မသိ႐ွိလိုက္ေၾကာင္း ႏွင့္ Anastasia မွာေတာ့ သူမ၏ေၾကာင္ေလးကိုသတ္ပစ္ခဲ့သည့္ အဆိုပါအမ်ိဳးသားကိုအျပစ္တင္ေျပာဆိုေနလ်က္႐ွိေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။ Anastasia မွာလည္း အဆိုပါအမ်ိဳးသား၏ေခါင္းကိုတူျဖင့္ထုၿပီးေနာက္ ၊ အႀကိမ္ႀကိမ္ေဆာင့္ကန္ကာ ေနာက္ဆံုးအပိုင္းပိုင္းခုတ္သတ္ပစ္ခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္ ။ ယခုခ်ိန္မွာေတာ့ သူမကိုေနာက္ထပ္စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ရန္အတြက္ ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: DailyMail

Unicode

ရုရှားနိုင်ငံ Saint Petersburg မြို့မှာနေထိုင်တဲ့ အသက်41နှစ်အရွယ်အမျိုးသမီးဟာ သူမနှင့်အတူတစ်အိမ်တည်းအတူနေထိုင်လျက်ရှိတဲ့ အသက် 39 နှစ်အရွယ်အမျိုးသားကို တူဖြင့်ထုသတ်ကာ ၊ ခန္ဓာကိုယ်ကို အပိုင်းပိုင်ခုတ်ထစ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း Russian အရာရှိများကိုတော့ အဆိုပါအမျိုးသားက သူမ၏ကြောင်ကိုသတ်ပစ်လိုက်လို့ ပြန်လက်စားချေကာသတ်ြစ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။

Anastasia အမည်ရှိတဲ့အဆိုပါအမျိုးသမီးဟာ သူမခုတ်ထစ်ထားခဲ့တဲ့အလောင်းများကို ပလပ်စတစ်အိတ် 5အိတ်ထဲထည့်ကာ ထုပ်ပိုးပြီးနောက် ၊ နေအိမ်နှင့်အတော်လေးကို ဝေကွာတဲ့နေရာသို့ Local minibus စီးပြီး ၊ 3မိုင်ခန့် ထပ်ပြီးတော့သွားရသောနေရာတွင် အဆိုပါအထုပ်အပိုးများကိုမီးရှို့ပြီး အလောင်းဖျောက်ပစ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်းမကြာခင်မှာပဲ ခွေးတစ်ကောင်နှင့်အတူလမ်းလျှောက်လာသော ရဲအရာရှိတစ်ဦးဟာ အဆိုပါကြွင်းကျန်ရစ်နေသေးတဲ့ အိတ်တွေထဲမှ ခြေထောက်အရိုးများ ၊ ပုခုံးတစ်ဖက် ၊ တင်ပါးရိုး နှင့် လူသားအရေပြားများကိုတွေ့ရှိခဲ့၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ် ။

အဆိုပါတိုက်ခန်းတွင် တစ်အိမ်ထဲအတူနေထိုင်သူ နောက်ထပ်စုံတွဲတစ်တွဲကတော့ အဆိုပါအမျိုးသားအသတ်ခံလိုက်ရခြင်းကို မသိရှိလိုက်ကြောင်း နှင့် Anastasia မှာတော့ သူမ၏ကြောင်လေးကိုသတ်ပစ်ခဲ့သည့် အဆိုပါအမျိုးသားကိုအပြစ်တင်ပြောဆိုနေလျက်ရှိကြောင်း ထွက်ဆိုခဲ့ပါတယ် ။ Anastasia မှာလည်း အဆိုပါအမျိုးသား၏ခေါင်းကိုတူဖြင့်ထုပြီးနောက် ၊ အကြိမ်ကြိမ်ဆောင့်ကန်ကာ နောက်ဆုံးအပိုင်းပိုင်းခုတ်သတ်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ် ။ ယခုချိန်မှာတော့ သူမကိုနောက်ထပ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်အတွက် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေၾကာင္ေလးကိုသတ္ပစ္လိုက္လို႔ဆိုၿပီး တစ္အိမ္ထဲအတူေနသူကို အပိုင္းပိုင္းခုတ္သတ္ကာ လက္စားေခ်ခဲ့တဲ့အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*