လက်ရာပြောင်မြောက်ပြီး အဓိပ္ပာယ်လေးနက်လွန်းတဲ့ David ရဲ့ ပန်းချီကားချပ်များ


1

2

3

4

5

6

7

Mia (Mckzone Daily)

Source : 9GAG

Unicode

ပန်းချီအနုပညာရှင်တစ်ဦးဖြစ်တဲ့ David Ambarzumjan ဟာ အခြားနဲ့မတူတဲ့ ပန်းချီကားတွေကို ဖန်တီးရေးခြယ်တတ်သူပါ။သူဟာ စာရွက်ပေါ်ရေးခြယ်ထားတဲ့ပန်းချီကားပေါ်ကိုမှ နောက်တစ်ထပ် ဆေးခြယ်ပြီး အဆိုပါဆေးကွက်ပေါ်မှာ လှပတဲ့သက်ရှိသတ္တဝါတို့ရဲ့ ရုပ်ပုံလေးတွေကို ထပ်ဆွဲလေ့ရှိပါတယ်။အခုလည်း David ဟာ တောရိုင်းတိရိစ္ဆာန်တို့ကို ၎င်းတို့နဲ့ မသင့်လျော်တဲ့နေရာတွေမှာ အစားထိုးကာ ယနေ့ခေတ် လူသားနဲ့တိရိစ္ဆာန်တို့အကြား ကွဲပြားခြားနားမှုတို့ကို ထင်ဟပ်စေပြီး လက်ရာပြောင်မြောက်တဲ့ ပန်းချီကားချပ်တွေအဖြစ် ပြောင်းလဲဖန်တီးခဲ့ပါတယ်။လက်ရှိမှာ Davidရဲ့ပန်းချီကားဟာ ပန်းချီဝါသနာရှင်တွေကြား ရေပန်းစားနေလျက်ရှိပြီး ၎င်းပန်းချီကားတွေကို ဧည့်ခန်းတွေမှာ အလှဆင်ထားရင် အတော်လေး လှနေမှာ အသေအချာပါဘဲ။

Mia (Mckzone Daily)

Be the first to comment on "လက်ရာပြောင်မြောက်ပြီး အဓိပ္ပာယ်လေးနက်လွန်းတဲ့ David ရဲ့ ပန်းချီကားချပ်များ"

Leave a comment

Your email address will not be published.


*