4ႏွစ္အရြယ္ကေလးရဲ႕မ်က္ႏွာေပၚက ဒဏ္ရာကို ပြန္းပဲ့ရာအေသးေလးပါ ဆိုၿပီးအတင္းျငင္းဆိုခဲ့တဲ့ မူႀကိဳဆရာမ

Masua Tusa အမည္႐ွိတဲ့ 4ႏွစ္အရြယ္ကေလးငယ္ဟာ ေမြးဖြားလာစဥ္ကတည္း ဦးေႏွာက္ဥာဏ္ရည္ဖြံ႔ၿဖိဳးမႈအားနည္းသည့္အျပင္ လမ္းမေလ်ွာက္ႏိုင္၍ ဝီးခ်ဲကိုသာအသံုးျပဳေနရေသာ ကေလးငယ္တစ္ေယာက္ျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ရက္ပိုင္းမွာေတာ့ ကေလးငယ္တက္ေရာက္ေနေသာ New Zealand ႏိုင္ငံ ၊ Auckland zၿမိဳ႕ရွိ မူႀကိဳက ဆရာမေလးက Masua ဟာေလွကားေပၚကေနလိမ့္က်၍ ပြန္းပဲ့ဒဏ္ရာအနည္းငယ္ရ႐ွိခဲ့သည္ဟု Masua ၏မိခင္ျဖစ္သူ Sua ကိုအေၾကာင္းၾကားခဲ့ပါတယ္ ။ မိခင္ျဖစ္သူမွာေတာ့ ပြန္းပဲဒဏ္ရာအနည္းငယ္ရ႐ွိထားတယ္လိုသာေမ်ွာ္လင့္ထားခဲ့ေပမဲ့လည္း သူမသားငယ္ေလး၏မ်က္ႏွာကိုအမွန္တကယ္ျမင္ေတြ႔လိုက္ခ်ိန္မွာေတာ့ အေတာ္ေလးကိုဆိုးဝါးလြန္းတဲ့ မီးေလာင္ဒဏ္ရာကဲ့သို႔ ျဖစ္ေနခဲ့ပါတယ္ ။

စကားေကာင္းမြန္စြာ မေျပာတတ္တဲ့ Masua ေလးကေတာင္ ” ေမေမ ဆရာမက တအားဆိုးတယ္ ၊ အိမ္ျပန္မယ္ ” ဆိုၿပီး စိတ္တအားဆိုးၿပီးမခံႏိုင္ေလာက္ေအာင္ မိခင္ကိုေၾကာက္လန္႔တၾကားျပန္လည္ေျပာဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း မူႀကိဳဆရာမကေတာ့ ကေလးငယ္ဟာေလွကားေပၚကေန ျပဳတ္က်ခဲ့တာဆိုၿပီးေတာ့သာ ျငင္းဆန္ခဲ့ပါတယ္ ။ မိခင္ျဖစ္သူေျပာဆိုခ်က္အရ ကေလးေလွကားကေန ျပဳတ္က်ခဲ့ခ်ိန္မွာ ဆရာမျဖစ္သူဟာ ကေလးငယ္ရဲ႕အေ႐ွ႕တြင္သာ႐ွိေၾကာင္းထြက္ဆိုခဲ့ေသာေၾကာင့္ မိခင္ျဖစ္သူက ဆရာမဟာကေလးငယ္ေတြကိုၾကည့္႐ႈေစာက့္ေ႐ွာက္ေပးတဲ့သူေတြသာဆိုရင္ ဘာလို႔မ်ားကေလးကို လွမ္းမဆြဲဘဲ အဲ့အတိုင္းျပဳတ္က်ေစခဲ့တာလဲ ဆိုၿပီးကေလးငယ္၏မိခင္ျဖစ္သူက ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ သူမ၏ကေလးငယ္မွာ လမ္းမေလ်ွာက္ႏိုင္သည့္အျပင္ ဥာဏ္ရည္ဖြံၿဖိဳးမႈေႏွာင့္ေႏွးေနတာျဖစ္တဲ့အတြက္ ျဖစ္ေၾကာင္းကုန္စင္ကိုျပန္မေျပာျပႏိုင္ရန္ မိခင္ျဖစ္သူမွာသာေလးအတြက္ အေတာ္ေလးစိတ္ထိခိုက္ရေၾကာင္း သိ႐ွိရပါတယ္ ။

ယခုခ်ိန္မွာေတာ့ Masua ဟာ မူႀကိဳေက်ာင္သို႔ သြားဖို႔အတြက္အေတာ္ေလးကို ႐ွက္ရြံေၾကာက္လန္႔ေနေၾကာင္း မိခင္ျဖစ္သူက ေျပာဆိုခဲ့ပါတယ္ ။ မူႀကိဳေက်ာင္းဆရာမကိုေတာ့ ပညာေရးဝန္ႀကီးဌာနမွ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ေနလ်က္႐ွိေၾကာင္း ႏွင့္ ရဲအရာ႐ွိမ်ားလည္း ေစာင့္ၾကပ္ၾကည့္႐ႈေနၿပီး ဥပေဒအရလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source:The Sun

Unicode

Masua Tusa အမည်ရှိတဲ့ 4နှစ်အရွယ်ကလေးငယ်ဟာ မွေးဖွားလာစဉ်ကတည်း ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းသည့်အပြင် လမ်းမလျှောက်နိုင်၍ ဝီးချဲကိုသာအသုံးပြုနေရသော ကလေးငယ်တစ်ယောက်ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ကလေးငယ်တက်ရောက်နေသော New Zealand နိုင်ငံ ၊ Auckland zမြို့ရှိ မူကြိုက ဆရာမလေးက Masua ဟာလှေကားပေါ်ကနေလိမ့်ကျ၍ ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု Masua ၏မိခင်ဖြစ်သူ Sua ကိုအကြောင်းကြားခဲ့ပါတယ် ။ မိခင်ဖြစ်သူမှာတော့ ပွန်းပဲဒဏ်ရာအနည်းငယ်ရရှိထားတယ်လိုသာမျှော်လင့်ထားခဲ့ပေမဲ့လည်း သူမသားငယ်လေး၏မျက်နှာကိုအမှန်တကယ်မြင်တွေ့လိုက်ချိန်မှာတော့ အတော်လေးကိုဆိုးဝါးလွန်းတဲ့ မီးလောင်ဒဏ်ရာကဲ့သို့ ဖြစ်နေခဲ့ပါတယ် ။

စကားကောင်းမွန်စွာ မပြောတတ်တဲ့ Masua လေးကတောင် ” မေမေ ဆရာမက တအားဆိုးတယ် ၊ အိမ်ပြန်မယ် ” ဆိုပြီး စိတ်တအားဆိုးပြီးမခံနိုင်လောက်အောင် မိခင်ကိုကြောက်လန့်တကြားပြန်လည်ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း မူကြိုဆရာမကတော့ ကလေးငယ်ဟာလှေကားပေါ်ကနေ ပြုတ်ကျခဲ့တာဆိုပြီးတော့သာ ငြင်းဆန်ခဲ့ပါတယ် ။ မိခင်ဖြစ်သူပြောဆိုချက်အရ ကလေးလှေကားကနေ ပြုတ်ကျခဲ့ချိန်မှာ ဆရာမဖြစ်သူဟာ ကလေးငယ်ရဲ့အရှေ့တွင်သာရှိကြောင်းထွက်ဆိုခဲ့သောကြောင့် မိခင်ဖြစ်သူက ဆရာမဟာကလေးငယ်တွေကိုကြည့်ရှုစောက့်ရှောက်ပေးတဲ့သူတွေသာဆိုရင် ဘာလို့များကလေးကို လှမ်းမဆွဲဘဲ အဲ့အတိုင်းပြုတ်ကျစေခဲ့တာလဲ ဆိုပြီးကလေးငယ်၏မိခင်ဖြစ်သူက ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် သူမ၏ကလေးငယ်မှာ လမ်းမလျှောက်နိုင်သည့်အပြင် ဉာဏ်ရည်ဖွံဖြိုးမှုနှောင့်နှေးနေတာဖြစ်တဲ့အတွက် ဖြစ်ကြောင်းကုန်စင်ကိုပြန်မပြောပြနိုင်ရန် မိခင်ဖြစ်သူမှာသာလေးအတွက် အတော်လေးစိတ်ထိခိုက်ရကြောင်း သိရှိရပါတယ် ။

ယခုချိန်မှာတော့ Masua ဟာ မူကြိုကျောင်သို့ သွားဖို့အတွက်အတော်လေးကို ရှက်ရွံကြောက်လန့်နေကြောင်း မိခင်ဖြစ်သူက ပြောဆိုခဲ့ပါတယ် ။ မူကြိုကျောင်းဆရာမကိုတော့ ပညာရေးဝန်ကြီးဌာနမှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း နှင့် ရဲအရာရှိများလည်း စောင့်ကြပ်ကြည့်ရှုနေပြီး ဥပဒေအရလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "4ႏွစ္အရြယ္ကေလးရဲ႕မ်က္ႏွာေပၚက ဒဏ္ရာကို ပြန္းပဲ့ရာအေသးေလးပါ ဆိုၿပီးအတင္းျငင္းဆိုခဲ့တဲ့ မူႀကိဳဆရာမ"

Leave a comment

Your email address will not be published.


*