အသက္ ၈၈ ႏွစ္အ႐ြယ္မွာ ဘြဲ႕ယူၿပီး လူငယ္ေတြအတြက္ inspire ျဖစ္ေစခဲ့တဲ့ အဖြားအို

ထိုင္းႏိုင္ငံရွိ Sathaporn Phrom Sri အမည္ရွိတဲ့အမ်ိဳးသမီးဟာ လူမႈေရးဝန္ထမ္းတစ္ဦးျဖစ္ၿပီး အသက္ ၈၀ အ႐ြယ္ မွာ Chiang Mai Rajabhat တကၠသိုလ္ရွိအႏုပညာအစီအစဥ္တစ္ခုမွာ ေက်ာင္းတက္ဖို႔ စာရင္းသြင္းခဲ့ပါတယ္။ Sathaporn ဟာ အသက္ ၈၄ ႏွစ္မွာေက်ာင္းၿပီးခဲ့ၿပီး လက္ရွိအသက္ ၈၈ ႏွစ္မွာေတာ့ တရားဝင္အသိအမွတ္ျပဳဘြဲ႕လက္မွတ္ ရရွိသြားခဲ့တယ္ လို႔ အဆိုပါတကၠသိုလ္မွ Thanaphat Nawakaew အမည္ရွိတဲ့ေက်ာင္းသူတစ္ဦး က Facebook မွာ ေျပာျပထားခဲ့တာပါ။ Sathaporn ဟာ စေန ၊ တနဂၤေႏြေန႔အတန္းဘဲ တက္ေရာက္ခဲ့ၿပီး တစ္ခါတစ္ရံ ဖ်ားနာခဲ့ဖူးေပမဲ့လည္း သူမဟာ ဘယ္ lecture အတန္းကိုမွ အလြတ္မခံေစခဲ့ပါဘူး။

Sathaporn ဟာ A’s ဘာသာရပ္ႏွစ္ခုျဖစ္တဲ့ ဂီတေဗဒ ႏွင့္ အေျခခံစီးပြါးေရးလုပ္ငန္းမ်ားပါဝင္တဲ့ ဘာသာရပ္မွာ ၂.၂၄ တန္းပ်မ္းမွ်အမွတ္ (GPA) ရရွိခဲ့ပါတယ္။Sathaporn ဟာ အဖြဲ႕ထဲမွာ အသက္အႀကီးဆုံးေက်ာင္းသူျဖစ္ၿပီး အသက္အငယ္ဆုံးအတန္းေဖာ္ က သူမထက္ အနည္းဆုံး အႏွစ္ ၄၀ ငယ္တယ္ လို႔ MGR Online သတင္းက ေဖာ္ျပထားပါတယ္။ဘယ္လိုေတြျဖစ္ေနပါေစ ဘြဲ႕ရသြားတဲ့ Sathaporn ကေတာ့ သူ႔ကိုယ္သူ ဂုဏ္ယူၿပီး ဝမ္းေျမာက္ကာ ဇြဲသတၱိေတြ ရွိေနခဲ့ပါတယ္။

” မင္းရဲ႕အသက္က လုပ္သားအင္အား အသက္အ႐ြယ္ရဲ႕ စံခ်ိန္ထက္ေက်ာ္ေနေပမဲ့ အသိပညာ နဲ႔ အေတြ႕အႀကဳံေတြကေတာ့ မင္းအတြက္ အကန႔္အသတ္မရွိပါဘူး ” လို႔ Sathaporn က Smart Smart Thailand သတင္းကို ေျဖၾကားေပးခဲ့ပါတယ္။ပညာသင္ယူေလ့လာေနစဥ္အတြင္း ေက်ာင္းသားမ်ား ႏွင့္ ဆရာ၀န္မ်ားက သူမအား စံျပပုဂၢိဳလ္အျဖစ္ သတ္မွတ္ထားခဲ့ၾကပါေသးတယ္။တစ္ကယ္လည္း Sathaporn ရဲ႕ေအာင္ျမင္မႈကို ဂုဏ္ယူမိသလို ပညာသည္ အိုသည္မရွိဆိုတဲ့အတိုင္း သူမရဲ႕စိတ္ဓာတ္ကိုလည္း ေလးစားေနမိပါတယ္။

1

2

Mia (Mckzone Daily)

Source : nextshark

Unicode

ထိုင်းနိုင်ငံရှိ Sathaporn Phrom Sri အမည်ရှိတဲ့အမျိုးသမီးဟာ လူမှုရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး အသက် ၈၀ အရွယ် မှာ Chiang Mai Rajabhat တက္ကသိုလ်ရှိအနုပညာအစီအစဉ်တစ်ခုမှာ ကျောင်းတက်ဖို့ စာရင်းသွင်းခဲ့ပါတယ်။ Sathaporn ဟာ အသက် ၈၄ နှစ်မှာကျောင်းပြီးခဲ့ပြီး လက်ရှိအသက် ၈၈ နှစ်မှာတော့ တရားဝင်အသိအမှတ်ပြုဘွဲ့လက်မှတ် ရရှိသွားခဲ့တယ် လို့ အဆိုပါတက္ကသိုလ်မှ Thanaphat Nawakaew အမည်ရှိတဲ့ကျောင်းသူတစ်ဦး က Facebook မှာ ပြောပြထားခဲ့တာပါ။ Sathaporn ဟာ စနေ ၊ တနင်္ဂနွေနေ့အတန်းဘဲ တက်ရောက်ခဲ့ပြီး တစ်ခါတစ်ရံ ဖျားနာခဲ့ဖူးပေမဲ့လည်း သူမဟာ ဘယ် lecture အတန်းကိုမှ အလွတ်မခံစေခဲ့ပါဘူး။

Sathaporn ဟာ A’s ဘာသာရပ်နှစ်ခုဖြစ်တဲ့ ဂီတဗေဒ နှင့် အခြေခံစီးပွါးရေးလုပ်ငန်းများပါဝင်တဲ့ ဘာသာရပ်မှာ ၂.၂၄ တန်းပျမ်းမျှအမှတ် (GPA) ရရှိခဲ့ပါတယ်။Sathaporn ဟာ အဖွဲ့ထဲမှာ အသက်အကြီးဆုံးကျောင်းသူဖြစ်ပြီး အသက်အငယ်ဆုံးအတန်းဖော် က သူမထက် အနည်းဆုံး အနှစ် ၄၀ ငယ်တယ် လို့ MGR Online သတင်းက ဖော်ပြထားပါတယ်။ဘယ်လိုတွေဖြစ်နေပါစေ ဘွဲ့ရသွားတဲ့ Sathaporn ကတော့ သူ့ကိုယ်သူ ဂုဏ်ယူပြီး ဝမ်းမြောက်ကာ ဇွဲသတ္တိတွေ ရှိနေခဲ့ပါတယ်။

” မင်းရဲ့အသက်က လုပ်သားအင်အား အသက်အရွယ်ရဲ့ စံချိန်ထက်ကျော်နေပေမဲ့ အသိပညာ နဲ့ အတွေ့အကြုံတွေကတော့ မင်းအတွက် အကန့်အသတ်မရှိပါဘူး ” လို့ Sathaporn က Smart Smart Thailand သတင်းကို ဖြေကြားပေးခဲ့ပါတယ်။ပညာသင်ယူလေ့လာနေစဉ်အတွင်း ကျောင်းသားများ နှင့် ဆရာ၀န်များက သူမအား စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားခဲ့ကြပါသေးတယ်။တစ်ကယ်လည်း Sathaporn ရဲ့အောင်မြင်မှုကို ဂုဏ်ယူမိသလို ပညာသည် အိုသည်မရှိဆိုတဲ့အတိုင်း သူမရဲ့စိတ်ဓာတ်ကိုလည်း လေးစားနေမိပါတယ်။

Mia (Mckzone Daily)

  • Leave a Comment