ေၾကာက္တတ္သူေတြအတြက္ အိမ္မက္ဆိုးႀကီးတစ္ခုလိုျဖစ္ေစမယ့္ အိမ္ေျမာင္ပုံဂ်ယ္လီတုံး

ဂ်ပန္ႏိုင္ငံရဲ႕ Twitter မွာ လက္တစ္ေလာ ေရပန္းစားေနတဲ့ အစားအစာပစၥည္းတစ္ခုဟာ အထူးသျဖင့္ အိမ္ေျမာင္ဆို ေသေလာက္ေအာင္ ေၾကာက္တတ္သူေတြအတြက္ အိမ္မက္ဆိုးတစ္ခုလို ျဖစ္ေနခဲ့ပါတယ္။Twitter အသုံးျပဳသူ Monoli ဟာ ဒီဇင္ဘာ ၉ ရက္ေန႔မွာ အိမ္ေျမာင္ပုံဂ်ယ္လီတုံးအား ဟင္းထဲထည့္ခ်က္ၿပီး စားမယ့္ပုံကို မွ်ေဝခဲ့ၿပီးေနာက္ ကမာၻတစ္ဝွမ္းလုံးရဲ႕ social media မွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး လူအမ်ားက အဆိုပါ ဂ်ယ္လီတုံးကို စိတ္ဝင္စားခဲ့ၾကသလို အိမ္ေျမာင္ေၾကာက္သူေတြကေတာ့ မအိမသာျဖစ္ေနခဲ့ၾကပါတယ္။အဆိုပါ အိမ္ေျမာင္ ဂ်ယ္လီကို ဂ်ပန္လို konnyaku လို႔ေခၚသလို ေရနဲ႔ေရာထုတ္ပိုးထားၿပီး အိမ္ေျမာင္လိုဘဲ မီးခိုေရာင္ နဲ႔ အျဖဴအနက္ အစက္ေျပာက္ေတြပါဝင္ၿပီး အရသာကလည္း မထင္ထားေလာက္ေအာင္ ေကာင္းမြန္ေနပါတယ္။

လူအမ်ားအျပားက အဆိုပါဂ်ယ္လီကို ဘာလို႔ အိမ္ေျမာင္ပုံထုတ္ရတာလဲလို႔ ေမးခြန္းထုတ္ေနခဲ့ၾကေပမဲ့ သက္ဆိုင္တဲ့ကုမၸဏီကေတာ့ ဘာမွထုတ္ျပန္ေျဖၾကားျခင္းမရွိေသးပါဘူး။အဆိုပါ အိမ္ေျမာင္ ဂ်ယ္လီကို ယန္း ၂၁၆ ( ၃၀၀၀ က်ပ္) က်သင့္ေပမဲ့ အနည္းဆုံး ၃ခုမွာယူဖို႔လိုပါတယ္။သို႔ေပမဲ့ ဂ်ယ္လီကို အဆက္မျပတ္အေအးခံဖို႔လိုတဲ့အတြက္ ႏိုင္ငံတကာသို႔ ပို႔ေဆာင္ျခင္းရွိမရွိကိုေတာ့ မေသခ်ာေသးပါဘူး။

ကုမၸဏီရဲ႕ site အရ အဆိုပါအိမ္ေျမာင္ ဂ်ယ္လီကို အထက္တန္းေက်ာင္းသားေတြနဲ႔ ပူးေပါင္းထုတ္လုပ္ထားတာပါ။အဆိုပါ အိမ္ေျမာင္ ဂ်ယ္လီတုံးပုံဟာ social မွာ လူေျပာမ်ားခဲ့ၿပီးေနာက္မွာေတာ့ သူတို႔ရဲ႕ site မွာ order မ်ားစြာ တက္ခဲ့ၿပီး ဂ်ယ္လီ ထပ္ထုတ္ဖို႔အတြက္ ၁လ မွ ၂လ အထိ အခ်ိန္ၾကာျမင့္သြားခဲ့ပါတယ္။အိမ္ေျမာင္ဂ်ယ္လီတုံးေလးကေတာ့ ဝဝကစ္ကစ္ေလးနဲ႔ ခ်စ္စရာေလးပါ ၊ ဒါေပမဲ့ အိမ္ေျမာင္ေၾကာက္တတ္သူေတြအတြက္ကေတာ့ တစ္ကယ့္ အိမ္မက္ဆိုးႀကီး တစ္ခုလို ျဖစ္ေနမွာ အေသအခ်ာပါဘဲေလ။

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ဂျပန်နိုင်ငံရဲ့ Twitter မှာ လက်တစ်လော ရေပန်းစားနေတဲ့ အစားအစာပစ္စည်းတစ်ခုဟာ အထူးသဖြင့် အိမ်မြောင်ဆို သေလောက်အောင် ကြောက်တတ်သူတွေအတွက် အိမ်မက်ဆိုးတစ်ခုလို ဖြစ်နေခဲ့ပါတယ်။Twitter အသုံးပြုသူ Monoli ဟာ ဒီဇင်ဘာ ၉ ရက်နေ့မှာ အိမ်မြောင်ပုံဂျယ်လီတုံးအား ဟင်းထဲထည့်ချက်ပြီး စားမယ့်ပုံကို မျှဝေခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းလုံးရဲ့ social media မှာ ပျံ့နှံ့သွားခဲ့ပြီး လူအများက အဆိုပါ ဂျယ်လီတုံးကို စိတ်ဝင်စားခဲ့ကြသလို အိမ်မြောင်ကြောက်သူတွေကတော့ မအိမသာဖြစ်နေခဲ့ကြပါတယ်။အဆိုပါ အိမ်မြောင် ဂျယ်လီကို ဂျပန်လို konnyaku လို့ခေါ်သလို ရေနဲ့ရောထုတ်ပိုးထားပြီး အိမ်မြောင်လိုဘဲ မီးခိုရောင် နဲ့ အဖြူအနက် အစက်ပြောက်တွေပါဝင်ပြီး အရသာကလည်း မထင်ထားလောက်အောင် ကောင်းမွန်နေပါတယ်။

လူအများအပြားက အဆိုပါဂျယ်လီကို ဘာလို့ အိမ်မြောင်ပုံထုတ်ရတာလဲလို့ မေးခွန်းထုတ်နေခဲ့ကြပေမဲ့ သက်ဆိုင်တဲ့ကုမ္ပဏီကတော့ ဘာမှထုတ်ပြန်ဖြေကြားခြင်းမရှိသေးပါဘူး။အဆိုပါ အိမ်မြောင် ဂျယ်လီကို ယန်း ၂၁၆ ( ၃၀၀၀ ကျပ်) ကျသင့်ပေမဲ့ အနည်းဆုံး ၃ခုမှာယူဖို့လိုပါတယ်။သို့ပေမဲ့ ဂျယ်လီကို အဆက်မပြတ်အအေးခံဖို့လိုတဲ့အတွက် နိုင်ငံတကာသို့ ပို့ဆောင်ခြင်းရှိမရှိကိုတော့ မသေချာသေးပါဘူး။

ကုမ္ပဏီရဲ့ site အရ အဆိုပါအိမ်မြောင် ဂျယ်လီကို အထက်တန်းကျောင်းသားတွေနဲ့ ပူးပေါင်းထုတ်လုပ်ထားတာပါ။အဆိုပါ အိမ်မြောင် ဂျယ်လီတုံးပုံဟာ social မှာ လူပြောများခဲ့ပြီးနောက်မှာတော့ သူတို့ရဲ့ site မှာ order များစွာ တက်ခဲ့ပြီး ဂျယ်လီ ထပ်ထုတ်ဖို့အတွက် ၁လ မှ ၂လ အထိ အချိန်ကြာမြင့်သွားခဲ့ပါတယ်။အိမ်မြောင်ဂျယ်လီတုံးလေးကတော့ ဝဝကစ်ကစ်လေးနဲ့ ချစ်စရာလေးပါ ၊ ဒါပေမဲ့ အိမ်မြောင်ကြောက်တတ်သူတွေအတွက်ကတော့ တစ်ကယ့် အိမ်မက်ဆိုးကြီး တစ်ခုလို ဖြစ်နေမှာ အသေအချာပါဘဲလေ။

Mia (Mckzone Daily)

  • Leave a Comment