မုန္တိုင္းဝင္ခ်ိန္အတြင္း ပင္လယ္ထဲဆင္းကာ ဘီယာစည္ပိုင္းေတြကို အမိအရဆယ္ယူေနခဲ့တဲ့ အမ်ိဳးသမီး

ဩစေတးလ်ႏိုင္ငံ Queensland ျပည္နယ္ ႏွင့္ New South Wales ေျမာက္ပိုင္းတို႔မွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေလျပင္းမုန္တိုင္းေတြေၾကာင့္ အႀကီးအက်ယ္ေရလႊမ္းမိုးမႈမ်ားျဖစ္ေပၚေစခဲ့ပါတယ္။ဒီဇင္ဘာ ၁၃ ရက္ေန႔ က Currumbin ၿမိဳ႕ ရဲ႕ ပင္လယ္ကမ္းေျခ ကုန္းတြင္းပိုင္းေဒသမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ အိမ္ၿခံေျမမ်ားေရလႊမ္းသြားခဲ့ေပမဲ့ အမ်ိဳးသမီးတစ္ဦးဟာ မေၾကာက္မလန္႔နဲ႔ သူမအသက္ကို စြန္႔စားရင္း ပင္လယ္ထဲသို႔ ဦးတည္ဆင္းသြားၿပီး ေရလႈိင္းနဲ႔အတူေမ်ာပါေနတဲ့ဘီယာစည္ပိုင္းေတြကို ဆယ္ယူေနခဲ့တာေၾကာင့္ သူမသတင္း လူေျပာမ်ားသြားခဲ့ပါတယ္။ဒီဇင္ဘာလ ၁၅ ရက္ေန႔ မွာ Surf Life Saving Queensland မွ ေဒသခံေတြကို ေရထဲမွထြက္ခြာရန္ ၊ ေရလႈိင္းမ်ားႏွင့္ ထိေတြ႕ေနတဲ့ေနရာေတြမွာ လမ္းမေလွ်ာက္ၾကရန္ သတိေပးခဲ့ပါတယ္။

ထို႔အျပင္ တံငါသည္မ်ား ႏွင့္ ေလွသမားမ်ားအား အလုပ္မလုပ္ေသးဖို႔လည္း တိုက္တြန္းခဲ့ရပါတယ္။ေလျပင္းတိုက္ခတ္မႈ ႏွင့္ မိုးသည္းထန္စြာ႐ြာသြန္းမႈတို႔ေၾကာင့္ ၈ မီတာျမင့္တဲ့ေရလႈိင္းေတြဟာ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ရွိ ေနအိမ္မ်ားကို ဖ်က္ဆီးပစ္ခဲ့သလို ေအးခ်မ္းသာယာတဲ့ေက်းလက္ျမင္ကြင္းအခ်ိဳ႕ကိုလည္း ဖ်က္ဆီးပစ္ခဲ့ပါတယ္။Griffith University ရွိ ပင္လယ္ကမ္းေျခစီမံအုပ္ခ်ဳပ္မႈအတြက္ သုေတသနလုပ္ေနသူ Tom Murray ဟာ ” လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက ျဖစ္ပြါးခဲ့တဲ့ဒဏ္ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈေတြ မ်ားေနၿပီး ဒီလိုမုန္တိုင္းထန္လာတဲ့အခါမွာ ကမ္းေျခကို ကာကြယ္ဖို႔ သဲေသာင္ေတြမရွိေတာ့ဘူး ၊ တိုက္ခတ္မႈဒဏ္ကို သက္သာေစတဲ့ ၾကားခံနယ္မရွိေတာ့တဲ့အျပင္ ဒီေရတက္လာၿပီး ႀကီးမားတဲ့လႈိင္းလုံးႀကီးေတြ တိုက္ခတ္ေနျခင္းေၾကာင့္ ေတာ္ေတာ္ေလး ဆိုး႐ြားသြားေစခဲ့တယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

Greg Leach အမည္ရွိ Queensland မီးသတ္ ႏွင့္ အေရးေပၚ၀န္ေဆာင္မႈေကာ္မရွင္နာက အာဏာပိုင္မ်ားအေနနဲ႔ အရာအားလုံးကို ျပန္လည္ထူထႏိုင္ရန္ ႀကိဳးစားေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။”ၿပီးခဲ့တဲ့အပတ္ကေတာ့ ဩစေၾတးလ်မွာ ေတာမီးေလာင္မႈကို ႀကဳံေတြ႕ခဲ့ရၿပီး အခုရင္ဆိုင္ေနရတဲ့ ရာသီဥတုထပ္ ဆိုး႐ြားမယ့္အရာကို လာမယ့္လမွာ ေတြ႕ႀကဳံရဖြယ္ရွိတာမို႔ ကြၽန္ေတာ္တို႔ ႀကိဳတင္ျပင္ဆင္ထားဖို႔လိုတယ္” လို႔လည္း Greg Leach က ထပ္မံေျပာၾကားခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : ladbible

Unicode

ဩစတေးလျနိုင်ငံ Queensland ပြည်နယ် နှင့် New South Wales မြောက်ပိုင်းတို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းမုန်တိုင်းတွေကြောင့် အကြီးအကျယ်ရေလွှမ်းမိုးမှုများဖြစ်ပေါ်စေခဲ့ပါတယ်။ဒီဇင်ဘာ ၁၃ ရက်နေ့ က Currumbin မြို့ ရဲ့ ပင်လယ်ကမ်းခြေ ကုန်းတွင်းပိုင်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြံမြေများရေလွှမ်းသွားခဲ့ပေမဲ့ အမျိုးသမီးတစ်ဦးဟာ မကြောက်မလန့်နဲ့ သူမအသက်ကို စွန့်စားရင်း ပင်လယ်ထဲသို့ ဦးတည်ဆင်းသွားပြီး ရေလှိုင်းနဲ့အတူမျောပါနေတဲ့ဘီယာစည်ပိုင်းတွေကို ဆယ်ယူနေခဲ့တာကြောင့် သူမသတင်း လူပြောများသွားခဲ့ပါတယ်။ဒီဇင်ဘာလ ၁၅ ရက်နေ့ မှာ Surf Life Saving Queensland မှ ဒေသခံတွေကို ရေထဲမှထွက်ခွာရန် ၊ ရေလှိုင်းများနှင့် ထိတွေ့နေတဲ့နေရာတွေမှာ လမ်းမလျှောက်ကြရန် သတိပေးခဲ့ပါတယ်။

ထို့အပြင် တံငါသည်များ နှင့် လှေသမားများအား အလုပ်မလုပ်သေးဖို့လည်း တိုက်တွန်းခဲ့ရပါတယ်။လေပြင်းတိုက်ခတ်မှု နှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် ၈ မီတာမြင့်တဲ့ရေလှိုင်းတွေဟာ ကမ်းရိုးတန်းတစ်လျှောက်ရှိ နေအိမ်များကို ဖျက်ဆီးပစ်ခဲ့သလို အေးချမ်းသာယာတဲ့ကျေးလက်မြင်ကွင်းအချို့ကိုလည်း ဖျက်ဆီးပစ်ခဲ့ပါတယ်။Griffith University ရှိ ပင်လယ်ကမ်းခြေစီမံအုပ်ချုပ်မှုအတွက် သုတေသနလုပ်နေသူ Tom Murray ဟာ ” လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဖြစ်ပွါးခဲ့တဲ့ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ များနေပြီး ဒီလိုမုန်တိုင်းထန်လာတဲ့အခါမှာ ကမ်းခြေကို ကာကွယ်ဖို့ သဲသောင်တွေမရှိတော့ဘူး ၊ တိုက်ခတ်မှုဒဏ်ကို သက်သာစေတဲ့ ကြားခံနယ်မရှိတော့တဲ့အပြင် ဒီရေတက်လာပြီး ကြီးမားတဲ့လှိုင်းလုံးကြီးတွေ တိုက်ခတ်နေခြင်းကြောင့် တော်တော်လေး ဆိုးရွားသွားစေခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။

Greg Leach အမည်ရှိ Queensland မီးသတ် နှင့် အရေးပေါ်၀န်ဆောင်မှုကော်မရှင်နာက အာဏာပိုင်များအနေနဲ့ အရာအားလုံးကို ပြန်လည်ထူထနိုင်ရန် ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။”ပြီးခဲ့တဲ့အပတ်ကတော့ ဩစတြေးလျမှာ တောမီးလောင်မှုကို ကြုံတွေ့ခဲ့ရပြီး အခုရင်ဆိုင်နေရတဲ့ ရာသီဥတုထပ် ဆိုးရွားမယ့်အရာကို လာမယ့်လမှာ တွေ့ကြုံရဖွယ်ရှိတာမို့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်” လို့လည်း Greg Leach က ထပ်မံပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment