‘ချစ်မြဲ ချစ်နေဆဲ’ ဆိုတာကို သက်သေပြနေတဲ့ အဘိုးအဘွားစုံတွဲရဲ့အဖြစ်အပျက်လေး


1

2

3

4

Mia (Mckzone Daily)

Source : 小回忆 Little Memories

Unicode

လင်မယားဆိုတဲ့အချစ်မျိုးက အတော်လေးကိုနက်နဲခိုင်မာလွန်းလှပြီး ၊ တစ်ဦးအပေါ်တစ်ဦး သစ္စာတရားခိုင်မာစွာတည်မြဲပြီး တစ်သက်တာအတူလျှောက်လှမ်းသွားကြရမဲ့အချစ်မျိုးပါ ။ ဒါပေမဲ့ တစ်ခါတစ်လေ နားလည်မှုတွေလွဲပြီး စိတ်ဆိုးဒေါသထွက်ကာ ရန်ဖြစ်တတ်ကြပေမဲ့လည်း မခွဲနိုင်တဲ့စိတ်မျိုးနဲ့ အတူပေါင်းသင်နေထိုင်ကြသူတွေပါ ။ ဒါကြောင့် ဒီတစ်ခေါက်ဖော်ပြမဲ့ အဘိုးအဘွားဟာ တစ်ယောက်အပေါ် တစ်ယောက်မြတ်နိုးချစ်ခင်လွန်းတဲ့ပုံရိပ်တွေကြောင့် အဘိုးဖြစ်သူကို လူအတော်အများက အားကျနေကြလျက်ရှိပါတယ် ။ အရင်လိုမကျန်းမာတော့တဲ့အဘိုးဖြစ်သူကို ပြုစုစောင့်ရှောက်ပြီး တဖွဖွနမ်းရှိုက်ပေးနေတဲ့ ဇနီးမျိုးကို အဘိုးကပိုင်ဆိုင်ထားရလို့ပါ ။ အဲ့လို လက်တွဲဖော်မျိုးပိုင်ဆိုင်ထားနိုင်သူက အတော်လေးကို ကံကောင်းလွန်းလှတယ်လို့ ပြောရမှာပါပဲ ။

Mia (Mckzone Daily)

  • Leave a Comment