ဂုဏ်ပြုဖို့ရောက်လာတဲ့ ရည်းစားဟောင်းကိုမြင်ပြီးနောက် အော်ဟစ်ငိုကြွေးရင်း သတိလစ်သွားခဲ့တဲ့ သတို့သမီး (ရုပ်သံ)




1

2

3

4

Mia (Mckzone Daily)

Source : worldofbuzz

Unicode

ပြီးခဲ့တဲ့စနေနေ့က အင်ဒိုနီးရှားနိုင်ငံ အနောက် Lombok ကျွန်းဆွယ်ရှိ Labuan Lombok ကျေးရွာမှာ Aollina Alfia Lestari အမည်ရှိတဲ့သတို့သမီးရဲ့လက်ထပ်ပွဲကို Adrian Hidayat အမည်ရှိတဲ့သူမရည်းစားဟောင်းက ရည်ရွယ်ချက်ကင်းကင်းနဲ့ တက်ရောက်ခဲ့ပေမဲ့ ပွဲရှိဧည့်သည်တွေက အနက်ရောင်ရှပ်အင်္ကျီ ဝတ်ထားတဲ့သူဟာ သတို့သမီးရဲ့ရည်းစားဟောင်းဖြစ်ခဲ့ကြောင်းကို သတိထားမိတော့ သူ့ကို စင်ပေါ်သို့ခေါ်တက်ပြီး ဇနီးမောင်နှံအသစ်အား ဂုဏ်ပြုစေခဲ့ပါတယ်။သို့ပေမဲ့ သတို့သမီးဟာ သူမရည်းစားဟောင်းကို မြင်တော့ ရုတ်တရက် ငိုကြွေးကာ ယူကြုံးမရတော့သလို အော်ဟစ်နေခဲ့ပါတယ်။သတို့သမီး ဆူဆူညံညံအော်ဟစ်နေတုန်း Adrian ကတော့ သတို့သားကို ပွေ့ဖက်ဂုဏ်ပြုနေခဲ့ပြီး သတို့သမီး ဘာကြောင့် ငိုကြွေးနေရတာကို မိသားစုကသိသွားတော့ Adrian ကို စင်ပေါ်ကနေဆင်းခိုင်းခဲ့ကာ သူမအား ငြိမ်သက်သွားအောင်လုပ်ဖို့ကြိုးစားခဲ့ပေမယ့် သတို့သမီးဟာ နေရာမှာဘဲ ရုတ်တရက် သတိလစ်သွားခဲ့ပါတယ်။

Adrian က ” ကျွန်တော်လည်း မာနရှိတဲ့လူတစ်ယောက်ပါ ၊ သူတို့ပွဲကို မတက်ချင်ခဲ့ပေမဲ့ ဖိတ်စာက ကျွန်တော့်ဆီရောက်လာတော့ ဖိတ်ကြားမှုကို လေးစားတဲ့အနေနဲ့ ကျွန်တော် ပွဲကို တက်ခဲ့တယ် ၊ ဘုရားသခင်က အခမ်းအနားကို တက်ဖို့ ကျွန်တော့်ကို အခွင့်အလမ်းပေးခဲ့ပုံပါဘဲ ” လို့ ဆိုပြီး သူဟာ စိတ်သန့်သန့်နဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တာပါ။Adrian က သူရောက်ရှိနေခြင်းက ပြဿနာတွေကို ဖန်တီးဖို့ ရည်ရွယ်ခြင်းမဟုတ်ကြောင်း ၊ ထို့အပြင် လူသိထင်ရှားဖြစ်သွားတဲ့ဗီဒီယိုကြောင့် နားလည်မှုလွဲမှားခြင်းရှိခဲ့ရင် တောင်းပန်ချင်ကြောင်းကို “YouTube ဒါမှမဟုတ် ဆိုရှယ်မီဒီယာတွေမှာ ပေါက်ကြားသွားခဲ့လို့ တောင်းပန်ပါတယ် ၊ ကျွန်တော် ဘာမှမသိပါဘူး ၊ ကျွန်တော်က တရားခံလိုဖြစ်နေတယ် ” လို့ ထပ်မံပြောဆိုခဲ့ပါတယ်။

အခြားသတင်းတွေအရ Adrian ဟာ သတို့သမီးရဲ့ရည်းစားဟောင်းဘဲလို့ဆိုကြပေမဲ့ အင်တာနက်အသုံးပြုသူအချို့ကတော့ ခင်ပွန်းဟောင်းဖြစ်ကြောင်းလည်း ဆိုထားကြပါတယ်။Dedi အမည်ရှိတဲ့သတို့သားက မင်္ဂလာပွဲနေ့မှာ ရည်းစားဟောင်းနှင့်ပြန်တွေ့တုန်း ငိုယိုခဲ့တဲ့ဇနီးဖြစ်သူရဲ့အပြုအမူကိုခွင့်လွှတ်ပေးခဲ့ပြီး အဆိုပါအဖြစ်အပျက်မှာ ဇနီးသည်က စိတ်မတည်ငြိမ်တာကြောင့် သတိလစ်သွားခဲ့တာလို့ဘဲ ဆိုခဲ့ပါတယ် ။သတို့သမီး Aolinna ကလည်း သူမရဲ့အခြေအနေကို မထိန်းချုပ်နိုင်ခဲ့လို့ ခင်ပွန်း Dedi နှင့် သူ့မိသားစုအား ပြန်တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့ အချို့ကလည်း Adrian က ဝင်ငွေနည်းလို့ သတို့သမီးမိဘတွေက သူတို့ရဲ့အိမ်ထောင်ရေးကို ကွာပစ်ခဲ့တယ်လို့လည်း ဆိုထားကြပါတယ်။

Mia (Mckzone Daily)

  • Leave a Comment