Facebook Live မွာ လူတစ္ေယာက္က ပစၥည္းေတြကိုဝယ္ဖို႔ မန္႔ေတာ့ မ်က္ရည္က်သြားခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

COVID-19 ဟာ လူတို႔ရဲ႕ေငြေရးေၾကးေရးအေပၚ သက္ေရာက္မႈေတြရွိေစခဲ့ၿပီး အလုပ္ေတြ ေလွ်ာ့ခ်ခံရသလို လူတိုင္းက အိမ္မွာဘဲ ေနၾကရတာပါ။မေလးရွားႏိုင္ငံ Sabah ျပည္နယ္ မွ Niyyar Bin Bakri အမည္ရွိတဲ့အမ်ိဳးသားတစ္ဦးဟာ လူအမ်ားကဲ့သို႔ ကိုယ့္အတြက္ နဲ႔ မိသားစုေတြကို ေထာက္ပံ့ရန္ အေသးစား စီးပြါးေရးလုပ္ငန္းတစ္ခုကို စတင္ဖြင့္လွစ္ခဲ့သူပါ။သို႔ေပမဲ့ Sabah ျပည္နယ္ဟာ COVID-19 ေၾကာင့္ အႀကီးအက်ယ္ထိခိုက္ခဲ့ၿပီး အစုလိုက္အၿပဳံလိုက္ေရာဂါျဖစ္ပြါးမႈမ်ား ဆက္လက္ျဖစ္ပြါးေနဆဲမို႔ အာဏာပိုင္မ်ားမွ တင္းၾကပ္စြာ သတ္မွတ္ထားတဲ့ Quarantine စည္းမ်ဥ္းမ်ားကို ျပည္သူေတြက လိုက္နာေနရတာေၾကာင့္ Niyyar ဟာ သူ႔ရဲ႕ေန႔စဥ္ကုန္က်စရိတ္ကို ကာမိေစဖို႔ Facebook မွာ Live လြင့္ရင္း သူ႔ရဲ႕ Adidas စုေဆာင္းမႈေတြကို ေရာင္းခ်ခဲ့ပါတယ္။

႐ုတ္တရက္ အမ်ိဳးသမီးတစ္ဦးက သူ႔ရဲ႕စုေဆာင္းထားသမွ် ပစၥည္းရဲ႕ တစ္မ်ိဳးခ်င္းစီေပါင္း RM 3,000 (၁၀ သိန္းေက်ာ္) ဖိုးနဲ႔ ၀ယ္ယူမယ္ လို႔ မန္႔ေတာ့ Niyyarဟာ သူခက္ခဲပက္ပန္းခဲ့သမွ် အႀကဳံးဝင္သြားခဲ့လို႔ အေပ်ာ္မ်က္ရည္က်သြားခဲ့ပါတယ္။”အစာအာဟာရက ဘယ္ေတာ့မွ လိပ္စာမွားမွာ မဟုတ္ဘူး ၊ ဘုရားသခင္သာ အလိုေတာ္ရွိရင္ မင္းရဲ႕ခ်မ္းသာႂကြယ္ဝမႈကို ဘယ္ေတာ့မွ ရပ္တန႔္ႏိုင္မွာ မဟုတ္ဘူး “လို႔ Azarinah Binti Awang အမည္ရွိတဲ့ Niyyarရဲ႕သူငယ္ခ်င္းက သူ႔လုပ္ငန္းကို ေထာက္ခံအားေပးခဲ့ပါတယ္။

Niyyar ဟာ သူ႔ရဲ႕ Adidas ထုတ္ကုန္ေတြကို အခ်ိန္အေတာ္ၾကာစုေဆာင္းခဲ့ၿပီး ဒီဇင္ဘာ ၁၂ ရက္ေန႔ နံနက္မွာ သူ႔ကစၥည္းအားလုံးကို ေရာင္းခ်ႏိုင္ခဲ့ၿပီး ” Niyyar က ခံစားလိုက္ရသလို သူ႔ကိုယ္သူလည္း ဂုဏ္ယူေနခဲ့တယ္” လို႔ Azarinah က ထပ္မံ ေျပာျပထားပါတယ္။Niyyarဟာ သူ႔ရဲ႕ live ကို တိုက္႐ိုက္ၾကည့္ေနသူေတြတိုင္းကို မ်က္ရည္ က်ေစခဲ့ၿပီး သူတို႔ကလည္း ေပ်ာ္႐ႊင္ေစတဲ့စကား ၊ အားေပးစကားေတြ ေျပာေပးခဲ့ၾကပါတယ္။ Niyyar လည္း ေနာက္ဆုံး သူ႔ရဲ႕စုေဆာင္းမႈေတြကို အကုန္ေရာင္းခ်ႏိုင္ခဲ့ၿပီး COVID-19 ကူးစက္ေရာဂါေၾကာင့္ ျဖစ္တဲ့ဝန္ထုပ္ဝန္ပိုးေတြအတြက္လည္း စိတ္သက္သာရာရသြားခဲ့ရပါတယ္။

1

2

3

Mia (Mckzone Daily)

Source : siakapkeli

Unicode

COVID-19 ဟာ လူတို့ရဲ့ငွေရေးကြေးရေးအပေါ် သက်ရောက်မှုတွေရှိစေခဲ့ပြီး အလုပ်တွေ လျှော့ချခံရသလို လူတိုင်းက အိမ်မှာဘဲ နေကြရတာပါ။မလေးရှားနိုင်ငံ Sabah ပြည်နယ် မှ Niyyar Bin Bakri အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ လူအများကဲ့သို့ ကိုယ့်အတွက် နဲ့ မိသားစုတွေကို ထောက်ပံ့ရန် အသေးစား စီးပွါးရေးလုပ်ငန်းတစ်ခုကို စတင်ဖွင့်လှစ်ခဲ့သူပါ။သို့ပေမဲ့ Sabah ပြည်နယ်ဟာ COVID-19 ကြောင့် အကြီးအကျယ်ထိခိုက်ခဲ့ပြီး အစုလိုက်အပြုံလိုက်ရောဂါဖြစ်ပွါးမှုများ ဆက်လက်ဖြစ်ပွါးနေဆဲမို့ အာဏာပိုင်များမှ တင်းကြပ်စွာ သတ်မှတ်ထားတဲ့ Quarantine စည်းမျဉ်းများကို ပြည်သူတွေက လိုက်နာနေရတာကြောင့် Niyyar ဟာ သူ့ရဲ့နေ့စဉ်ကုန်ကျစရိတ်ကို ကာမိစေဖို့ Facebook မှာ Live လွင့်ရင်း သူ့ရဲ့ Adidas စုဆောင်းမှုတွေကို ရောင်းချခဲ့ပါတယ်။

ရုတ်တရက် အမျိုးသမီးတစ်ဦးက သူ့ရဲ့စုဆောင်းထားသမျှ ပစ္စည်းရဲ့ တစ်မျိုးချင်းစီပေါင်း RM 3,000 (၁၀ သိန်းကျော်) ဖိုးနဲ့ ၀ယ်ယူမယ် လို့ မန့်တော့ Niyyarဟာ သူခက်ခဲပက်ပန်းခဲ့သမျှ အကြုံးဝင်သွားခဲ့လို့ အပျော်မျက်ရည်ကျသွားခဲ့ပါတယ်။”အစာအာဟာရက ဘယ်တော့မှ လိပ်စာမှားမှာ မဟုတ်ဘူး ၊ ဘုရားသခင်သာ အလိုတော်ရှိရင် မင်းရဲ့ချမ်းသာကြွယ်ဝမှုကို ဘယ်တော့မှ ရပ်တန့်နိုင်မှာ မဟုတ်ဘူး “လို့ Azarinah Binti Awang အမည်ရှိတဲ့ Niyyarရဲ့သူငယ်ချင်းက သူ့လုပ်ငန်းကို ထောက်ခံအားပေးခဲ့ပါတယ်။

Niyyar ဟာ သူ့ရဲ့ Adidas ထုတ်ကုန်တွေကို အချိန်အတော်ကြာစုဆောင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက်မှာ သူ့ကစ္စည်းအားလုံးကို ရောင်းချနိုင်ခဲ့ပြီး ” Niyyar က ခံစားလိုက်ရသလို သူ့ကိုယ်သူလည်း ဂုဏ်ယူနေခဲ့တယ်” လို့ Azarinah က ထပ်မံ ပြောပြထားပါတယ်။Niyyarဟာ သူ့ရဲ့ live ကို တိုက်ရိုက်ကြည့်နေသူတွေတိုင်းကို မျက်ရည် ကျစေခဲ့ပြီး သူတို့ကလည်း ပျော်ရွှင်စေတဲ့စကား ၊ အားပေးစကားတွေ ပြောပေးခဲ့ကြပါတယ်။ Niyyar လည်း နောက်ဆုံး သူ့ရဲ့စုဆောင်းမှုတွေကို အကုန်ရောင်းချနိုင်ခဲ့ပြီး COVID-19 ကူးစက်ရောဂါကြောင့် ဖြစ်တဲ့ဝန်ထုပ်ဝန်ပိုးတွေအတွက်လည်း စိတ်သက်သာရာရသွားခဲ့ရပါတယ်။

Mia (Mckzone Daily)

  • Leave a Comment