အသက်ကြီးကြီးကာတွန်းဇာတ်ကောင်တွေကို cosplay လုပ်ပြီး ပွဲတွေတက်ရောက်လေ့ရှိတဲ့ အမျိုးသမီး


1

2

3

4

5

6

7

8

9

10

11

12

13

14

Mia (Mckzone Daily)

Source : earthwonders

Unicode

အခုဖော်ပြပေးမဲ့ဓာတ်ပုံတွေက ကာတွန်းကားဝတ်စုံတွေက ကလေးတွေအတွက်ဘဲ မဟုတ်ကြောင်း သက်သေပြနေပါတယ်။ဘရာဇီးနိုင်ငံမှာ နေထိုင်တဲ့ Solange Amorim အမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ ကာတွန်းကားဝတ်စုံတွေကို ဝတ်ဆင်ပြီး ဒေသခံ cosplay ပွဲများတက်ရောက်ရတာကို ကြိုက်နှစ်သက်သလို သူမဟာ ပွဲထဲကလူတွေကို သူမနှင့် ကွက်တိဖြစ်တဲ့ပေါ့ပ်ယဉ်ကျေးမှုဝတ်စုံများဖြင့်လည်း အံအားသင့်စေတတ်သူတစ်ဦးပါ။ကာတွန်း cosplay ကို နှစ်သက်တာနှင့်အမျှ သူမဟာ ငယ်ရွယ်တဲ့ဇာတ်ကောင်တွေကို မရွေးချယ်ဘဲ Courage The Cowardly Dog မှ Muriel ၊ Spirited Away မှ Yubaba နှင့် Cinderella မှ fairy godmother စသဖြင့် အသက်ကြီးကြီးဇာတ်ကောင်တွေကိုသာ ရွေးချယ်ပြီး သူမရဲ့ယုံကြည်မှုကမ္ဘာတစ်ခုကို ဖန်တီးလေ့ရှိပါတယ်။သူမဟာ cosplay ကို ရပ်တန့်အုံးမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါသေးတယ်။ ဒီတော့ Amorim ရဲ့ cosplay ထားတဲ့ဓာတ်ပုံအချို့ကို စာဖတ်သူတို့အဖို့ ဝေမျှပေးခဲ့လိုက်ပါတယ်နော်။

Mia (Mckzone Daily)

  • Leave a Comment