ေ႐ွးေဟာင္းပစၥည္းေတြနဲ႔ျပည့္ႏွက္ေနတဲ့ ျပတိုက္ကိုအခမဲ့ဖြင့္ခဲ့ေပမဲ့ လာေရာက္ၾကည့္႐ႈသူေတြရဲ႕ေက်းဇူးကန္းျခင္းခံခဲ့ရသူ

မေလး႐ွားႏိုင္ငံက ” Rumahku Muziumku ” အမည္႐ွိတဲ့ ျပတိုက္အငယ္ေလးကို ဖြင့္လွစ္ထားတဲ့ အသက္ 81 ႏွစ္အရြယ္ Nordin Ali ဆိုသည့္အဘိုးအိုအတြက္ကေတာ့ အေတာ္ေလးကိုစိတ္မေကာင္းတဲ့အျဖစ္နဲ႔ၾကံဳေတြ႕ေနရပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ အဘိုးအိုဟာသူ၏ျပတိုက္႐ွိေ႐ွးေဟာင္းပစၥည္းမ်ားကို အခမဲ့ဝင္ေရာက္ၾကည့္႐ႈခြင့္ေပးထားေပမဲ့လည္း ယခုအခ်ိန္မွေတာ့အခ်ိဳ႕ေသာ မသမာသူမ်ားက ျပတိုက္႐ွိေ႐ွးေဟာင္ပစၥည္းမ်ားကို ခိုးယူခဲ့တဲ့အတြက္ ၾကာလာေတာ့ မသက္ႏိုင္ေတာ့တဲ့အဆံုး ျပတိုက္ငယ္ေလးကိုပိတ္ပစ္လိုက္ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္ ။ Nordin Ali ႏွင့္ သူ၏ဇနီးျဖစ္သူ Maznah အသက္ 60 တို႔ဟာ ၎တို႔၏ျပတိုက္ကိုၾကီးၾကပ္ဖို႔ အေတာ္ေလးကိုအသက္ႀကီးေနၿပီျဖစ္သည့္အျပင္ က်န္မာေရးအေျခအေနကလည္း အရင္ခ်ိန္ကကဲ့သို႔မေကာင္းမြန္ေတာ့တဲ့အတြက္ သူခိုးေတြအတြက္ကေတာ့ ပစၥည္းခိုးယူဖို႔ ပိုၿပီးလြယ္ကူေစခဲ့ပါတယ္ ။

ေပ်ာက္ဆံုးသြားေသာ ပစၥည္းမ်ားဟာ အမ်ိဳးအေရအတြက္ေပါင္း 16 မ်ိဳးအထိ႐ွိခဲ့ၿပီး ၊ ေၾကးနီပန္းကန္လံုး ႏွင့္ ေ႐ွးေဟာင္းမီးပူမွာေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလကမွ ေပ်ာက္ဆံုးသြားခဲ့တာျဖစ္ပါတယ္ ။ အဘိုးအိုကေတာ့ သူ၏ပိုက္ဆံေပ်ာက္ဆံုးသြားခဲ့ရင္ေတာင္ စိတ္မဆိုးေပမဲ့ သူႏွစ္႐ွည္လမ်ားစြာ႐ွာေဖြစုေဆာင္းထားခဲ့တဲ့ ေ႐ွးေဟာင္းပစၥည္းမ်ား ေပ်ာက္ဆံုးသြားခဲ့တဲ့အတြက္ အေတာ္ေလးကိုစိတ္ဆိုးဝမ္းနည္းမိေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။

အဆိုပါေနအိမ္ျပတိုက္ေလးကို 1982 ခုႏွစ္မွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီး 2002 ခုႏွစ္ကတည္းကစၿပီး ဖြင့္လွစ္ခဲ့ကာ ၊ ျပတိုက္ကို 17 ႏွစ္ၾကာဖြင့္လွစ္ခဲ့ၿပီးတာ ျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။ ထို႔ျပင္ ျပတိုက္ထဲတြင္ေ႐ွးေဟာင္ပစၥည္းအေရအတြက္ေပါင္း 2500 ခန္႔႐ွိၿပီး ၊ ႏွစ္ေပါင္း1500 ခန္႔က အေျမာက္ဆန္လံုး ႏွင့္ ႏွစ္ေပါင္း400 ခန္႔က တူရကီေမ်ွာ္စင္ေတြမွာအသံုးျပဳတဲ့ မီးတုတ္ ေတြပါ႐ွိေၾကာင္းသိ႐ွိရပါတယ္ ။ ထို႔အျပင္ Nordin တို႔ဇနီးေမာင္ႏွံအတြက္ကေတာ့ ေစတနာႏွင့္ေဝမ်ွေပးခ်င္လို႔တဲ့ရည္ရြယ္ခ်က္နဲ႔ဖြင့္ခဲ့တဲ့ျပတိုက္ရဲ႕ အခ်ိန္ကာလဟာလည္း အေတာ္ေလးကိုလံုေလာက္ေနၿပီလို႔ ေျပာလို႔ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံက ” Rumahku Muziumku ” အမည်ရှိတဲ့ ပြတိုက်အငယ်လေးကို ဖွင့်လှစ်ထားတဲ့ အသက် 81 နှစ်အရွယ် Nordin Ali ဆိုသည့်အဘိုးအိုအတွက်ကတော့ အတော်လေးကိုစိတ်မကောင်းတဲ့အဖြစ်နဲ့ကြုံတွေ့နေရပါတယ် ။ ဘာလို့လည်းဆိုတော့ အဘိုးအိုဟာသူ၏ပြတိုက်ရှိရှေးဟောင်းပစ္စည်းများကို အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပေးထားပေမဲ့လည်း ယခုအချိန်မှတော့အချို့သော မသမာသူများက ပြတိုက်ရှိရှေးဟောင်ပစ္စည်းများကို ခိုးယူခဲ့တဲ့အတွက် ကြာလာတော့ မသက်နိုင်တော့တဲ့အဆုံး ပြတိုက်ငယ်လေးကိုပိတ်ပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ Nordin Ali နှင့် သူ၏ဇနီးဖြစ်သူ Maznah အသက် 60 တို့ဟာ ၎င်းတို့၏ပြတိုက်ကိုကြီးကြပ်ဖို့ အတော်လေးကိုအသက်ကြီးနေပြီဖြစ်သည့်အပြင် ကျန်မာရေးအခြေအနေကလည်း အရင်ချိန်ကကဲ့သို့မကောင်းမွန်တော့တဲ့အတွက် သူခိုးတွေအတွက်ကတော့ ပစ္စည်းခိုးယူဖို့ ပိုပြီးလွယ်ကူစေခဲ့ပါတယ် ။

ပျောက်ဆုံးသွားသော ပစ္စည်းများဟာ အမျိုးအရေအတွက်ပေါင်း 16 မျိုးအထိရှိခဲ့ပြီး ၊ ကြေးနီပန်းကန်လုံး နှင့် ရှေးဟောင်းမီးပူမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ် ။ အဘိုးအိုကတော့ သူ၏ပိုက်ဆံပျောက်ဆုံးသွားခဲ့ရင်တောင် စိတ်မဆိုးပေမဲ့ သူနှစ်ရှည်လများစွာရှာဖွေစုဆောင်းထားခဲ့တဲ့ ရှေးဟောင်းပစ္စည်းများ ပျောက်ဆုံးသွားခဲ့တဲ့အတွက် အတော်လေးကိုစိတ်ဆိုးဝမ်းနည်းမိကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

အဆိုပါနေအိမ်ပြတိုက်လေးကို 1982 ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး 2002 ခုနှစ်ကတည်းကစပြီး ဖွင့်လှစ်ခဲ့ကာ ၊ ပြတိုက်ကို 17 နှစ်ကြာဖွင့်လှစ်ခဲ့ပြီးတာ ဖြစ်ကြောင်းသိရှိရပါတယ် ။ ထို့ပြင် ပြတိုက်ထဲတွင်ရှေးဟောင်ပစ္စည်းအရေအတွက်ပေါင်း 2500 ခန့်ရှိပြီး ၊ နှစ်ပေါင်း1500 ခန့်က အမြောက်ဆန်လုံး နှင့် နှစ်ပေါင်း400 ခန့်က တူရကီမျှော်စင်တွေမှာအသုံးပြုတဲ့ မီးတုတ် တွေပါရှိကြောင်းသိရှိရပါတယ် ။ ထို့အပြင် Nordin တို့ဇနီးမောင်နှံအတွက်ကတော့ စေတနာနှင့်ဝေမျှပေးချင်လို့တဲ့ရည်ရွယ်ချက်နဲ့ဖွင့်ခဲ့တဲ့ပြတိုက်ရဲ့ အချိန်ကာလဟာလည်း အတော်လေးကိုလုံလောက်နေပြီလို့ ပြောလို့ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေ႐ွးေဟာင္းပစၥည္းေတြနဲ႔ျပည့္ႏွက္ေနတဲ့ ျပတိုက္ကိုအခမဲ့ဖြင့္ခဲ့ေပမဲ့ လာေရာက္ၾကည့္႐ႈသူေတြရဲ႕ေက်းဇူးကန္းျခင္းခံခဲ့ရသူ"

Leave a comment

Your email address will not be published.


*