ေဘးပတ္လည္ သမုဒၵရာဝိုင္းရံထားၿပီး ကမာၻ႔အထီးက်န္ဆုံးအိမ္လို႔ လူသိမ်ားေနတဲ့ အိမ္ေလး (႐ုပ္သံ)

အခုတစ္ေခါက္မွာေတာ့ ကမာၻ႔အထီးက်န္ဆုံးအိမ္လို႔ လူသိမ်ားတဲ့ Iceland ႏိုင္ငံ ရဲ႕ေတာင္ဘက္ကမ္း႐ိုးတန္းရွိ Elliðaey ကြၽန္းငယ္ေလးေပၚမွာ သမုဒၵရာေဘးပတ္လည္ဝိုင္းရံေနၿပီး စိမ္းလန္းတဲ့ေတာင္ကုန္း ျမက္ခင္းလြင္ျပင္မွာ တည္ရွိေနတဲ့ အထင္ကရအိမ္ေလးအေၾကာင္းပါ။ ၁၉၃၀ ျပည့္လြန္ႏွစ္မ်ားမွစၿပီး လူေနထိုင္ျခင္းမရွိေတာ့တဲ့ အဆိုပါ လူလုပ္အေဆာက္အဦးကို ေကာင္းမြန္စြာ ထိန္းသိမ္းထားပုံရတာက လူအမ်ားကို ပိုၿပီး အံ့အားသင့္ေစခဲ့ပါတယ္။ႏွစ္ေပါင္းမ်ားစြာတစ္ေလွ်ာက္လုံး အထီးက်န္ေနခဲ့တဲ့အဆိုပါအိမ္ေလးကို အမ်ားႏွင့္မတူ တစ္မူထူးတဲ့စီးပြားေရးသမားတစ္ဦးက ကမာၻ႔ပ်က္ကိန္းရဲ႕အရိပ္အာဝါသတစ္ခုအျဖစ္ တည္ေဆာက္ခဲ့တာပါ။ ယခင္က လူဦးေရမ်ားတဲ့မိသားစုတစ္စုက အဆိုပါအိမ္မွာ ၁၉၃၀ ျပည့္ႏွစ္ေတြအထိ ေနထိုင္ခဲ့ၾကေပမဲ့ ေနာက္ဆုံး ပိုမိုေကာင္းမြန္တဲ့ Icelandရွိ လူဦးေရထူထပ္တဲ့ေဒသမ်ားသို႔ ေျပာင္းေ႐ႊ႕ရန္ ဆုံးျဖတ္ခဲ့ၾကပါတယ္။

သို႔ေပမဲ့ သူတို႔က ငါးမွ်ားထြက္ဖို႔ ကြၽန္းသို႔ အခါအားေလ်ာ္စြာ ျပန္လာတတ္ၾကၿပီး ၁၉၅၀ ျပည့္ႏွစ္ေနာက္ပိုင္းမွာေတာ့ အဆိုပါအိမ္ဟာ Elliðaey Hunting Association ဆိုတဲ့အမဲလိုက္သမား အဖြဲ႕ရဲ႕တည္းခိုခန္း တစ္ခုျဖစ္သြားခဲ့ပါတယ္။လူအမ်ားက အဆိုပါအိမ္ကို ကမာၻေပၚရွိအဆင္အေျပဆုံးအိမ္လို႔ ဆိုၾကေပမဲ့ တစ္ကယ္တမ္း ၿခံစည္း႐ိုးတစ္ခုဘဲရွိၿပီး ျပင္းထန္တဲ့မုန္တိုင္း ႏွင့္ ပင္လယ္ငွက္မ်ားအတြက္ အသိုက္လုပ္လို႔ေကာင္းတဲ့ ဧရိယာတစ္ခုလို ျဖစ္ေနတာေၾကာင့္ အဆိုပါကြၽန္း နဲ႔ အိမ္ကို သဘာ၀ေဘးမဲ့ေတာေနရာအျဖစ္ သတ္မွတ္ခံထားရပါတယ္။

1

2

3

4

5

Mia (Mckzone Daily)

Source : odditycentral

Unicode

အခုတစ်ခေါက်မှာတော့ ကမ္ဘာ့အထီးကျန်ဆုံးအိမ်လို့ လူသိများတဲ့ Iceland နိုင်ငံ ရဲ့တောင်ဘက်ကမ်းရိုးတန်းရှိ Elliðaey ကျွန်းငယ်လေးပေါ်မှာ သမုဒ္ဒရာဘေးပတ်လည်ဝိုင်းရံနေပြီး စိမ်းလန်းတဲ့တောင်ကုန်း မြက်ခင်းလွင်ပြင်မှာ တည်ရှိနေတဲ့ အထင်ကရအိမ်လေးအကြောင်းပါ။ ၁၉၃၀ ပြည့်လွန်နှစ်များမှစပြီး လူနေထိုင်ခြင်းမရှိတော့တဲ့ အဆိုပါ လူလုပ်အဆောက်အဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားပုံရတာက လူအများကို ပိုပြီး အံ့အားသင့်စေခဲ့ပါတယ်။နှစ်ပေါင်းများစွာတစ်လျှောက်လုံး အထီးကျန်နေခဲ့တဲ့အဆိုပါအိမ်လေးကို အများနှင့်မတူ တစ်မူထူးတဲ့စီးပွားရေးသမားတစ်ဦးက ကမ္ဘာ့ပျက်ကိန်းရဲ့အရိပ်အာဝါသတစ်ခုအဖြစ် တည်ဆောက်ခဲ့တာပါ။ ယခင်က လူဦးရေများတဲ့မိသားစုတစ်စုက အဆိုပါအိမ်မှာ ၁၉၃၀ ပြည့်နှစ်တွေအထိ နေထိုင်ခဲ့ကြပေမဲ့ နောက်ဆုံး ပိုမိုကောင်းမွန်တဲ့ Icelandရှိ လူဦးရေထူထပ်တဲ့ဒေသများသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

သို့ပေမဲ့ သူတို့က ငါးမျှားထွက်ဖို့ ကျွန်းသို့ အခါအားလျော်စွာ ပြန်လာတတ်ကြပြီး ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ အဆိုပါအိမ်ဟာ Elliðaey Hunting Association ဆိုတဲ့အမဲလိုက်သမား အဖွဲ့ရဲ့တည်းခိုခန်း တစ်ခုဖြစ်သွားခဲ့ပါတယ်။လူအများက အဆိုပါအိမ်ကို ကမ္ဘာပေါ်ရှိအဆင်အပြေဆုံးအိမ်လို့ ဆိုကြပေမဲ့ တစ်ကယ်တမ်း ခြံစည်းရိုးတစ်ခုဘဲရှိပြီး ပြင်းထန်တဲ့မုန်တိုင်း နှင့် ပင်လယ်ငှက်များအတွက် အသိုက်လုပ်လို့ကောင်းတဲ့ ဧရိယာတစ်ခုလို ဖြစ်နေတာကြောင့် အဆိုပါကျွန်း နဲ့ အိမ်ကို သဘာ၀ဘေးမဲ့တောနေရာအဖြစ် သတ်မှတ်ခံထားရပါတယ်။

Mia (Mckzone Daily)

  • Leave a Comment