ထပ်ပြီးမကျွေးမွေးနိုင်တော့ဘူး ဆိုပြီး အသက် 80အရွယ်မိခင်ကို ကုန်စုံဆိုင်မှာစွန့်ပစ်ထားခဲ့တဲ့ သမီး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့နေ့ အောက်တိုဘာလ 20ရက်နေ့က သမီးဖြစ်သူဟာမိခင်ကိုစွန့်ပစ်ခဲ့တဲ့ဓာတ်ပုံတွေဟာ Facebook အသုံးပြုသူတွေအကြာ အတော်လေးကိုရေပန်းစားနေခဲ့ပါတယ် ။ ဖြစ်စဉ်မှာတော့ သမီးဖြစ်သူဟာမိခင်ကို မလေးရှားနိုင်ငံ ၊ Taman Sungai Kob မှာရှိတဲ့ ကုန်စုံဆိုင်တွင်ပစ္စည်းအချို့ဝယ်ခိုင်းဖို့ ဆင်းခိုင်းပြီးနောက် ကားခဏသွားဆေးမယ်ဆိုပြီး ထွက်သွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း အချိန်တွေအတော်လေးကိုကြာခဲ့ပေမဲ့ သမီးဖြစ်သူဟာမိခင်ကိုပြန်လာမခေါ်ခဲ့တဲ့အတွက် အနီးအနားဝန်းကျင်မှုလူတွေက စိုးရိမ်တစ်ကြီးဖြင့် မိခင်ဖြစ်သူကိုသွားရောက်မေးမြန်းခဲ့ပါတယ် ။

မိခင်ဖြစ်သူကို နေအိမ်ဘယ်မှာရှိလည်းဆိုပြီး မေးမြန်းလိုက်ချိန်မှာတော့ ယခုကုန်စုံဆိုင်နှင့် 29km ကွာဝေးတဲ့ Pantai Prai တွင်တည်ရှိကြောင်းပြောဆိုခဲ့ပါတယ် ။ သူမ၏သမီးဘယ်မှာရှိလည်းမေးမြန်းခဲ့ချိန်မှာတော့ ပစ္စည်းအနည်းငယ်ဝယ်ဖို့သူမကိုကားပေါ်ကနေအဝတ်ထုတ်တွေနဲ့ဆင်းခိုင်းပြီး သမီးဖြစ်သူမှာကားသွားဆေးခဲ့တာဖြစ်ကြောင်း နှင့် ယခုချိန်ထိပြန်မလာသေးကြောင်း ဖြေဆိုခဲ့ပါတယ် ။

ထို့ကြောင့် ပတ်ဝန်းကျင်အနီးအနားမှလူတွေက မိခင်ကြီးကိုရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ပါတယ် ။ ရဲစခန်းမှ တာဝန်ရှိသူများက သမီးဖြစ်သူနှင့် ဆက်သွယ်ခဲ့ချိန်မှာတော့ သမီးဖြစ်သူက ” ကျွန်မသူ့ကို ဆက်ပြီးမကျွေးမွေး ၊ မစောင့်ရှောက်နိုင်တော့ဘူး ” ဆိုပြီး ပြန်ဖြေကြားခဲ့ပါတယ် ။ ထို့ကြောင့် ရဲအရာရှိတွေက အတော်လေးကိုအကြပ်ရိုက်သွားခဲ့ကြပြီး နောက်ဆက်တွဲအခြေအနေကိုအတိအကျမသိရပေမဲ့လည်း အဆိုပါပတ်ဝန်းကျင်ရှိလူတွေရဲ့ပြောကြားချက်အရ မိခင်ကြီးဟာ သူ၏မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းသွားနိုင်ခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ထပ်ပြီးမကျွေးမွေးနိုင်တော့ဘူး ဆိုပြီး အသက် 80အရွယ်မိခင်ကို ကုန်စုံဆိုင်မှာစွန့်ပစ်ထားခဲ့တဲ့ သမီး"

Leave a comment

Your email address will not be published.


*