သခင့္ကို သစ္ကိုင္းလက္ေဆာင္ေပးဖို႔ အေျပးလာရင္း ေျခေလွ်ာ္သြားခဲ့တဲ့ ေခြးလိမၼာေလး(႐ုပ္သံ)

တ႐ုတ္ႏိုင္ငံရွိ ေခြးေလးတစ္ေကာင္ဟာ သခင့္အတြက္ လက္ေဆာင္အျဖစ္ ေကာင္းတဲ့သစ္ကိုင္းခက္တစ္ခုကို ေတြ႕သြားၿပီးေနာက္ သူ႔ရဲ႕စိတ္လႈပ္ရွားမႈကို မထိန္းခ်ဳပ္ႏိုင္ခဲ့ပါဘူး။အသက္ ၈လ အ႐ြယ္ Cake လို႔ေခၚတဲ့ ေခြးေလးရဲ႕ ပါးစပ္ထဲသစ္ကိုင္းခက္ကိုက္ထားၿပီး စိတ္လႈပ္ရွားစြာ သခင့္ဆီေျပးလာရင္း ေရခဲေၾကာင့္ ေျခေလွ်ာေနခဲ့တဲ့ခ်စ္ဖို႔ေကာင္းတဲ့ဗီဒီယိုက social media မွာ ေရပန္းစားေနပါတယ္။ခင္ပြန္းနဲ႔အတူ Cake ကို ေကြၽးေမြးေစာင့္ေရွာက္လာခဲ့တဲ့ Ms Ou အမည္ရွိတဲ့အမ်ိဳးသမီးက သူမရဲ႕ေခြးေလးက သူမကို ခ်စ္ခင္ေၾကာင္း ျပသဖို႔နည္းလမ္းတစ္ခုအျဖစ္ သစ္ကိုင္းေတြကို ယူလာေပးတတ္ေၾကာင္း ဆိုထားပါတယ္။အဆိုပါဗီဒီယိုကို Ms Ou က ေခြးေလးနဲ႔အတူ တ႐ုတ္ႏိုင္ငံ Guizhou ျပည္နယ္မွာ အလုပ္လုပ္တဲ့ခင္ပြန္းကိုလိုက္ပို႔ရင္း ႐ိုက္ကူးခဲ့တာပါ။

မၾကာေသးခင္က က်တဲ့ႏွင္းခဲေတြေၾကာင့္ လမ္းေတြက ေလွ်ာေနခဲ့လို႔ သူတို႔ဟာ အိမ္ျပန္ဖို႔ ေျခလ်င္ေလွ်ာက္ခဲ့ၾကပါတယ္။ထို႔ေနာက္ Cake ေလးက တစ္ခုခုကို သတိထားမိခဲ့ၿပီး လာရာလမ္းဆီ ႐ုတ္တရက္ျပန္လွည့္ထြက္သြားေတာ့ Ms Ou က သူတစ္ခုခုေကာက္ယူဖို႔ေသခ်ာေနတာကို သိလို႔ အခုလို ဗီဒီယို ႐ိုက္ထားခဲ့တာပါ။ တစ္ကယ္လည္း Cakeက ပါးစပ္မွာ သစ္ကိုင္းကိုက္ရင္း အေပ်ာ္လြန္ၿပီး သူမဆီေျပးလာခဲ့ပါတယ္။ Ms Ou က ” သူ ကြၽန္မအတြက္ သစ္ကိုင္းတစ္ခုကို လက္ေဆာင္အျဖစ္ ယူလာခဲ့တယ္၊ သူအဲ့လိုလုပ္ရတာကိုႀကိဳက္တယ္ ၊ သူလည္း ပထမဆုံးအႀကိမ္အျဖစ္ ႏွင္းက်တာကို ျမင္ေတာ့ အရမ္းေပ်ာ္ေနခဲ့တယ္ ” လို႔ဆိုထားပါတယ္။

Cake ေလးက Ms Ouအား ျပဖို႔အလြန္စိတ္အားထက္သန္ေနခဲ့ၿပီး လက္ေဆာင္အျဖစ္ သူမဆီေျပးဖို႔ ႀကိဳးစားခဲ့ေပမဲ့ သူက ေအာက္ကေရခဲေနတဲ့လမ္းကို သတိမထားမိခဲ့ပါဘူး။ သူဟာ ႀကိဳးစားမႈအၿပီး ေနာက္ဆုံးေတာ့ သူ႔ပုံၾကည့္ၿပီးရယ္ေနခဲ့တဲ့ သခင့္ဆီ ေရာက္သြားခဲ့ပါတယ္။ သူက အရမ္းခ်စ္ဖို႔ေကာင္းေနတယ္ ဒါေပမဲ့ ကြၽန္မလည္း စိတ္မေကာင္းျဖစ္ခဲ့ရတယ္ လို႔လည္း Ms Ou က ဆိုထားပါတယ္။အဆိုပါဗီဒီယိုကို မွ်ေဝခဲ့ၿပီးေနာက္ Cake ဟာ ေထာင္နဲ႔ခ်ီတဲ့အင္တာနက္အသုံးျပဳသူေတြကို ႏွလုံးသားအရည္ေပ်ာ္သြားေစခဲ့ပါတယ္။လူအမ်ားက ” သူေလး အရမ္းခ်စ္ဖို႔ေကာင္းတယ္ေကာ” ၊ ” ဒါက ငါ့ကို ေပ်ာ္႐ႊင္ေစတယ္ ၊ သူ႔ေျခေထာက္ေတြကိုလည္း ျပန္စစ္ေဆးၾကည့္ဖို႔ မေမ့နဲ႔ေနာ္ ” စတဲ့ မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။

1

Mia (Mckzone Daily)

Source : dailymail

Unicode

တရုတ်နိုင်ငံရှိ ခွေးလေးတစ်ကောင်ဟာ သခင့်အတွက် လက်ဆောင်အဖြစ် ကောင်းတဲ့သစ်ကိုင်းခက်တစ်ခုကို တွေ့သွားပြီးနောက် သူ့ရဲ့စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။အသက် ၈လ အရွယ် Cake လို့ခေါ်တဲ့ ခွေးလေးရဲ့ ပါးစပ်ထဲသစ်ကိုင်းခက်ကိုက်ထားပြီး စိတ်လှုပ်ရှားစွာ သခင့်ဆီပြေးလာရင်း ရေခဲကြောင့် ခြေလျှောနေခဲ့တဲ့ချစ်ဖို့ကောင်းတဲ့ဗီဒီယိုက social media မှာ ရေပန်းစားနေပါတယ်။ခင်ပွန်းနဲ့အတူ Cake ကို ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ Ms Ou အမည်ရှိတဲ့အမျိုးသမီးက သူမရဲ့ခွေးလေးက သူမကို ချစ်ခင်ကြောင်း ပြသဖို့နည်းလမ်းတစ်ခုအဖြစ် သစ်ကိုင်းတွေကို ယူလာပေးတတ်ကြောင်း ဆိုထားပါတယ်။အဆိုပါဗီဒီယိုကို Ms Ou က ခွေးလေးနဲ့အတူ တရုတ်နိုင်ငံ Guizhou ပြည်နယ်မှာ အလုပ်လုပ်တဲ့ခင်ပွန်းကိုလိုက်ပို့ရင်း ရိုက်ကူးခဲ့တာပါ။

မကြာသေးခင်က ကျတဲ့နှင်းခဲတွေကြောင့် လမ်းတွေက လျှောနေခဲ့လို့ သူတို့ဟာ အိမ်ပြန်ဖို့ ခြေလျင်လျှောက်ခဲ့ကြပါတယ်။ထို့နောက် Cake လေးက တစ်ခုခုကို သတိထားမိခဲ့ပြီး လာရာလမ်းဆီ ရုတ်တရက်ပြန်လှည့်ထွက်သွားတော့ Ms Ou က သူတစ်ခုခုကောက်ယူဖို့သေချာနေတာကို သိလို့ အခုလို ဗီဒီယို ရိုက်ထားခဲ့တာပါ။ တစ်ကယ်လည်း Cakeက ပါးစပ်မှာ သစ်ကိုင်းကိုက်ရင်း အပျော်လွန်ပြီး သူမဆီပြေးလာခဲ့ပါတယ်။ Ms Ou က ” သူ ကျွန်မအတွက် သစ်ကိုင်းတစ်ခုကို လက်ဆောင်အဖြစ် ယူလာခဲ့တယ်၊ သူအဲ့လိုလုပ်ရတာကိုကြိုက်တယ် ၊ သူလည်း ပထမဆုံးအကြိမ်အဖြစ် နှင်းကျတာကို မြင်တော့ အရမ်းပျော်နေခဲ့တယ် ” လို့ဆိုထားပါတယ်။

Cake လေးက Ms Ouအား ပြဖို့အလွန်စိတ်အားထက်သန်နေခဲ့ပြီး လက်ဆောင်အဖြစ် သူမဆီပြေးဖို့ ကြိုးစားခဲ့ပေမဲ့ သူက အောက်ကရေခဲနေတဲ့လမ်းကို သတိမထားမိခဲ့ပါဘူး။ သူဟာ ကြိုးစားမှုအပြီး နောက်ဆုံးတော့ သူ့ပုံကြည့်ပြီးရယ်နေခဲ့တဲ့ သခင့်ဆီ ရောက်သွားခဲ့ပါတယ်။ သူက အရမ်းချစ်ဖို့ကောင်းနေတယ် ဒါပေမဲ့ ကျွန်မလည်း စိတ်မကောင်းဖြစ်ခဲ့ရတယ် လို့လည်း Ms Ou က ဆိုထားပါတယ်။အဆိုပါဗီဒီယိုကို မျှဝေခဲ့ပြီးနောက် Cake ဟာ ထောင်နဲ့ချီတဲ့အင်တာနက်အသုံးပြုသူတွေကို နှလုံးသားအရည်ပျော်သွားစေခဲ့ပါတယ်။လူအများက ” သူလေး အရမ်းချစ်ဖို့ကောင်းတယ်ကော” ၊ ” ဒါက ငါ့ကို ပျော်ရွှင်စေတယ် ၊ သူ့ခြေထောက်တွေကိုလည်း ပြန်စစ်ဆေးကြည့်ဖို့ မမေ့နဲ့နော် ” စတဲ့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Mia (Mckzone Daily)

  • Leave a Comment