ကမ္းေျခမွာေတြ႕ခဲ့တဲ့ ေဝလငါးအန္ဖတ္ကို ေဒၚလာ ၃.၂ သန္း နဲ႔ ေရာင္းခ်ဖို႔ကမ္းလွမ္းခံခဲ့ရတဲ့ တံငါသည္တစ္ဦး(႐ုပ္သံ)

ထိုင္းႏိုင္ငံရွိ Narit Suwansang အမည္ရွိတဲ့တံငါသည္တစ္ဦးဟာ ေဒသခံကမ္းေျခတစ္ေလွ်ာက္လမ္းေလွ်ာက္ေနစဥ္ သူတိုက္မိခဲ့တဲ့ထုထည္ႀကီးမားတဲ့ပစၥည္းအတုံးအတစ္ေတြကို ေဒၚလာ ၃.၂ သန္း(သိန္းေပါင္း ၄ေသာင္း ၂ေထာင္ေက်ာ္)အထိ ၀င္ေငြရဖို႔ ေမွ်ာ္လင့္ေနခဲ့ပါတယ္။Suwansang ဟာ ၿပီးခဲ့တဲ့အပတ္က Nakhon Si Thammarat ျပည္နယ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ သူေတြ႕ခဲ့တဲ့အရာက ငါးႀကီးအန္ဖတ္ျဖစ္တယ္လို႔ယုံၾကည္ေနခဲ့ပါတယ္။ကမ္းေျခရဲ႕ေရတိမ္ပိုင္းမွာ ရွိေနခဲ့တဲ့ Suwansang က အဝါေရာင္ေက်ာက္ခဲနဲ႔တူတဲ့ အတုံးေတြကို ပထမဆုံးေတြ႕ေတာ့ ဘာလဲသိခ်င္လို႔ အနီးကပ္သြားၾကည့္ခဲ့ၿပီး အသက္ ၆၀ အ႐ြယ္အထိ အဲ့လိုအရာမ်ိဳးမေတြ႕ခဲ့ဖူးတာေၾကာင့္ အဆိုပါအပိုင္းအစေတြကို အိမ္သို႔ယူျပန္သြားခဲ့ပါတယ္။အဆိုပါလွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့အတုံးေတြက ေလးလံတဲ့အတြက္ေၾကာင့္ မိသားစု၀င္ရဲ႕အကူအညီပါ အနည္းငယ္ယူခဲ့ရပါတယ္။

Suwansang ႏွင့္သူ႔မိသားစုက အဆိုပါအတုံးအေၾကာင္းကို online မွာ ရွာေဖြေလ့လာခဲ့ၿပီးေနာက္ ေတြ႕ရွိခဲ့တဲ့အရာက ငါးႀကီးအန္ဖတ္လို႔ ေကာက္ခ်က္ခ်ၾကၿပီး လူအမ်ားက အဆိုပါအန္ဖတ္ကို ” floating gold” လို႔လည္း ဆိုထားၾကပါတယ္။အဆိုပါ အတုံးေတြကို မီးႏွင့္ထိေတြ႕ေစတဲ့အခါ အေရာင္ေတာက္ပလာၿပီး အရည္ေတြမွ အနံ႔ဆိုးထြက္ေၾကာင္း Suwansang က ဆိုထားပါတယ္။အဆိုပါငါးႀကီးအန္ဖတ္ ဟာ ေဝလငါးရဲ႕အူအတြင္းရွိ သည္းေျခႁပြန္မွထုတ္ယူထားတဲ့ အလြန္အဖိုးတန္တဲ့ သဘာဝရတနာျဖစ္တယ္ လို႔ National Geographic မွေဖာ္ျပထားပါေသးတယ္။သူ႔အား Phuket အမည္ရွိတဲ့စီးပြားေရးသမားတစ္ဦးက ထိုင္းဘတ္ေငြ ၉၆၀၀၀၀ (၄၃၈ သိန္း) ေပးမယ္ လို႔ ကမ္းလွမ္းခဲ့ၿပီး ကြၽမ္းက်င္ပညာရွင္ေတြကလည္း ေဝလငါးအန္ဖတ္အျဖစ္ အသိအမွတ္ျပဳလက္မွတ္ေရးထိုးေပးမယ္လို႔ ဆိုခဲ့ၾကပါတယ္။

Suwansang ရဲ႕ရွာေဖြေတြ႕ရွိမႈက သမိုင္းမွာ အေလးခ်ိန္အစီးဆုံးေတြ႕ရွိမႈျဖစ္ၿပီး ၁၀၀ ကီလိုဂရမ္ (၂၂၀ ေပါင္) ရွိပါတယ္။အကယ္လို႔ စာခ်ဳပ္ခ်ဳပ္ဆိုပါက သူ႔အား ေဒၚလာ ၃.၂ သန္း ဝန္းက်င္ေပးမယ္ လို႔ ကြၽမ္းက်င္သူေတြက ခန႔္မွန္းထားၾကၿပီး အကယ္လို႔ အဆင့္နိမ့္ရင္ေတာ့ တန္ဖိုးအေတာ္နည္းမယ္လို႔ ဆိုထားၾကပါတယ္။လက္ရွိမွာေတာ့ Suwansang ဟာ သူ႔ရဲ႕” ေဝလငါးအန္ဖတ္ ” ကို ခြဲျခမ္းစိတ္ျဖာေပးတဲ့ အဏၰဝါဇီဝေဗဒပညာရွင္မ်ားထံမွ အတည္ျပဳခ်က္ကို ေစာင့္ဆိုင္းေနၿပီး တစ္ခ်ိန္တည္းမွာပဲ သူ႔ရွာေဖြေတြ႕ရွိမႈက ကိစၥတစ္ခုခုေၾကာင့္ ခိုးယူခံခဲ့ရရင္ ရဲေတြဆီ တိုင္ၾကားဖို႔ အသင့္ျပင္ထားတယ္လို႔လည္း ဆိုထားပါေသးတယ္။

1

Mia (Mckzone Daily)

Source : nextshark

Unicode

ထိုင်းနိုင်ငံရှိ Narit Suwansang အမည်ရှိတဲ့တံငါသည်တစ်ဦးဟာ ဒေသခံကမ်းခြေတစ်လျှောက်လမ်းလျှောက်နေစဉ် သူတိုက်မိခဲ့တဲ့ထုထည်ကြီးမားတဲ့ပစ္စည်းအတုံးအတစ်တွေကို ဒေါ်လာ ၃.၂ သန်း(သိန်းပေါင်း ၄သောင်း ၂ထောင်ကျော်)အထိ ၀င်ငွေရဖို့ မျှော်လင့်နေခဲ့ပါတယ်။Suwansang ဟာ ပြီးခဲ့တဲ့အပတ်က Nakhon Si Thammarat ပြည်နယ်ကမ်းရိုးတန်းတစ်လျှောက်မှာ သူတွေ့ခဲ့တဲ့အရာက ငါးကြီးအန်ဖတ်ဖြစ်တယ်လို့ယုံကြည်နေခဲ့ပါတယ်။ကမ်းခြေရဲ့ရေတိမ်ပိုင်းမှာ ရှိနေခဲ့တဲ့ Suwansang က အဝါရောင်ကျောက်ခဲနဲ့တူတဲ့ အတုံးတွေကို ပထမဆုံးတွေ့တော့ ဘာလဲသိချင်လို့ အနီးကပ်သွားကြည့်ခဲ့ပြီး အသက် ၆၀ အရွယ်အထိ အဲ့လိုအရာမျိုးမတွေ့ခဲ့ဖူးတာကြောင့် အဆိုပါအပိုင်းအစတွေကို အိမ်သို့ယူပြန်သွားခဲ့ပါတယ်။အဆိုပါလျှို့ဝှက်ဆန်းကြယ်တဲ့အတုံးတွေက လေးလံတဲ့အတွက်ကြောင့် မိသားစု၀င်ရဲ့အကူအညီပါ အနည်းငယ်ယူခဲ့ရပါတယ်။

Suwansang နှင့်သူ့မိသားစုက အဆိုပါအတုံးအကြောင်းကို online မှာ ရှာဖွေလေ့လာခဲ့ပြီးနောက် တွေ့ရှိခဲ့တဲ့အရာက ငါးကြီးအန်ဖတ်လို့ ကောက်ချက်ချကြပြီး လူအများက အဆိုပါအန်ဖတ်ကို ” floating gold” လို့လည်း ဆိုထားကြပါတယ်။အဆိုပါ အတုံးတွေကို မီးနှင့်ထိတွေ့စေတဲ့အခါ အရောင်တောက်ပလာပြီး အရည်တွေမှ အနံ့ဆိုးထွက်ကြောင်း Suwansang က ဆိုထားပါတယ်။အဆိုပါငါးကြီးအန်ဖတ် ဟာ ဝေလငါးရဲ့အူအတွင်းရှိ သည်းခြေပြွန်မှထုတ်ယူထားတဲ့ အလွန်အဖိုးတန်တဲ့ သဘာဝရတနာဖြစ်တယ် လို့ National Geographic မှဖော်ပြထားပါသေးတယ်။သူ့အား Phuket အမည်ရှိတဲ့စီးပွားရေးသမားတစ်ဦးက ထိုင်းဘတ်ငွေ ၉၆၀၀၀၀ (၄၃၈ သိန်း) ပေးမယ် လို့ ကမ်းလှမ်းခဲ့ပြီး ကျွမ်းကျင်ပညာရှင်တွေကလည်း ဝေလငါးအန်ဖတ်အဖြစ် အသိအမှတ်ပြုလက်မှတ်ရေးထိုးပေးမယ်လို့ ဆိုခဲ့ကြပါတယ်။

Suwansang ရဲ့ရှာဖွေတွေ့ရှိမှုက သမိုင်းမှာ အလေးချိန်အစီးဆုံးတွေ့ရှိမှုဖြစ်ပြီး ၁၀၀ ကီလိုဂရမ် (၂၂၀ ပေါင်) ရှိပါတယ်။အကယ်လို့ စာချုပ်ချုပ်ဆိုပါက သူ့အား ဒေါ်လာ ၃.၂ သန်း ဝန်းကျင်ပေးမယ် လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပြီး အကယ်လို့ အဆင့်နိမ့်ရင်တော့ တန်ဖိုးအတော်နည်းမယ်လို့ ဆိုထားကြပါတယ်။လက်ရှိမှာတော့ Suwansang ဟာ သူ့ရဲ့” ဝေလငါးအန်ဖတ် ” ကို ခွဲခြမ်းစိတ်ဖြာပေးတဲ့ အဏ္ဏဝါဇီဝဗေဒပညာရှင်များထံမှ အတည်ပြုချက်ကို စောင့်ဆိုင်းနေပြီး တစ်ချိန်တည်းမှာပဲ သူ့ရှာဖွေတွေ့ရှိမှုက ကိစ္စတစ်ခုခုကြောင့် ခိုးယူခံခဲ့ရရင် ရဲတွေဆီ တိုင်ကြားဖို့ အသင့်ပြင်ထားတယ်လို့လည်း ဆိုထားပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment