ေဆးခန္းရဲ႕စံေမာ္ဒယ္အျဖစ္ ဇနီးကို အလွဆုံးခြဲစိတ္ျပဳျပင္ေပးခဲ့တဲ့ ဆရာဝန္တစ္ဦး

Florida ႏိုင္ငံ Miami ၿမိဳ႕ရွိ ပလပ္စတစ္ဆာဂ်ဴရီခြဲစိတ္ဆရာဝန္တစ္ဦးဟာ သူကိုယ္တိုင္ ဇနီးသည္အား ၿပီးျပည့္စုံတဲ့အလွတစ္ခုျဖစ္ေစဖို႔ နဲ႔ သူ႔ေဆးခန္းရဲ႕ စံနမူနာေမာ္ဒယ္အျဖစ္ အသုံးျပဳႏိုင္ဖို႔ ခြဲစိတ္မႈမ်ားစြာ ျပဳလုပ္ေပးခဲ့ပါတယ္။ Miami ၿမိဳ႕မွာ ေဆးခန္းဖြင့္ထားတဲ့ အသက္ ၄၇ ႏွစ္အ႐ြယ္ ေဒါက္တာ Phillip Craft ဟာ ေဖာက္သည္အသစ္ေတြကို ျပသဖို႔ သူ႔ဇနီးကို အိမ္တြင္းေမာ္ဒယ္အျဖစ္ အသုံးျပဳၿပီး အသက္ ၄၃ႏွစ္ရွိၿပီျဖစ္တဲ့ ဇနီး Anna ကလည္း ခင္ပြန္းရဲ႕စုံလင္တဲ့ပညာေတြကို ျပသႏိုင္ဖို႔ အလွအပဆိုင္ရာ ကုထုံးလုပ္နည္းေတြကို အျပည့္အဝရရွိခဲ့ပါတယ္။Phillip ဟာ Anna အား သူမရဲ႕ခႏၶာကိုယ္ကို ထိန္းညႇိေပးဖို႔ တစ္နည္းအားျဖင့္ သူမရဲ႕အခ်ိန္ေတြကို ေနာက္ျပန္လွည့္သြားေစဖို႔အတြက္ သူမကေလးေမြးၿပီးေနာက္ ပလပ္စတစ္ဆာဂ်ဴရီလုပ္ရန္ ႏွစ္ေပါင္းမ်ားစြာ ဆြဲေဆာင္ေနခဲ့ပါတယ္။

Anna က စစခ်င္း သေဘာမတူခဲ့ေပမဲ့ ကေလးႏွစ္ေယာက္ေမြးၿပီးေနာက္ သူမခႏၶာကိုယ္ကို စိတ္အလိုမက်ျဖစ္ခဲ့ရၿပီး ေနာက္ဆုံး ခြဲစိတ္မႈကို သေဘာတူခဲ့ရပါတယ္။ Anna ဟာ တင္ပါး ၊ ႏွာေခါင္း ၊ ပါးစပ္ ၊ ေမ့႐ိုး စတဲ့ ခြဲစိတ္မႈေတြ နဲ႔ ခႏၶာကိုယ္ပုံသြင္းျခင္း ၊ ခါးနဲ႔ ဝမ္းဗိုက္ပိုင္း အဆီထုတ္ျခင္း စတာေတြကို ျပဳလုပ္ခဲ့ၿပီး သူမခင္ပြန္းရဲ႕လက္ရာေတြကို သေဘာက်သြားခဲ့ပါတယ္။” Phillip က သူ႔ကားေတြ ၊ ပရိေဘာဂ ေတြ အထူးသျဖင့္ ကြၽန္မကို ဒီဇိုင္းျပန္ဆြဲရတာ ႀကိဳက္တယ္ ၊ ကေလးႏွစ္ေယာက္ေမြးၿပီး ခြဲစိတ္ဖို႔ သေဘာတူလိုက္ေတာ့ သူက ကြၽန္မရင္သားကို တိုးေစၿပီး မ်က္ႏွာကိုလည္း filler ေတြထိုးေပးတယ္ ၊ ကြၽန္မဝမ္းဗိုက္အဆီကို ထုတ္ေပးတဲ့အျပင္ six pack ေတြျဖစ္ေအာင္လည္း ပုံေဖာ္ေပးခဲ့တယ္” လို႔ Anna က ဆိုပါတယ္။

Phillip က အသက္ ၂၅ ႏွစ္ျပည့္ၿပီးတဲ့အမ်ိဳးသမီးတိုင္း ကိုယ့္အလွအပကို ဆက္ထိန္းသိမ္းဖို႔ botox နဲ႔ filler ေတြလုပ္ျခင္းကို စဥ္းစားၾကည့္သင့္တယ္လို႔ ဆိုၿပီး ” ေဖာက္သည္ေတြကို ငါက ဘယ္ေလာက္ေကာင္းတဲ့ခြဲစိတ္ဆရာဝန္ဆိုတာသိခ်င္ရင္ ငါ့ဇနီးကို ၾကည့္လိုက္ပါ လို႔ အၿမဲေျပာတယ္ ၊ ငါ့ရဲ႕အနီးစပ္ဆုံး လက္ေတြ႕က်မႈက Anna မို႔လို႔ပါ ” လို႔ ဆိုထားပါတယ္။ ကိုယ့္အလွအပကို ဆက္ထိန္းသိမ္းထားဖို႔ ပလပ္စတစ္ဆာဂ်ဴရီဆရာဝန္တစ္ေယာက္ပိုင္ဆိုင္ထားတဲ့ Annaကေတာ့ အခ်ိဳ႕မိန္းကေလးေတြရဲ႕အားက်ျခင္းကို ခံေနရမွာ အေသအခ်ာပါဘဲဗ်ာ။

1

2

3

Mia (Mckzone Daily)

Source : elitereaders

Unicode

Florida နိုင်ငံ Miami မြို့ရှိ ပလပ်စတစ်ဆာဂျူရီခွဲစိတ်ဆရာဝန်တစ်ဦးဟာ သူကိုယ်တိုင် ဇနီးသည်အား ပြီးပြည့်စုံတဲ့အလှတစ်ခုဖြစ်စေဖို့ နဲ့ သူ့ဆေးခန်းရဲ့ စံနမူနာမော်ဒယ်အဖြစ် အသုံးပြုနိုင်ဖို့ ခွဲစိတ်မှုများစွာ ပြုလုပ်ပေးခဲ့ပါတယ်။ Miami မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ အသက် ၄၇ နှစ်အရွယ် ဒေါက်တာ Phillip Craft ဟာ ဖောက်သည်အသစ်တွေကို ပြသဖို့ သူ့ဇနီးကို အိမ်တွင်းမော်ဒယ်အဖြစ် အသုံးပြုပြီး အသက် ၄၃နှစ်ရှိပြီဖြစ်တဲ့ ဇနီး Anna ကလည်း ခင်ပွန်းရဲ့စုံလင်တဲ့ပညာတွေကို ပြသနိုင်ဖို့ အလှအပဆိုင်ရာ ကုထုံးလုပ်နည်းတွေကို အပြည့်အဝရရှိခဲ့ပါတယ်။Phillip ဟာ Anna အား သူမရဲ့ခန္ဓာကိုယ်ကို ထိန်းညှိပေးဖို့ တစ်နည်းအားဖြင့် သူမရဲ့အချိန်တွေကို နောက်ပြန်လှည့်သွားစေဖို့အတွက် သူမကလေးမွေးပြီးနောက် ပလပ်စတစ်ဆာဂျူရီလုပ်ရန် နှစ်ပေါင်းများစွာ ဆွဲဆောင်နေခဲ့ပါတယ်။

Anna က စစချင်း သဘောမတူခဲ့ပေမဲ့ ကလေးနှစ်ယောက်မွေးပြီးနောက် သူမခန္ဓာကိုယ်ကို စိတ်အလိုမကျဖြစ်ခဲ့ရပြီး နောက်ဆုံး ခွဲစိတ်မှုကို သဘောတူခဲ့ရပါတယ်။ Anna ဟာ တင်ပါး ၊ နှာခေါင်း ၊ ပါးစပ် ၊ မေ့ရိုး စတဲ့ ခွဲစိတ်မှုတွေ နဲ့ ခန္ဓာကိုယ်ပုံသွင်းခြင်း ၊ ခါးနဲ့ ဝမ်းဗိုက်ပိုင်း အဆီထုတ်ခြင်း စတာတွေကို ပြုလုပ်ခဲ့ပြီး သူမခင်ပွန်းရဲ့လက်ရာတွေကို သဘောကျသွားခဲ့ပါတယ်။” Phillip က သူ့ကားတွေ ၊ ပရိဘောဂ တွေ အထူးသဖြင့် ကျွန်မကို ဒီဇိုင်းပြန်ဆွဲရတာ ကြိုက်တယ် ၊ ကလေးနှစ်ယောက်မွေးပြီး ခွဲစိတ်ဖို့ သဘောတူလိုက်တော့ သူက ကျွန်မရင်သားကို တိုးစေပြီး မျက်နှာကိုလည်း filler တွေထိုးပေးတယ် ၊ ကျွန်မဝမ်းဗိုက်အဆီကို ထုတ်ပေးတဲ့အပြင် six pack တွေဖြစ်အောင်လည်း ပုံဖော်ပေးခဲ့တယ်” လို့ Anna က ဆိုပါတယ်။

Phillip က အသက် ၂၅ နှစ်ပြည့်ပြီးတဲ့အမျိုးသမီးတိုင်း ကိုယ့်အလှအပကို ဆက်ထိန်းသိမ်းဖို့ botox နဲ့ filler တွေလုပ်ခြင်းကို စဉ်းစားကြည့်သင့်တယ်လို့ ဆိုပြီး ” ဖောက်သည်တွေကို ငါက ဘယ်လောက်ကောင်းတဲ့ခွဲစိတ်ဆရာဝန်ဆိုတာသိချင်ရင် ငါ့ဇနီးကို ကြည့်လိုက်ပါ လို့ အမြဲပြောတယ် ၊ ငါ့ရဲ့အနီးစပ်ဆုံး လက်တွေ့ကျမှုက Anna မို့လို့ပါ ” လို့ ဆိုထားပါတယ်။ ကိုယ့်အလှအပကို ဆက်ထိန်းသိမ်းထားဖို့ ပလပ်စတစ်ဆာဂျူရီဆရာဝန်တစ်ယောက်ပိုင်ဆိုင်ထားတဲ့ Annaကတော့ အချို့မိန်းကလေးတွေရဲ့အားကျခြင်းကို ခံနေရမှာ အသေအချာပါဘဲဗျာ။

Mia (Mckzone Daily)

  • Leave a Comment