ၿဗိတိန္ႏိုင္ငံရဲ႕အႀကီးဆံုးမိသားစုက သူတို႔ရဲ႕ 22ေယာက္ေျမာက္ ကေလးငယ္ကိုကိုယ္ဝန္လြယ္ထားရေၾကာင္း ေၾကျငာခဲ့

Sue Radford အမည္႐ွိတဲ့အသက္ 44ႏွစ္အရြယ္အမ်ိဳးသမီးဟာ သူမ၏ခင္ပြန္းျဖစ္သူ Noel အသက္48 ႏွစ္ ႏွင့္ေနာက္ထပ္ ရင္ေသြး 22ေယာက္ေျမာက္ကိုယ္ဝန္ကိုလြယ္ထားရၿပီျဖစ္ေၾကာင္း YouTube မွာေၾကျငာခဲ့ပါတယ္ ။ အဆိုပါရင္ေသြးေလးကိုေတာ့ ေနာက္ႏွစ္ April လမွာေမြးဖြာမည္ျဖစ္ေၾကာင္း ႏွင့္ ေယာက်ၤားေလးေမြးမည္ဟု ယူဆရေၾကာင္းသူမက ထပ္ေလာင္းေျပာဆိုခဲ့ပါေသးတယ္ ။ အဆိုပါစံုတြဲဟာ အိပ္ခန္း 10ခန္းပါတဲ့ ေနအိမ္မွာေနထိုင္လ်က္႐ွိၿပီး ၊ မုန္႔ဖုတ္တဲ့ခင္ပြန္းသည္ကိုသာ မွီခိုအားထားေနရၿပီး ၊ လက္႐ွိမွာေတာ့ ကေလးငယ္ေတြအတြက္ ႏိုင္ငံေတာ္မွေထာက္ပံ့ေငြ တစ္ပတ္ကို 170 ေပါင္ ရ႐ွိေၾကာင္းသိ႐ွိရပါတယ္ ။

သူမတို႔စံုတြဲရဲ႕ ကေလးေတြကေတာ့ Chris (30) ၊ Sophie(25) ၊ Chloe (23)၊ Jack(22)၊ Daniel(20)၊ Luke(18)၊ Millie(17)၊ Katie (16)၊ James(15) ၊ Ellie(14)၊ Aimee(13) ၊ Josh(12) ၊ Max(11)၊ Tillie(9)၊Oscar(7) ၊ Casper(6) ၊ Hallie(3)၊ Phoebe(2) ၊ Archie(1) ၊ Bonnie နဲ႔ Raye ကိုေတာ့ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက ေမြးဖြားခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။ သားသမီး အႀကီးဆံုးႏွစ္ေယာက္မွာေတာ့ မိသားစုေတြနဲ႔အိမ္ခြဲေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

ကေလးငယ္ေတြရဲ႕ အစားအေသာက္စရိတ္မွာ တစ္ပတ္ကို 350ေပါင္ ခန္႔ကုန္က်ေၾကာင္း ႏွင့္ အိမ္သန္႔႐ွင္းေရးကိုလုပ္ဖို႔ တစ္ရက္ကို 3နာရီခန္႔ၾကာျမင့္ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ ကေလးရဲ႕မိခင္ကေတာ့ ေဆးေၾကာေနရတာနဲ႔အခ်ိန္ကုန္ေနေၾကာင္း ၊ အဝတ္ေလ်ွာ္စက္မွာ အျမဲလိုလိုေလ်ွာ္ဖြတ္ေနရေၾကာင္း ေျပာဆိုုခဲ့ပါတယ္ ။ ကေလးငယ္ေတြကို ကစားကြင္းေခၚသြားလ်ွင္လည္း ဝင္ေၾကးခေတြကအေတာ္မ်ားလြန္းေသာေၾကာင့္ မ်ားေသာအားျဖင့္ ကမ္းေျခေတြ ၊ ပန္းျခံေတြ ႏွင့္ အေပ်ာ္ေျခလ်င္လမ္းေလ်ွာက္ခရီးမ်ားကိုသာ ေခၚသြားေလ့႐ွိေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Sue Radford အမည်ရှိတဲ့အသက် 44နှစ်အရွယ်အမျိုးသမီးဟာ သူမ၏ခင်ပွန်းဖြစ်သူ Noel အသက်48 နှစ် နှင့်နောက်ထပ် ရင်သွေး 22ယောက်မြောက်ကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်ကြောင်း YouTube မှာကြေငြာခဲ့ပါတယ် ။ အဆိုပါရင်သွေးလေးကိုတော့ နောက်နှစ် April လမှာမွေးဖွာမည်ဖြစ်ကြောင်း နှင့် ယောင်္ကျားလေးမွေးမည်ဟု ယူဆရကြောင်းသူမက ထပ်လောင်းပြောဆိုခဲ့ပါသေးတယ် ။ အဆိုပါစုံတွဲဟာ အိပ်ခန်း 10ခန်းပါတဲ့ နေအိမ်မှာနေထိုင်လျက်ရှိပြီး ၊ မုန့်ဖုတ်တဲ့ခင်ပွန်းသည်ကိုသာ မှီခိုအားထားနေရပြီး ၊ လက်ရှိမှာတော့ ကလေးငယ်တွေအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ တစ်ပတ်ကို 170 ပေါင် ရရှိကြောင်းသိရှိရပါတယ် ။

သူမတို့စုံတွဲရဲ့ ကလေးတွေကတော့ Chris (30) ၊ Sophie(25) ၊ Chloe (23)၊ Jack(22)၊ Daniel(20)၊ Luke(18)၊ Millie(17)၊ Katie (16)၊ James(15) ၊ Ellie(14)၊ Aimee(13) ၊ Josh(12) ၊ Max(11)၊ Tillie(9)၊Oscar(7) ၊ Casper(6) ၊ Hallie(3)၊ Phoebe(2) ၊ Archie(1) ၊ Bonnie နဲ့ Raye ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလက မွေးဖွားခဲ့ကြောင်းသိရှိရပါတယ် ။ သားသမီး အကြီးဆုံးနှစ်ယောက်မှာတော့ မိသားစုတွေနဲ့အိမ်ခွဲနေလျက်ရှိကြောင်း သိရှိရပါတယ် ။

ကလေးငယ်တွေရဲ့ အစားအသောက်စရိတ်မှာ တစ်ပတ်ကို 350ပေါင် ခန့်ကုန်ကျကြောင်း နှင့် အိမ်သန့်ရှင်းရေးကိုလုပ်ဖို့ တစ်ရက်ကို 3နာရီခန့်ကြာမြင့်ကြောင်း သိရှိရပါတယ် ။ ထို့အပြင် ကလေးရဲ့မိခင်ကတော့ ဆေးကြောနေရတာနဲ့အချိန်ကုန်နေကြောင်း ၊ အဝတ်လျှော်စက်မှာ အမြဲလိုလိုလျှော်ဖွတ်နေရကြောင်း ပြောဆိုခဲ့ပါတယ် ။ ကလေးငယ်တွေကို ကစားကွင်းခေါ်သွားလျှင်လည်း ဝင်ကြေးခတွေကအတော်များလွန်းသောကြောင့် များသောအားဖြင့် ကမ်းခြေတွေ ၊ ပန်းခြံတွေ နှင့် အပျော်ခြေလျင်လမ်းလျှောက်ခရီးများကိုသာ ခေါ်သွားလေ့ရှိကြောင်း ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ၿဗိတိန္ႏိုင္ငံရဲ႕အႀကီးဆံုးမိသားစုက သူတို႔ရဲ႕ 22ေယာက္ေျမာက္ ကေလးငယ္ကိုကိုယ္ဝန္လြယ္ထားရေၾကာင္း ေၾကျငာခဲ့"

Leave a comment

Your email address will not be published.


*