ကမ္ဘာကျော် celebrity တို့ရဲ့မိတ်ကပ်မပါတဲ့အလှစစ်ကို ဖော်ထုတ်ပြခဲ့တဲ့ App တစ်ခု


1

2

3

4

5

6

7

8

9

10

11

12

13

14

15

Mia (Mckzone Daily)

Source : boredpanda

Unicode

ယနေ့ခေတ်မှာ သင့်ကိုယ်ပိုင် selfie ဓာတ်ပုံတွေကို သင့်ရဲ့လက်တွေ့အမှန်တကယ်ရုပ်ရည်ထက် ပိုကြည့်ကောင်းလှပအောင် လုပ်ပေးနိုင်တဲ့အလှအပဆိုင်ရာ app တွေများစွာရှိပါတယ်။အသားအရေကို ချောမွေ့ချင်ရင် ၊ မျက်ကွင်းညိုနေတာကို ဖုံးချင်ရင် ဒါမှမဟုတ် cat eyes တို့ ပြောင်းချင်ရင်တော့ အကဲခတ်နိုင်ခြင်းမရှိအောင် နည်းပညာတွေနဲ့ ဖုံးအုပ်ထားနိုင်ပါတယ်။သို့ပေမဲ့ အဆိုပါ app ရဲ့ ဆန့်ကျင်ဘက် လူတို့ရဲ့ အထူးသဖြင့် အမျိုးသမီးတို့ရဲ့ဖုံးကွယ်ထားတဲ့အလှတရားကို မြင်နိုင်ဖို့ မိတ်ကပ်တွေ ဖယ်ရှားပေးတဲ့ app တစ်ခုလည်း ရှိနေပါတယ်။အခုMakeApp ဆိုတဲ့ app က ရုပ်ပုံ ၊ ဗီဒီယို တွေမှာ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်များစွာပါဝင်ပြီး လူတစ်ယောက်ရဲ့ အသွင်အပြင်ကို အစစ်အမှန်အတိုင်း မြင်ဖို့ ပြုပြင်နိုင်တဲ့ app တစ်ခုပါ။အဆိုပါ app နဲ့ ကမ္ဘာကျော် မင်းသမီးတွေရဲ့ မိတ်ကပ်မပါဘဲ သဘာဝအလှကို စမ်းသပ်ကြည့်လိုက်တဲ့အခါ ရလဒ်က ထင်မထားရလောက်အောင်ပါဘဲ။ဒီတော့ ကမ္ဘာကျော် မင်းသမီးတို့ရဲ့မိတ်ကပ်မပါတဲ့အလှစစ်က ဘယ်လိုဖြစ်နေမလဲဆိုတာကို သိရဖို့ ဓာတ်ပုံအချို့ကိုပါ ဖော်ပြပေးခဲ့လိုက်ပါတယ်နော် ။

Mia (Mckzone Daily)

  • Leave a Comment