ဌက္ေပ်ာ႐ြက္ျဖင့္ ျပဳလုပ္ထားၿပီး ႏွစ္လအသုံးခံတဲ့ပန္းကန္ေတြကို မိတ္ဆက္ေပးခဲ့တဲ့ အမ်ိဳးသားႏွစ္ဦး

ပီ႐ူးႏိုင္ငံ ရွိ သဘာဝပတ္ဝန္းက်င္ ႏွင့္ လိုက္ေလ်ာညီေထြရွိၿပီး အေတြးအျမင္ရွိတဲ့အဖြဲ႕တစ္ဖြဲ႕ဟာ ပလပ္စတစ္အသုံးျပဳမႈကို အစားထိုးႏိုင္ဖို႔ ေဆြးေျမ့တဲ့အရာေတြနဲ႔ထုတ္လုပ္တဲ့ အခု ” Bio Plant ” ဆိုတဲ့စီမံကိန္းကို စတင္ခဲ့ၾကပါတယ္။အဆိုပါထုတ္ကုန္ရဲ႕အေကာင္းဆုံးအခ်က္က ၎ဟာ ပလပ္စတစ္နဲ႔မတူဘဲ ႏွစ္လ အတြင္းမွာ ေဆြးေျမ့သြားၿပီး ေျမဩဇာအျဖစ္ ေျပာင္းလဲသြားႏိုင္တာပါဘဲ။ အဆိုပါစီမံကိန္းကို ဝန္ႀကီးဌာနက အေထာက္အပံ့ေပးတဲ့ Bio Challenge ၿပိဳင္ပြဲရဲ႕ၿပိဳင္ပြဲဝင္ေတြျဖစ္တဲ့ Josué Soto ႏွင့္ Rolf Torres Lizárraga အမည္ရွိတဲ့အမ်ိဳးသားႏွစ္ဦးတို႔က တီထြင္ဖန္တီးခဲ့တာပါ။ သူတို႔က ၎ေဆြးေျမ့ပ်က္စီးတတ္တဲ့ ပန္းကန္ေတြကို တစ္လလွ်င္ အခုေပါင္း ၅၀,၀၀၀ အထိ ထုတ္လုပ္ဖို႔ စီစဥ္ထားၾကပါတယ္။

Josué Soto ႏွင့္ Rolf Torres Lizárraga တို႔ဟာ သူတို႔ရဲ႕ ဗဟုသုတ နဲ႔ ဆန္းသစ္တီထြင္မႈေတြကို အျခားအေသးစားထုတ္လုပ္သူေတြနဲ႔ တိုင္ပင္ရင္း နည္းပညာ အကူအညီေပးသင္တန္းေတြတက္ခဲ့ၿပီးေနာက္ ႏွစ္ေပါင္းရာခ်ီၾကာေနခဲ့တာေတာင္ မပ်က္စီး မေဆြးေျမ့တဲ့ ပလပ္စတစ္ေတြကို ေလ်ာ့ခ်ေစသလို အစားထိုးအသုံးျပဳႏိုင္ဖို႔အတြက္ အခုစီမံကိန္းကို စတင္ခဲ့ၾကပါတယ္။အဆိုပါစီမံကိန္းနဲ႔ပတ္သက္ၿပီး ပိုစိတ္ဝင္စားစရာေကာင္းတဲ့အရာက ၎ထုတ္ကုန္ကို ထုတ္လုပ္ရန္ ဌက္ေပ်ာပင္ေတြကို ခုတ္ပစ္ဖို႔ မလိုအပ္ပါဘူး။ သူတို႔လုပ္ရမွာက ဌက္ေပ်ာပင္ကေန သူ႔ဟာသူ ကြာက်လာတဲ့ အ႐ြက္ေတြကိုသာ ေကာက္ယူၿပီး ပိုေကာင္းေအာင္ အသုံးခ်႐ုံပါဘဲ။

အဆိုပါ ပန္းကန္ရဲ႕ပုံစံေတြက စတုဂံ မွ စက္ဝိုင္းပုံအတိုင္း ကြဲျပားၿပီး ၎တို႔ကို အရည္ျဖစ္ျဖစ္ အပ်စ္ျဖစ္ျဖစ္စတဲ့ အစားအစာအမ်ိဳးမ်ိဳးအတြက္ အသုံးျပဳႏိုင္ပါတယ္။ ဟင္းပြဲ ၁၀၀ အတြက္ ၁၀၀ မွ ၁၂၀ ကို ေဒၚလာ ၂၉.၆၄ မွ ၃၅.၅၆ ( ၄၀,၃၀၀ မွ ၄၈,၅၀၀ က်ပ္ ) အထိ ေရာင္းခ်ဖို႔ ခန္႔မွန္းထားၾကပါတယ္။အဆိုပါစီမံကိန္းက အလြန္ဆန္းသစ္တီထြင္တဲ့စိတ္ကူးတစ္ခု နဲ႔ ပလပ္စတစ္ျပားေတြကို ေလ်ာ့ခ်ဖို႔ အရမ္းေကာင္းတဲ့အျခားေ႐ြးခ်ယ္မႈတစ္ခုအတြက္ဘဲ မဟုတ္ေနသလို သဘာဝပတ္ဝန္းက်င္နဲ႔ အဆင္ေျပၿပီး လုပ္ရလြယ္လို႔ ကြၽန္ေတာ္တို႔လည္း ကမာၻႀကီးအၿမဲက်န္းမာေစဖို႔ ၎လို လိုက္လုပ္ၿပီး အသုံးျပဳသင့္တယ္လို႔ ရည္ၫႊန္းေနပါတယ္။

1

2

3

Mia (Mckzone Daily)

Source : earthwonders

Unicode

ပီရူးနိုင်ငံ ရှိ သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေရှိပြီး အတွေးအမြင်ရှိတဲ့အဖွဲ့တစ်ဖွဲ့ဟာ ပလပ်စတစ်အသုံးပြုမှုကို အစားထိုးနိုင်ဖို့ ဆွေးမြေ့တဲ့အရာတွေနဲ့ထုတ်လုပ်တဲ့ အခု ” Bio Plant ” ဆိုတဲ့စီမံကိန်းကို စတင်ခဲ့ကြပါတယ်။အဆိုပါထုတ်ကုန်ရဲ့အကောင်းဆုံးအချက်က ၎င်းဟာ ပလပ်စတစ်နဲ့မတူဘဲ နှစ်လ အတွင်းမှာ ဆွေးမြေ့သွားပြီး မြေဩဇာအဖြစ် ပြောင်းလဲသွားနိုင်တာပါဘဲ။ အဆိုပါစီမံကိန်းကို ဝန်ကြီးဌာနက အထောက်အပံ့ပေးတဲ့ Bio Challenge ပြိုင်ပွဲရဲ့ပြိုင်ပွဲဝင်တွေဖြစ်တဲ့ Josué Soto နှင့် Rolf Torres Lizárraga အမည်ရှိတဲ့အမျိုးသားနှစ်ဦးတို့က တီထွင်ဖန်တီးခဲ့တာပါ။ သူတို့က ၎င်းဆွေးမြေ့ပျက်စီးတတ်တဲ့ ပန်းကန်တွေကို တစ်လလျှင် အခုပေါင်း ၅၀,၀၀၀ အထိ ထုတ်လုပ်ဖို့ စီစဉ်ထားကြပါတယ်။

Josué Soto နှင့် Rolf Torres Lizárraga တို့ဟာ သူတို့ရဲ့ ဗဟုသုတ နဲ့ ဆန်းသစ်တီထွင်မှုတွေကို အခြားအသေးစားထုတ်လုပ်သူတွေနဲ့ တိုင်ပင်ရင်း နည်းပညာ အကူအညီပေးသင်တန်းတွေတက်ခဲ့ပြီးနောက် နှစ်ပေါင်းရာချီကြာနေခဲ့တာတောင် မပျက်စီး မဆွေးမြေ့တဲ့ ပလပ်စတစ်တွေကို လျော့ချစေသလို အစားထိုးအသုံးပြုနိုင်ဖို့အတွက် အခုစီမံကိန်းကို စတင်ခဲ့ကြပါတယ်။အဆိုပါစီမံကိန်းနဲ့ပတ်သက်ပြီး ပိုစိတ်ဝင်စားစရာကောင်းတဲ့အရာက ၎င်းထုတ်ကုန်ကို ထုတ်လုပ်ရန် ဌက်ပျောပင်တွေကို ခုတ်ပစ်ဖို့ မလိုအပ်ပါဘူး။ သူတို့လုပ်ရမှာက ဌက်ပျောပင်ကနေ သူ့ဟာသူ ကွာကျလာတဲ့ အရွက်တွေကိုသာ ကောက်ယူပြီး ပိုကောင်းအောင် အသုံးချရုံပါဘဲ။

အဆိုပါ ပန်းကန်ရဲ့ပုံစံတွေက စတုဂံ မှ စက်ဝိုင်းပုံအတိုင်း ကွဲပြားပြီး ၎င်းတို့ကို အရည်ဖြစ်ဖြစ် အပျစ်ဖြစ်ဖြစ်စတဲ့ အစားအစာအမျိုးမျိုးအတွက် အသုံးပြုနိုင်ပါတယ်။ ဟင်းပွဲ ၁၀၀ အတွက် ၁၀၀ မှ ၁၂၀ ကို ဒေါ်လာ ၂၉.၆၄ မှ ၃၅.၅၆ ( ၄၀,၃၀၀ မှ ၄၈,၅၀၀ ကျပ် ) အထိ ရောင်းချဖို့ ခန့်မှန်းထားကြပါတယ်။အဆိုပါစီမံကိန်းက အလွန်ဆန်းသစ်တီထွင်တဲ့စိတ်ကူးတစ်ခု နဲ့ ပလပ်စတစ်ပြားတွေကို လျော့ချဖို့ အရမ်းကောင်းတဲ့အခြားရွေးချယ်မှုတစ်ခုအတွက်ဘဲ မဟုတ်နေသလို သဘာဝပတ်ဝန်းကျင်နဲ့ အဆင်ပြေပြီး လုပ်ရလွယ်လို့ ကျွန်တော်တို့လည်း ကမ္ဘာကြီးအမြဲကျန်းမာစေဖို့ ၎င်းလို လိုက်လုပ်ပြီး အသုံးပြုသင့်တယ်လို့ ရည်ညွှန်းနေပါတယ်။

Mia (Mckzone Daily)

  • Leave a Comment