ကားပါကင္ မထိုးတတ္သည့္အျပင္ ကိုယ္ဝန္ေဆာင္အစ္မျဖစ္သူကိုပါ ကားျဖင့္တိုက္ၿပီးသတ္ပစ္ခဲ့သူ

ဒီအျဖစ္အပ်က္ကေတာ့ ၿပီးခဲ့တဲ့ေအာက္တိုဘာလ 19ရက္ေန႔ ညေန2နာရီအခ်ိန္ခန္႔မွာ တ႐ုတ္ႏိုင္ငံမွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး မိန္းကေလးတစ္ေယာက္ဟာ ကားပါကင္ထိုးဖို႔ႀကိဳးစားေနေပမဲ့ ကားပါကင္ေကာင္းေကာင္းမထိုးတတ္၍ ကိုယ္ဝန္ေဆာင္အစ္မျဖစ္သူကိုကားေပၚကဆင္းၿပီး သူမကိုလိုက္လံေစာင့္ၾကည့္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ကိုယ္ဝန္ေဆာင္အစ္မျဖစ္သူက ကားပါကင္ထိုးဖို႔ ကားအေနာက္ဖက္ကေနအခ်က္ျပၿပီး ေနာက္ဆုတ္ခိုင္းေနခဲ့ေပမဲ့ အဆိုပါမိန္းကေလးဟာ ဘရိတ္ကိုနင္းရမယ့္အစား လီဘာကိုမွားနင္းမိ၍ မေမ်ွာ္လင့္ဘဲအစ္မျဖစ္သူကိုကားျဖင့္တိုက္မိခဲ့ပါေတာ့တယ္ ။

ထို႔ေၾကာင့္ အစ္မျဖစ္သူမွာအဆိုပါေနရာတြင္ လဲက်သြားခဲ့ရၿပီး ၊ ဒဏ္ရာေတြရၿပီး အေတာ္ေလးကိုက်ယ္ေလာင္စြာ ေအာ္ဟစ္ခဲ့၍ အနီးအနား႐ွိလူမ်ားက ကူညီေပးရန္အတြက္ေရာက္႐ွိလာခဲ့ၾကပါတယ္ ။ အဆိုပါမိန္းကေလးမွာေတာ့ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိဘဲျဖစ္ေနခဲ့ၿပီး အဆိုပါေနရာတြင္ပင္အစ္မျဖစ္သူအားေပြ႔ဖက္ထားကာ ငိုေႂကြးေနလ်က္႐ွိပါတယ္ ။

ကိုယ္ဝန္ေဆာင္အစ္မျဖစ္သူရဲ႕အေျခအေနဟာ အေတာ္ေလးကိုစိုးရိမ္ရတဲ့အတြက္ ေဆးရံုသို႔ပို႔ေဆာင္ၿပီးမၾကာခင္မွာပဲ ေသဆံုးသြားခဲ့ရပါတယ္ ။ ဗိုက္ထဲ႐ွိ ရင္ေသြးေလး၏အသက္ကိုေတာင္ မကယ္ဆယ္လိုက္ႏိုင္ပါဘူး ။ အဆိုပါကိစၥအတြက္ ရဲအရာ႐ွိမ်ားကစံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိၿပီး အနီးအနားဝန္က်င္႐ွိမ်က္ျမင္သက္ေသေတြရဲ႕ေျပာၾကားခ်က္အရ အဆိုပါမိန္းကေလးဟာဖုန္းေျပာေနရင္ ကားကိုပါကင္ထိုးေနခဲ့တာျဖစ္ၿပီး ၊ ကားဆက္ေရြ႔ေနေသးတာကို သတိမထားမိခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။ ဒါေၾကာင့္ အျခားတစ္ေယာက္ကို ကားပါကင္ထိုးဖို႔ကူညီေပးမယ္ဆိုရင္ အရင္ဆံုးကိုယ့္ကိုအႏၱရာယ္ကင္းေအာင္ ႀကိဳတင္ခန္႔မွန္ထားသင့္ေၾကာင္း သတိေပးလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့အောက်တိုဘာလ 19ရက်နေ့ ညနေ2နာရီအချိန်ခန့်မှာ တရုတ်နိုင်ငံမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး မိန်းကလေးတစ်ယောက်ဟာ ကားပါကင်ထိုးဖို့ကြိုးစားနေပေမဲ့ ကားပါကင်ကောင်းကောင်းမထိုးတတ်၍ ကိုယ်ဝန်ဆောင်အစ်မဖြစ်သူကိုကားပေါ်ကဆင်းပြီး သူမကိုလိုက်လံစောင့်ကြည့်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ ထို့ကြောင့် ကိုယ်ဝန်ဆောင်အစ်မဖြစ်သူက ကားပါကင်ထိုးဖို့ ကားအနောက်ဖက်ကနေအချက်ပြပြီး နောက်ဆုတ်ခိုင်းနေခဲ့ပေမဲ့ အဆိုပါမိန်းကလေးဟာ ဘရိတ်ကိုနင်းရမယ့်အစား လီဘာကိုမှားနင်းမိ၍ မမျှော်လင့်ဘဲအစ်မဖြစ်သူကိုကားဖြင့်တိုက်မိခဲ့ပါတော့တယ် ။

ထို့ကြောင့် အစ်မဖြစ်သူမှာအဆိုပါနေရာတွင် လဲကျသွားခဲ့ရပြီး ၊ ဒဏ်ရာတွေရပြီး အတော်လေးကိုကျယ်လောင်စွာ အော်ဟစ်ခဲ့၍ အနီးအနားရှိလူများက ကူညီပေးရန်အတွက်ရောက်ရှိလာခဲ့ကြပါတယ် ။ အဆိုပါမိန်းကလေးမှာတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲဖြစ်နေခဲ့ပြီး အဆိုပါနေရာတွင်ပင်အစ်မဖြစ်သူအားပွေ့ဖက်ထားကာ ငိုကြွေးနေလျက်ရှိပါတယ် ။

ကိုယ်ဝန်ဆောင်အစ်မဖြစ်သူရဲ့အခြေအနေဟာ အတော်လေးကိုစိုးရိမ်ရတဲ့အတွက် ဆေးရုံသို့ပို့ဆောင်ပြီးမကြာခင်မှာပဲ သေဆုံးသွားခဲ့ရပါတယ် ။ ဗိုက်ထဲရှိ ရင်သွေးလေး၏အသက်ကိုတောင် မကယ်ဆယ်လိုက်နိုင်ပါဘူး ။ အဆိုပါကိစ္စအတွက် ရဲအရာရှိများကစုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိပြီး အနီးအနားဝန်ကျင်ရှိမျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရ အဆိုပါမိန်းကလေးဟာဖုန်းပြောနေရင် ကားကိုပါကင်ထိုးနေခဲ့တာဖြစ်ပြီး ၊ ကားဆက်ရွေ့နေသေးတာကို သတိမထားမိခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။ ဒါကြောင့် အခြားတစ်ယောက်ကို ကားပါကင်ထိုးဖို့ကူညီပေးမယ်ဆိုရင် အရင်ဆုံးကိုယ့်ကိုအန္တရာယ်ကင်းအောင် ကြိုတင်ခန့်မှန်ထားသင့်ကြောင်း သတိပေးလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကားပါကင္ မထိုးတတ္သည့္အျပင္ ကိုယ္ဝန္ေဆာင္အစ္မျဖစ္သူကိုပါ ကားျဖင့္တိုက္ၿပီးသတ္ပစ္ခဲ့သူ"

Leave a comment

Your email address will not be published.


*