သံလုံးဖြင့်ပေါင်ခွကြားအားလေ့ကျင့်ရတဲ့ရှေးဟောင်းကွန်ဖူးပညာကို ထိန်းသိမ်းထားတဲ့ ကိုယ်ခံပညာကျောင်း(ရုပ်သံ)




1

2

3

Mia (Mckzone Daily)

Source : nextshark

Unicode

တရုတ်နိုင်ငံ အလယ်ပိုင်း Juntun ကျေးရွာမှ ကိုယ်ခံပညာရှင်ဆရာတွေဟာ သူတို့ရဲ့ရှေးဟောင်းနည်းစနစ်ဖြစ်တဲ့ သံမဏိဖြင့်ပြုလုပ်ထားတဲ့ကိုယ်ခံပညာကို ဆက်လက်ထိန်းသိမ်းရန်မျှော်လင့်နေကြပါတယ်။Juntun ကျေးရွာမှ ကိုယ်ခံပညာအဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်တဲ့ အသက် ၆၅ နှစ် အရွယ် Wang အမည်ရှိအမျိုးသားတစ်ဦးဟာ Tongbeiquan ကွန်ဖူးပညာ ရဲ့ကိုယ်ခံပညာတစ်ခုဖြစ်တဲ့ Iron Crotch ( သံလုံးခွကြား) ကွန်ဖူး ကို ရွာမှာ နှစ်ပေါင်း ၃၀၀ အကြာ လေ့ကျင့်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။အသက် ၅၃ နှစ်အရွယ် Tang Xiaocheng အမည်ရှိတဲ့ကွန်ဖူးဆရာတစ်ဦးက ကျေးရွာမှာ ပုံမှန် လူဦးရေ ၂၀၀ ခန့် လေ့ကျင့်လေ့ရှိကြခဲ့ပေမယ့် နှစ်တိုင်း အရေအတွက်၂၀ အထိ လျော့ကျသွားကြောင်း ဆိုပါထားတယ်။

Iron Crotch Kung Fu အမျိုးအစားကို လေ့ကျင့်နိုင်သူဥဦးရေကတော့ ၅ ဦး မှ ၈၀ ဦး အထိကျဆင်းသွားခဲ့ပါတယ်။ထို့နောက် ဆရာတွေက ကျေးရွာရှိ Kung Fu ကျောင်းသို့ လာတက်ရန် လူသစ်များအား စတင်ဆွဲဆောင်ခဲ့ပြီးနောက် လူမှုရေး မီဒီယာများ သို့မဟုတ် online ဗီဒီယိုများမှတဆင့် လေ့လာသင်ယူတဲ့ နိုင်ငံရပ်ခြားရှိ ကျောင်းသားသစ်များ ရရှိခဲ့ပါတယ်။Iron Crotch Kung Fu ဟာ ခန္ဓာကိုယ်အား ပိုမိုပြင်းထန်လာစေရန် အသက်ရှူနည်းစနစ်တွေကို ကျင့်သုံးနေစဉ်အတွင်း ပေါင်ခြံဧရိယာမှာ အရှည် ၂ မီတာ (၆.၅ ပေ) နှင့် အလေးချိန် ၄၀ ကီလိုဂရမ် (၈၈ ပေါင်) ရှိတဲ့တုန်ခါနေတဲ့ သစ်လုံးဝင်တိုက်ခြင်းဖြင့် လေ့ကျင့်ရပါတယ်။

အဆိုပါကွန်ဖူးရဲ့အကျိုးတရားက လူတစ်ယောက်ရဲ့ ပေါင်ခြံ သို့မဟုတ် အခြားအထိခိုက်မခံအစိတ်အပိုင်းတွေ နဲ့ နာကျင်မှုတွေကို တွန်းလှန်နိုင်ရန် ကူညီပေးပါတယ်။” ကျွန်တော်တို့မှာ သံဦးခေါင်း ၊ သံလည်ချောင်း ၊ သံခါး စတဲ့ အခြားကွန်ဖူးကိုယ်ခံပညာတွေလည်း ရှိတယ် ” လို့ Tang က ဆိုထားပါတယ်။ Iron Crotch Kung Fu ရဲ့ မှန်ကန်တဲ့နည်းစနစ် နှင့် လုံလောက်တဲ့လေ့ကျင့်မှုတွေကြောင့် နာကျင်မှုကိုဖြစ်စေနိုင်ပေမဲ့လည်း လေ့ကျင့်သူရဲ့မွေးဖွားမှုကိုတော့ ထိခိုက်မိမှာမဟုတ်ဘူး ၊ မင်းကို တွန်းအားပေးနေသမျှ ကာလပတ်လုံး Iron Crotch Kung Fu လေ့ကျင့်တဲ့အခါ မင်းက အလွန်ထူးကဲနေတာကို ခံစားမိသွားလိမ့်မယ် ” လို့ အကြီးအကဲဆရာဖြစ်တဲ့ Wangက ပြောကြားခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment