သာမန္ေခြးေတြနဲ႔မတူဘဲ ေၾကာင္နဲ႔တူေနလို႔ လူအမ်ားကို ခြဲျခားရခက္သြားေစခဲ့တဲ့ ေခြးေလး

ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့ Dúi လို႔ေခၚတဲ့ ထူးျခားတဲ့ေခြးေလးဟာ ေခြးတစ္ေကာင္ရဲ႕မ်က္ႏွာပုံရွိေပမဲ့ သူ႔ရဲ႕ ထူထူေလးျဖစ္ေနတဲ့အေမြး ၊ နား႐ြက္ ႏွင့္ အၿမီးကလည္း အနည္းငယ္ရွည္ေနတာေၾကာင့္ ေၾကာင္တစ္ေကာင္ရဲ႕ပုံပန္းသ႑ာန္နဲ႔ အ​ေတာ္ေလး ဆင္တူေနပါတယ္။Dúi ဟာ လူအမ်ားအတြက္ ေခြးလား ေၾကာင္လား ဆိုတာကို ခြဲျခားရခက္ေစခဲ့ပါတယ္။တစ္ကယ္ေတာ့ Dúi က အလြန္သစၥာေစာင့္သိတဲ့ သူ႔ရဲ႕ ဇာတိေခြးမ်ိဳးႏြယ္ H’mong ေခြးအမ်ိဳးအစား ကို Dingo အမည္ရွိတဲ့ေျခတိုတိုေခြးအမ်ိဳးအစားနဲ႔ ေပါင္းစပ္ထားၿပီး ေမြးလာလို႔ အခုလိုျဖစ္ေနခဲ့ေၾကာင္း ပိုင္ရွင္ေတြျဖစ္တဲ့ Hai Anh ႏွင့္ Tuan က ဆိုထားပါတယ္။ဒါေပမယ့္ သူ႔မွာ မ်ိဳး႐ိုးဗီဇေျပာင္းလဲမႈေတြလည္း ရွိေနတာျဖစ္မယ္လို႔လည္း ဆိုထားပါတယ္။Dui ကိုေတာင္တန္းေဒသမွာ ဝယ္ယူေမြးစားခဲ့တာပါ။Dui ဟာ သူ႔ရဲ႕ခြဲျခားရခက္တဲ့ပုံပန္းသ႑ာန္ေၾကာင့္ social media မွာ လူအမ်ားက စိတ္ဝင္စားေနၾကၿပီး သူ႔ရဲ႕ Facebook page မွာလည္း ပရိသတ္ အခိုင္အမာရရွိထားပါေသးတယ္။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

Mia (Mckzone Daily)

Source : woofwoof

Unicode

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ Dúi လို့ခေါ်တဲ့ ထူးခြားတဲ့ခွေးလေးဟာ ခွေးတစ်ကောင်ရဲ့မျက်နှာပုံရှိပေမဲ့ သူ့ရဲ့ ထူထူလေးဖြစ်နေတဲ့အမွေး ၊ နားရွက် နှင့် အမြီးကလည်း အနည်းငယ်ရှည်နေတာကြောင့် ကြောင်တစ်ကောင်ရဲ့ပုံပန်းသဏ္ဍာန်နဲ့ အ​တော်လေး ဆင်တူနေပါတယ်။Dúi ဟာ လူအများအတွက် ခွေးလား ကြောင်လား ဆိုတာကို ခွဲခြားရခက်စေခဲ့ပါတယ်။တစ်ကယ်တော့ Dúi က အလွန်သစ္စာစောင့်သိတဲ့ သူ့ရဲ့ ဇာတိခွေးမျိုးနွယ် H’mong ခွေးအမျိုးအစား ကို Dingo အမည်ရှိတဲ့ခြေတိုတိုခွေးအမျိုးအစားနဲ့ ပေါင်းစပ်ထားပြီး မွေးလာလို့ အခုလိုဖြစ်နေခဲ့ကြောင်း ပိုင်ရှင်တွေဖြစ်တဲ့ Hai Anh နှင့် Tuan က ဆိုထားပါတယ်။ဒါပေမယ့် သူ့မှာ မျိုးရိုးဗီဇပြောင်းလဲမှုတွေလည်း ရှိနေတာဖြစ်မယ်လို့လည်း ဆိုထားပါတယ်။Dui ကိုတောင်တန်းဒေသမှာ ဝယ်ယူမွေးစားခဲ့တာပါ။Dui ဟာ သူ့ရဲ့ခွဲခြားရခက်တဲ့ပုံပန်းသဏ္ဍာန်ကြောင့် social media မှာ လူအများက စိတ်ဝင်စားနေကြပြီး သူ့ရဲ့ Facebook page မှာလည်း ပရိသတ် အခိုင်အမာရရှိထားပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment