နိုင်ငံအသီးသီးရှိ မိခင်တို့ရဲ့ချစ်ခြင်းမေတ္တာကို ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးပြခဲ့တဲ့ ဓာတ်ပုံဆရာ


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

Mia (Mckzone Daily)

Source : boredpanda

Unicode

မိခင်နှင့်ကလေးတို့အကြားက သံယောဇဉ်နှောင်ကြိုးဟာ သဘာဝတရားမှာ အခိုင်မြဲဆုံး နဲ့ အရေးအပါဆုံး အရာတစ်ခုပါ။အကောင်းဆုံးနှင့်အဆိုးရွားဆုံးသောအချိန်တွေမှာ မိခင်တွေဟာ သူတို့ရဲ့သားစဉ်မြေးဆက်တို့ရဲ့ဘဝမှာ အဓိကအခန်းကဏ္ဍအဖြစ်ပါ၀င်ကြပြီး လုံခြုံမှုရှိစေဖို့ ၊ ပျော်ရွှင်စေဖို့ နဲ့ ကျန်းမာစေဖို့အတွက် ဘေးကနေအရိပ်တကြည်ကြည် ဂရုစိုက်ပေးတတ်ကြပါတယ်။Mihaela Noroc အမည်ရှိတဲ့ Romanian ဓာတ်ပုံဆရာတစ်ဦးဟာ ယဉ်ကျေးမှုအရ မတူကွဲပြားတဲ့မိခင်အမျိုးသမီးတို့ရဲ့ဓာတ်ပုံကို ရိုက်ကူးစုဆောင်းနိုင်ဖို့ ကမ္ဘာအနှံ့ခရီးထွက်ခဲ့ပါတယ်။Mihaela ဟာ အဆိုပါမိခင်တို့ရဲ့အကူအညီနဲ့ အံ့ဩလောက်အောင် လှပတဲ့အမျိုးသမီးတွေရဲ့ပုံရိပ်များစွာကို ဖမ်းယူနိုင်ခဲ့ပြီး ခရီးလမ်းတစ်လျှောက် နိုင်ငံပေါင်း ၅၀ ကျော်ကိုဖြတ်ကျော်ရင်း သူမဟာ မိခင်ဘဝကို မှတ်တမ်းတင်ခြင်း ၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ဒီတော့ ကမ္ဘာအနှံရှိ မိခင်နဲ့ကလေးတို့အကြား ခြွင်းချက်မရှိ သနားခြင်း ၊ ကရုဏာထားခြင်း နဲ့ ချစ်ခြင်းမေတ္တာတို့ကို အထင်သားပေါ်လွင်စေတဲ့ Mihaela ရဲ့ ရိုက်ချက်အချို့ကို စာဖတ်သူတို့အဖို့ပါ မျှဝေပေးခဲ့လိုက်ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment