35ပေမြင့်တဲ့ ဝရံတာပေါ်ကနေပြုတ်ကျခဲ့ပေမဲ့ သေကံမပါခဲ့တဲ့ 3နှစ်အရွယ်ကလေးငယ်ရဲ့ ကံကောင်းလွန်းတဲ့အဖြစ်(ရုပ်သံ)


Video ကြည့်ရန်ပုံကိုနှိပ်ပါ



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီအဖြစ်အပျက်ကတော့ ပြီးခဲ့တဲ့အောက်တိုဘာလ 18ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး Parv Jain အမည်ရှိတဲ့ အိန္နိယနိုင်ငံက 3နှစ်သားအရွယ်ကလေးငယ်လေးဟာ နေအိမ်ရဲ့ဒုတိယထပ်မှာရှိတဲ့ ဝရံတာမှာဆော့ကစားနေတုန်း မတော်တဆ အောက်ဖက်သို့ပြုတ်ကျသွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် လန်ချား 3ဘီးစက်ဘီး နှင့် အမျိုးသားတစ်ဦးက ဘာသိဘာသာလမ်းလျှောက်နေခဲ့ပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်အတွင်းမှာပဲ ကလေးငယ်ဟာ 3ဘီးစက်ဘီးရဲ့ ဖော့တွေတပ်ထားတဲ့ ထိုင်ခုံတည့်တည့်ကိုပြုတ်ကျသွားခဲ့ပါတယ် ။

သုံးဘီးစက်ဘီးနှင့် အမျိုးသားကလည်း အသံကြား၍အနောက်ဖက်သို့ ရုတ်တရက်လှည့်ကြည့်ချိန်မှာတော့ သူ့စက်ဘီ၏ထိုင်ခုံပေါ်တွင်ကလေးငယ်ကိုတွေ့လိုက်ရသောကြောင့် အံ့သြထိတ်လန့်သွားခဲ့ပြီး ကလေးငယ်ကိုစစ်ဆေးနေချိန်မှာပဲ အနီးအနားမှလူများရောက်ရှိလာပြီး ကလေးငယ်ကိုနေအိမ်အတွင်းသို့ ပြန်လည်ခေါ်ဝင်သွားခဲ့ပါတယ် ။ ထိုအချိန်မှာပဲ ကလေးငယ်၏မိခင်ဟု ယူဆရတဲ့အမျိုးသမီးဟာ ကလေးငယ်ကိုပွေ့ချီပြီးဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပေမဲ့ ကံကောင်းထောက်မစွာဖြင့် ကလေးငယ်ဟာ ကြီးကြီးမားမား ဒဏ်ရာရရှိခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး ။

ထို့ကြောင့် အဆိုပါမတော်တဆဖြစ်ရပ်မှုမျိုးဖြစ်ပွားပြီးနောက် ကလေးငယ်၏မိဘများက သုံးဘီးစက်ဘီးနှင့် အမျိုးသားအားအတော်လေးကျေးဇူးတင်ကာ အဆိုပါအမျိုးသားအတွက် အဝတ်အစားအသစ်များဝယ်ပေခဲ့သည့်အပြင် သူ၏ကလေးငယ်များအတွက်ပါမုန့်များဝယ်ပြီးထည့်ပြန်ပေးခဲ့ကြပါတယ် ။ အဆိုပါ သုံးဘီစက်ဘီးနှင့် အမျိုးသားမှာတော့ ဘားမှမသိခဲ့ပေမဲ့လည်း ကလေးငယ်၏အသက်ကိုကယ်တင်ပေဖို့ကံပါလာပုံရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "35ပေမြင့်တဲ့ ဝရံတာပေါ်ကနေပြုတ်ကျခဲ့ပေမဲ့ သေကံမပါခဲ့တဲ့ 3နှစ်အရွယ်ကလေးငယ်ရဲ့ ကံကောင်းလွန်းတဲ့အဖြစ်(ရုပ်သံ)"

Leave a comment

Your email address will not be published.


*