ဓာတ္ပုံမွန္ေဘာင္ထဲ Star Wars ဇာတ္ေကာင္ေတြထည့္ၿပီး ဇနီးကို ေနာက္ေျပာင္ခဲ့တဲ့ အမ်ိဳးသား

ဆစ္ဒနီအေျခစိုက္ ဩစေၾတးလ်အႏုပညာရွင္တစ္ဦးျဖစ္ၿပီး Scadam လို႔လူသိမ်ားတဲ့အမ်ိဳးသားတစ္ဦးဟာ Star Wars ႐ုပ္ရွင္ဇာတ္ကားရဲ႕ အမာခံပရိသတ္ပါ။သူဟာ ေနာက္ေျပာင္တတ္လြန္းတဲ့ ခင္ပြန္းတစ္ေယာက္လည္းျဖစ္ပါတယ္။အခုလည္း ဇနီးျဖစ္သူကို ေနာက္ေျပာင္ဖို႔ သူမႏွစ္သက္တဲ့ပန္းခ်ီကားခ်ပ္ထဲက မင္းသမီးေတြရဲ႕ မ်က္ႏွာမွာ Star Wars ထဲကဇာတ္ေကာင္ေတြနဲ႔ အစားထိုးပစ္ခဲ့ပါတယ္။၄ရက္ေျမာက္ေန႔မွာ ဇနီးသည္က အဆိုပါ ပန္းခ်ီကားေတြကို သတိမထားမိေတာ့ Scadam က အဆိုပါပန္းခ်ီကားေတြရဲ႕ effect ကို ႏွစ္ဆ ျမင့္တင္ၿပီး ျပန္ဆြဲခဲ့ပါတယ္။ ၈ ရက္ေျမာက္ေန႔မွာေတာ့ Star Wars ပရိသတ္မဟုတ္တဲ့ ဇနီးသည္က သူ႔ရဲ႕ေပ်ာ္စရာေကာင္းတဲ့ပေရာဂ်က္ေၾကာင့္ ရယ္ေမာခဲ့ရၿပီး အဆိုပါပန္းခ်ီကားေတြကို အေကာင္းအတိုင္း ျပန္မျပင္ဘဲ ၎စင္ေပၚမွာဘဲ အလွထားခဲ့လိုက္ပါတယ္။Scadam ကိုယ္တိုင္ social media မွာ ေဝမွ်ခဲ့တဲ့ အဆိုပါ အျဖစ္အပ်က္ဟာ ဇနီးသည္အား တစ္ေန႔တစ္မ်ိဳး မ႐ိုးရေအာင္ ေနာက္ေျပာင္တတ္တဲ့ အမ်ိဳးသားေတြအၾကား ေရပန္းစားသြားခဲ့ပါတယ္။

1

2

3

4

5

6

7

8

9

Mia (Mckzone Daily)

Source : boredpanda

Unicode

ဆစ်ဒနီအခြေစိုက် ဩစတြေးလျအနုပညာရှင်တစ်ဦးဖြစ်ပြီး Scadam လို့လူသိများတဲ့အမျိုးသားတစ်ဦးဟာ Star Wars ရုပ်ရှင်ဇာတ်ကားရဲ့ အမာခံပရိသတ်ပါ။သူဟာ နောက်ပြောင်တတ်လွန်းတဲ့ ခင်ပွန်းတစ်ယောက်လည်းဖြစ်ပါတယ်။အခုလည်း ဇနီးဖြစ်သူကို နောက်ပြောင်ဖို့ သူမနှစ်သက်တဲ့ပန်းချီကားချပ်ထဲက မင်းသမီးတွေရဲ့ မျက်နှာမှာ Star Wars ထဲကဇာတ်ကောင်တွေနဲ့ အစားထိုးပစ်ခဲ့ပါတယ်။၄ရက်မြောက်နေ့မှာ ဇနီးသည်က အဆိုပါ ပန်းချီကားတွေကို သတိမထားမိတော့ Scadam က အဆိုပါပန်းချီကားတွေရဲ့ effect ကို နှစ်ဆ မြင့်တင်ပြီး ပြန်ဆွဲခဲ့ပါတယ်။ ၈ ရက်မြောက်နေ့မှာတော့ Star Wars ပရိသတ်မဟုတ်တဲ့ ဇနီးသည်က သူ့ရဲ့ပျော်စရာကောင်းတဲ့ပရောဂျက်ကြောင့် ရယ်မောခဲ့ရပြီး အဆိုပါပန်းချီကားတွေကို အကောင်းအတိုင်း ပြန်မပြင်ဘဲ ၎င်းစင်ပေါ်မှာဘဲ အလှထားခဲ့လိုက်ပါတယ်။Scadam ကိုယ်တိုင် social media မှာ ဝေမျှခဲ့တဲ့ အဆိုပါ အဖြစ်အပျက်ဟာ ဇနီးသည်အား တစ်နေ့တစ်မျိုး မရိုးရအောင် နောက်ပြောင်တတ်တဲ့ အမျိုးသားတွေအကြား ရေပန်းစားသွားခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment