အၿမဲခရီးသြားတတ္သူေတြအတြက္ အထူးအဆင္ေျပေစမယ့္ ေ႐ြ႕လ်ားႏိုင္တဲ့ မိုဘိုင္းအိမ္ငယ္

ေတာင္တန္းေတြနဲ႔ေရကန္အနီးမွာ သက္ေတာင့္သက္သာရွိၿပီး ေသးငယ္တဲ့အိမ္ေလးတစ္လုံးပိုင္ဆိုင္ရဖို႔က လူတိုင္းလိုလိုရဲ႕အိပ္မက္တစ္ခုပါဘဲ ။ၿမိဳ႕ျပႀကီးမွာ ေန႔တိုင္းေနထိုင္ရျခင္းက စိတ္ရႈပ္ေထြးမႈေတြျဖစ္ေစတာေၾကာင့္ လူတိုင္းဟာ သဘာဝရဲ႕လတ္ဆတ္တဲ့ေလရႈရႈိက္ရင္း ၊ ႐ိုးရွင္းတဲ့ဘဝပုံစံနဲ႔ ရွင္သန္ၾကည့္ခ်င္တတ္ၾကပါတယ္။အခုလည္း Ikea ဆိုတဲ့ အိမ္တြင္းအလွဆင္ေရးကုမၸဏီက Escape ကုမၸဏီႏွင့္ ပူးေပါင္းၿပီး ျပင္ပမွာ ေရရွည္ေနထိုင္ႏိုင္မဲ့ ေသးငယ္တဲ့မိုဘိုင္းအိမ္တစ္ခုကို ဖန္တီးခဲ့ပါတယ္။အဆိုပါေသးငယ္တဲ့အိမ္ဟာ အေဝးသို႔ေျပာင္းေ႐ြ႕ေနထိုင္လိုသူ ဒါမွမဟုတ္ ေဝးလံတဲ့အလုပ္ႏွင့္ အံဝင္ခြင္က်ျဖစ္လိုသူေတြအတြက္ အထူးထုတ္လုပ္ထားတာပါ။

Escape ရဲ႕ CEO ျဖစ္တဲ့ Dan George Dobrowolski အမည္ရွိအမ်ိဳးသားတစ္ဦးက အဆိုပါအိမ္ကို ေရရွည္တည္တံ့ခိုင္ၿမဲရန္ စြမ္းအင္ထိေရာက္မႈနည္းတဲ့ေက်ာက္မီးေသြးေျခရာမ်ား ႏွင့္ ျပန္လည္အသုံးျပဳႏိုင္တဲ့ပစၥည္းမ်ားကို အသုံးျပဳၿပီး အေဆာက္အအုံကို လိုအပ္သလိုပတ္ဝန္းက်င္အသစ္သို႔ေျပာင္းေ႐ြ႕ႏိုင္ရန္ျပဳလုပ္ထားေၾကာင္း ေျပာျပထားပါတယ္။Ikea ရဲ႕အလြန္ေသးငယ္တဲ့ အိမ္စီမံကိန္းက ေရရွည္တည္တံ့ခိုင္ၿမဲမႈ ႏွင့္ပတ္သက္ၿပီး အိမ္မွာ ဆိုလာျပားမ်ားစြာပါရွိပါတယ္။၁၈၇ စတုရန္းေပ (၁၇.၄ စတုရန္းမီတာ) အက်ယ္ရွိတဲ့ အဆိုပါအိမ္ကို Escape က Vista Boho XL အိမ္လို႔ အမည္ေပးေရာင္းခ်ေနပါတယ္။

Boho XL က အလြန္ေသးငယ္ေနေပမဲ့လည္း ေစ်းႏႈန္းကေတာ့ မေသးငယ္ေနပါဘူး။အဆိုပါအိမ္ဟာ ေဒၚလာ ၆၃၃၅၀ ၀န္းက်င္ ( ၈၅၆ သိန္းေက်ာ္)ရွိေၾကာင္း Business Insider က ေဖာ္ျပထားၿပီး ဒီအေတာအတြင္း Vista Boho XL ကို Escape ရဲ႕website မွာ ေဒၚလာ ၄၇,၅၅၀ ( ၆၄၂ သိန္းေက်ာ္ ) ဒါမွမဟုတ္ တစ္လလွ်င္ 331 ေဒၚလာအရစ္က်ျဖင့္ ေရာင္းခ်ေနပါတယ္။အိမ္ေလးကေတာ့ ခရီးအၿမဲသြားရတာကို ႀကိဳက္ၿပီး ဟိုတယ္မွာအိပ္ရတာမႀကိဳက္တတ္တဲ့လူေတြအတြက္ အထူးအဆင္ေျပေစမွာပါ ။

1

2

3

4

5

6

7

8

9

Mia (Mckzone Daily)

Source : boredpanda

Unicode

တောင်တန်းတွေနဲ့ရေကန်အနီးမှာ သက်တောင့်သက်သာရှိပြီး သေးငယ်တဲ့အိမ်လေးတစ်လုံးပိုင်ဆိုင်ရဖို့က လူတိုင်းလိုလိုရဲ့အိပ်မက်တစ်ခုပါဘဲ ။မြို့ပြကြီးမှာ နေ့တိုင်းနေထိုင်ရခြင်းက စိတ်ရှုပ်ထွေးမှုတွေဖြစ်စေတာကြောင့် လူတိုင်းဟာ သဘာဝရဲ့လတ်ဆတ်တဲ့လေရှုရှိုက်ရင်း ၊ ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ရှင်သန်ကြည့်ချင်တတ်ကြပါတယ်။အခုလည်း Ikea ဆိုတဲ့ အိမ်တွင်းအလှဆင်ရေးကုမ္ပဏီက Escape ကုမ္ပဏီနှင့် ပူးပေါင်းပြီး ပြင်ပမှာ ရေရှည်နေထိုင်နိုင်မဲ့ သေးငယ်တဲ့မိုဘိုင်းအိမ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။အဆိုပါသေးငယ်တဲ့အိမ်ဟာ အဝေးသို့ပြောင်းရွေ့နေထိုင်လိုသူ ဒါမှမဟုတ် ဝေးလံတဲ့အလုပ်နှင့် အံဝင်ခွင်ကျဖြစ်လိုသူတွေအတွက် အထူးထုတ်လုပ်ထားတာပါ။

Escape ရဲ့ CEO ဖြစ်တဲ့ Dan George Dobrowolski အမည်ရှိအမျိုးသားတစ်ဦးက အဆိုပါအိမ်ကို ရေရှည်တည်တံ့ခိုင်မြဲရန် စွမ်းအင်ထိရောက်မှုနည်းတဲ့ကျောက်မီးသွေးခြေရာများ နှင့် ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းများကို အသုံးပြုပြီး အဆောက်အအုံကို လိုအပ်သလိုပတ်ဝန်းကျင်အသစ်သို့ပြောင်းရွေ့နိုင်ရန်ပြုလုပ်ထားကြောင်း ပြောပြထားပါတယ်။Ikea ရဲ့အလွန်သေးငယ်တဲ့ အိမ်စီမံကိန်းက ရေရှည်တည်တံ့ခိုင်မြဲမှု နှင့်ပတ်သက်ပြီး အိမ်မှာ ဆိုလာပြားများစွာပါရှိပါတယ်။၁၈၇ စတုရန်းပေ (၁၇.၄ စတုရန်းမီတာ) အကျယ်ရှိတဲ့ အဆိုပါအိမ်ကို Escape က Vista Boho XL အိမ်လို့ အမည်ပေးရောင်းချနေပါတယ်။

Boho XL က အလွန်သေးငယ်နေပေမဲ့လည်း စျေးနှုန်းကတော့ မသေးငယ်နေပါဘူး။အဆိုပါအိမ်ဟာ ဒေါ်လာ ၆၃၃၅၀ ၀န်းကျင် ( ၈၅၆ သိန်းကျော်)ရှိကြောင်း Business Insider က ဖော်ပြထားပြီး ဒီအတောအတွင်း Vista Boho XL ကို Escape ရဲ့website မှာ ဒေါ်လာ ၄၇,၅၅၀ ( ၆၄၂ သိန်းကျော် ) ဒါမှမဟုတ် တစ်လလျှင် 331 ဒေါ်လာအရစ်ကျဖြင့် ရောင်းချနေပါတယ်။အိမ်လေးကတော့ ခရီးအမြဲသွားရတာကို ကြိုက်ပြီး ဟိုတယ်မှာအိပ်ရတာမကြိုက်တတ်တဲ့လူတွေအတွက် အထူးအဆင်ပြေစေမှာပါ ။

Mia (Mckzone Daily)

  • Leave a Comment