ဂိမ္းေဆာ့လြန္းလို႔ ဥာဏ္ေကာင္းလြန္းတဲ့မိခင္ရဲ႕အထိန္းအခ်ဳပ္ေအာက္ေရာက္သြားခဲ့တဲ့ အမ်ိဳးသား

ဂ်ပန္ႏိုင္ငံရွိ မိခင္တစ္ဦးဟာ တစ္ေန႔ကုန္ တစ္ေန႔ကန္း ေခၚမၾကား ေအာ္မၾကား ဂိမ္းကစားတတ္လြန္းတဲ့ သားျဖစ္သူကို သင္ခန္းစာေပးဖို႔ သူမရဲ႕ နည္းလမ္းအသစ္တစ္ခုကို ထုတ္သုံးပစ္ခဲ့ပါတယ္။ တိုးတက္ေနတဲ့ယေန႔ေခတ္မွာ ကေလးေတြကို မိဘေတြက ဘယ္လိုနည္းနဲ႔ဘဲ ထိန္းခ်ဳပ္ထိန္းခ်ဳပ္ ကေလးေတြက ၎နည္းေတြကို ရေအာင္ ဖ်က္ဆီးတတ္ၾကပါတယ္ ။ သို႔ေပမဲ့ Twitter အသုံးျပဳသူ @sasamipicata ကေတာ့ အေမျဖစ္သူရဲ႕ သင္ခန္းစာေအာက္မွာ ျပားျပားဝပ္ျဖစ္သြားခဲ့ရပါတယ္။အေမျဖစ္သူက အခုပုံထဲကလို သူအသုံးျပဳတဲ့ ပလပ္ေခါင္း ရဲ႕ ထိပ္က သံေခ်ာင္းႏွစ္ေခ်ာင္းရဲ႕အေပါက္ႏွစ္ခုကို ပလပ္ေပါက္မထိုးႏိုင္ဖို႔ ေသာ့နဲ႔ ခတ္ပစ္လိုက္တာပါ။အေမရဲ႕အႀကံကေတာ့ လုံးဝအလန္းပါဘဲ။

ေကာင္ေလးက မိုဘိုင္းဂိမ္းေတြပါ ႀကိဳက္တတ္လို႔ အေမျဖစ္သူက သူ႔ phone အားသြင္းတုံးကိုပါ ေသာ့နဲ႔ခတ္ပစ္ခဲ့ပါေသးတယ္။အဆိုပါ ေကာင္ေလးက အေမျဖစ္သူရဲ႕အႀကံက သူလက္လန္သြားရေၾကာင္းကို ” အားတိုင္းဂိမ္းကစားတတ္တဲ့ကေလးေတြကို ပိုင္ဆိုင္ထားရတဲ့ ဂ်ပန္အေမေတြအတြက္ ကြၽန္ေတာ္ ကေလးတစ္ေယာက္အ ေနနဲ႔ ေျပာရရင္ အခုကြၽန္ေတာ့္အေမ ကြၽန္ေတာ့္ကို သင္ခန္းစာေပးလိုက္တဲ့ ပုံက အရမ္းအသုံးဝင္တယ္လို႔ ေျပာလို႔ရတယ္ ၊ ခုတေလာ ကြၽန္ေတာ္ ဂိမ္းနဲ႔အလွမ္းေဝးေနပါၿပီ ” လို႔ဆိုရင္း ဓာတ္ပုံနဲ႔ မွ်ေဝခဲ့တာပါ။

ထို႔ေနာက္ သူ႔ tweet က retweet ေထာင္ခ်ီရသြားခဲ့ၿပီး Twitter အသုံးျပဳသူေတြက ” အိုး ငါလည္း အေမ့ကို မ်က္စိေထာင့္ေထာက္ၾကည့္ေနရေတာ့မယ္ထင္တယ္” ၊ ” ေသာ့ျပင္ဆိုင္သြားလိုက္ပါလား “၊ ” အိမ္ကအေမ အဲ့လိုလုပ္မွာေၾကာက္လို႔ အခုကတည္းက အားသြင္းႀကိဳးအပိုဝယ္ထားရမယ္” စတဲ့မွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။စာဖတ္သူတို႔လည္း အိမ္က ထမင္းေမ့ဟင္းေမ့ရတဲ့အထိ ဂိမ္းေဆာ့တတ္တဲ့ ကေလးေတြကိုအခုလို နည္းေလးနဲ႔ ထိန္းခ်ဳပ္လို႔ရေနပါၿပီေနာ္။အႀကံေကာင္းလြန္းတဲ့ အေမ့ကိုေတာ့ မေလးစားဘဲ မေနႏိုင္ေတာ့ပါဘူးဗ်ာ။

1

Mia (Mckzone Daily)

Source : nextshark

Unicode

ဂျပန်နိုင်ငံရှိ မိခင်တစ်ဦးဟာ တစ်နေ့ကုန် တစ်နေ့ကန်း ခေါ်မကြား အော်မကြား ဂိမ်းကစားတတ်လွန်းတဲ့ သားဖြစ်သူကို သင်ခန်းစာပေးဖို့ သူမရဲ့ နည်းလမ်းအသစ်တစ်ခုကို ထုတ်သုံးပစ်ခဲ့ပါတယ်။ တိုးတက်နေတဲ့ယနေ့ခေတ်မှာ ကလေးတွေကို မိဘတွေက ဘယ်လိုနည်းနဲ့ဘဲ ထိန်းချုပ်ထိန်းချုပ် ကလေးတွေက ၎င်းနည်းတွေကို ရအောင် ဖျက်ဆီးတတ်ကြပါတယ် ။ သို့ပေမဲ့ Twitter အသုံးပြုသူ @sasamipicata ကတော့ အမေဖြစ်သူရဲ့ သင်ခန်းစာအောက်မှာ ပြားပြားဝပ်ဖြစ်သွားခဲ့ရပါတယ်။အမေဖြစ်သူက အခုပုံထဲကလို သူအသုံးပြုတဲ့ ပလပ်ခေါင်း ရဲ့ ထိပ်က သံချောင်းနှစ်ချောင်းရဲ့အပေါက်နှစ်ခုကို ပလပ်ပေါက်မထိုးနိုင်ဖို့ သော့နဲ့ ခတ်ပစ်လိုက်တာပါ။အမေရဲ့အကြံကတော့ လုံးဝအလန်းပါဘဲ။

ကောင်လေးက မိုဘိုင်းဂိမ်းတွေပါ ကြိုက်တတ်လို့ အမေဖြစ်သူက သူ့ phone အားသွင်းတုံးကိုပါ သော့နဲ့ခတ်ပစ်ခဲ့ပါသေးတယ်။အဆိုပါ ကောင်လေးက အမေဖြစ်သူရဲ့အကြံက သူလက်လန်သွားရကြောင်းကို ” အားတိုင်းဂိမ်းကစားတတ်တဲ့ကလေးတွေကို ပိုင်ဆိုင်ထားရတဲ့ ဂျပန်အမေတွေအတွက် ကျွန်တော် ကလေးတစ်ယောက်နဲ့ ပြောရရင် အခုကျွန်တော့်အမေ ကျွန်တော့်ကို သင်ခန်းစာပေးလိုက်တဲ့ ပုံက အရမ်းအသုံးဝင်တယ်လို့ ပြောလို့ရတယ် ၊ ခုတလော ကျွန်တော် ဂိမ်းနဲ့အလှမ်းဝေးနေပါပြီ ” လို့ဆိုရင်း ဓာတ်ပုံနဲ့ မျှဝေခဲ့တာပါ။

ထို့နောက် သူ့ tweet က retweet ထောင်ချီရသွားခဲ့ပြီး Twitter အသုံးပြုသူတွေက ” အိုး ငါလည်း အမေ့ကို မျက်စိထောင့်ထောက်ကြည့်နေရတော့မယ်ထင်တယ်” ၊ ” သော့ပြင်ဆိုင်သွားလိုက်ပါလား “၊ ” အိမ်ကအမေ အဲ့လိုလုပ်မှာကြောက်လို့ အခုကတည်းက အားသွင်းကြိုးအပိုဝယ်ထားရမယ်” စတဲ့မှတ်ချက်တွေပေးခဲ့ကြပါတယ်။စာဖတ်သူတို့လည်း အိမ်က ထမင်းမေ့ဟင်းမေ့ရတဲ့အထိ ဂိမ်းဆော့တတ်တဲ့ ကလေးတွေကိုအခုလို နည်းလေးနဲ့ ထိန်းချုပ်လို့ရနေပါပြီနော်။အကြံကောင်းလွန်းတဲ့ အမေ့ကိုတော့ မလေးစားဘဲ မနေနိုင်တော့ပါဘူးဗျာ။

Mia (Mckzone Daily)

  • Leave a Comment