ဒူရင္းသီးခြံထဲဂိမ္းစက္တစ္ခုတီထြင္ဖန္တီးျပခဲ့တဲ့ ေက်ာင္းသားတစ္ဦး (႐ုပ္သံ)

အသက္ ၂၄ ႏွစ္ အ႐ြယ္ Tan အမည္ရွိတဲ့ေက်ာင္းသားတစ္ဦး ဟာ YouTube ရွိသူ႔ပရိသတ္မ်ားႏွင့္ သူ႔ရဲ႕လူမႈအသိုင္းအဝိုင္းအသီးသီးမွ အသီးတစ္မ်ိဳးမ်ိဳးျဖင့္ consoleတစ္ခု ဖန္တီးရန္ စိန္ေခၚျခင္းခံခဲ့ရပါတယ္။သူက ယခင္က ဖရဲသီးနဲ႔လုပ္ထားတဲ့ဂိမ္းခလုတ္ကို ျပဳလုပ္ခဲ့ဖူးပါတယ္။ႀကီးမားၿပီး ေခ်ာေမြ႕တဲ့ဖရဲသီးႏွင့္မတူဘဲ ေသးငယ္ၿပီးဆူးခြၽန္ပါတဲ့ ဒူးရင္းသီးကို Business Analytics and Marketing ေက်ာင္းသားအေနျဖင့္ လုပ္ေဆာင္ရန္မွာ မလြယ္ကူပါဘူး။Tan ဟာ အဖုံးတစ္ခုဖန္တီးရန္အတြက္ ပထမဆုံးဒူးရင္းသီးရဲ႕အထဲကအစာကိုရွင္းထုတ္ၿပီး အခြံကိုေျခာက္ေသြ႕သြားေအာင္ ထားပါတယ္။

ေနာက္တစ္ဆင့္မွာေတာ့ Raspberry Pi လွ်ပ္စီးပတ္လမ္းႏွင့္တကြ ဆိုင္ရာကိရိယာမ်ား တပ္ဆင္ရာ ဘုတ္ျပားမွာ ဂေဟဆက္ရတဲ့ကိရိယာအေျမာက္အျမားပါ၀င္တာေၾကာင့္ သူ႔ကိုအနည္းငယ္အဆိပ္သင့္သြားေစခဲ့ပါတယ္။ႏွစ္ပတ္အၾကာမွာ Tan က `PokeBoy‘ လို႔ေခၚတဲ့ console ကို အၿပီးသတ္ႏိုင္ခဲ့ပါတယ္။Tan က ဒီျဖစ္စဥ္ကို ဗီဒီယိုနဲ႔ မွတ္တမ္းတင္ထားခဲ့ၿပီး သူစိမ္းမ်ားအား အဆိုပါစက္ကိရိယာစမ္းသပ္ၾကည့္ရန္ ခြင့္ျပဳေပးခဲ့ပါတယ္။”PokeBoy က MelonBoy နဲ႔ယွဥ္ရင္ လုပ္ရတာ ပိုခက္ခဲေပမဲ့လည္း အက်ိဳးရွိတဲ့အေတြ႕အႀကဳံ ေကာင္းေတြ ရရွိခဲ့တယ္” လို႔ Tan က Instagram post မွာ ေရးသားခဲ့ပါတယ္။

လူမ်ားစြာက Tan ရဲ႕တီထြင္ဖန္တီးမႈကို ခ်ီးက်ဴးခဲ့ၾကၿပီး တီထြင္မႈကို ဆက္လက္လုပ္ရန္အားေပးခဲ့ၾကပါတယ္။”ဒါက သူ႔ရဲ႕ပါရမီႏွင့္ျပည့္စုံမႈပါ ၊ ငါ ‘MelonBoy’ ကို epic ျဖစ္တယ္လို႔ထင္ခဲ့ေပမယ့္ ”PokeBoy ” ကလာမယ့္အဆင့္မွာ bro ျဖစ္တယ္ ” လို႔ YouTube အသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။ ” ေကာင္းတယ္ မင္းအလုပ္ကိုဆက္လုပ္ပါ ၊ မင္းရဲ႕တည္းျဖတ္ျခင္းစြမ္းရည္က အထင္ႀကီးစရာေကာင္းတယ္ ၊ ဆက္သြားပါ “လို႔ အျခားတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါေသးတယ္။စာဖတ္သူတို႔ေကာ သူ႔ရဲ႕တီထြင္မႈကို ဘယ္လို ထင္ျမင္မိပါသလဲ ။

1

2

Mia (Mckzone Daily)

Source : nextshark

Unicode

အသက် ၂၄ နှစ် အရွယ် Tan အမည်ရှိတဲ့ကျောင်းသားတစ်ဦး ဟာ YouTube ရှိသူ့ပရိသတ်များနှင့် သူ့ရဲ့လူမှုအသိုင်းအဝိုင်းအသီးသီးမှ အသီးတစ်မျိုးမျိုးဖြင့် consoleတစ်ခု ဖန်တီးရန် စိန်ခေါ်ခြင်းခံခဲ့ရပါတယ်။သူက ယခင်က ဖရဲသီးနဲ့လုပ်ထားတဲ့ဂိမ်းခလုတ်ကို ပြုလုပ်ခဲ့ဖူးပါတယ်။ကြီးမားပြီး ချောမွေ့တဲ့ဖရဲသီးနှင့်မတူဘဲ သေးငယ်ပြီးဆူးချွန်ပါတဲ့ ဒူးရင်းသီးကို Business Analytics and Marketing ကျောင်းသားအနေဖြင့် လုပ်ဆောင်ရန်မှာ မလွယ်ကူပါဘူး။Tan ဟာ အဖုံးတစ်ခုဖန်တီးရန်အတွက် ပထမဆုံးဒူးရင်းသီးရဲ့အထဲကအစာကိုရှင်းထုတ်ပြီး အခွံကိုခြောက်သွေ့သွားအောင် ထားပါတယ်။

နောက်တစ်ဆင့်မှာတော့ Raspberry Pi လျှပ်စီးပတ်လမ်းနှင့်တကွ ဆိုင်ရာကိရိယာများ တပ်ဆင်ရာ ဘုတ်ပြားမှာ ဂဟေဆက်ရတဲ့ကိရိယာအမြောက်အမြားပါ၀င်တာကြောင့် သူ့ကိုအနည်းငယ်အဆိပ်သင့်သွားစေခဲ့ပါတယ်။နှစ်ပတ်အကြာမှာ Tan က `PokeBoy‘ လို့ခေါ်တဲ့ console ကို အပြီးသတ်နိုင်ခဲ့ပါတယ်။Tan က ဒီဖြစ်စဉ်ကို ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားခဲ့ပြီး သူစိမ်းများအား အဆိုပါစက်ကိရိယာစမ်းသပ်ကြည့်ရန် ခွင့်ပြုပေးခဲ့ပါတယ်။”PokeBoy က MelonBoy နဲ့ယှဉ်ရင် လုပ်ရတာ ပိုခက်ခဲပေမဲ့လည်း အကျိုးရှိတဲ့အတွေ့အကြုံ ကောင်းတွေ ရရှိခဲ့တယ်” လို့ Tan က Instagram post မှာ ရေးသားခဲ့ပါတယ်။

လူများစွာက Tan ရဲ့တီထွင်ဖန်တီးမှုကို ချီးကျူးခဲ့ကြပြီး တီထွင်မှုကို ဆက်လက်လုပ်ရန်အားပေးခဲ့ကြပါတယ်။”ဒါက သူ့ရဲ့ပါရမီနှင့်ပြည့်စုံမှုပါ ၊ ငါ ‘MelonBoy’ ကို epic ဖြစ်တယ်လို့ထင်ခဲ့ပေမယ့် ”PokeBoy ” ကလာမယ့်အဆင့်မှာ bro ဖြစ်တယ် ” လို့ YouTube အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။ ” ကောင်းတယ် မင်းအလုပ်ကိုဆက်လုပ်ပါ ၊ မင်းရဲ့တည်းဖြတ်ခြင်းစွမ်းရည်က အထင်ကြီးစရာကောင်းတယ် ၊ ဆက်သွားပါ “လို့ အခြားတစ်ဦးက မှတ်ချက်ပေးခဲ့ပါသေးတယ်။စာဖတ်သူတို့ကော သူ့ရဲ့တီထွင်မှုကို ဘယ်လို ထင်မြင်မိပါသလဲ ။

Mia (Mckzone Daily)

  • Leave a Comment