အစားအေသာက္ Delivery အလုပ္ဝင္လုပ္ေနလို႔ ေယာက်ာၤထုေတြကိုအျမဲလိုလိုဗိုက္ဆာေစတဲ့ Cosplayer Model မေလး

ဒီတစ္ေခါက္ ေဟာင္ေကာင္မွာ႐ွိတဲ့ Foodpanda Delivery ဟာ Cosplayer ေမာ္ဒယ္မေလးတစ္ဦးေၾကာင့္ အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိပါတယ္ ။ Nicky 1/2 Cosplay ဆိုၿပီး လူသိမ်ားလြန္းလွတဲ့ ေမာ္ဒယ္မေလးဟာ မၾကာေသးခင္ကမွသူမရဲ႕ Facebook စာမ်က္ႏွာေပၚ Foodpanda Delivery ဝတ္စံုဝတ္ဆင္ၿပီး အစားအေသာက္လိုက္ပို႔ေနတဲ့ပံုကိုတင္ခဲ့တာေၾကာင့္ လူအမ်ားကမယံုႏိုင္ေလာက္ေအာင္ျဖစ္ခဲ့ရပါတယ္ ။

သူမဟာ အျမဲလိုလိုကာတြန္းဇာတ္ေကာင္ေတြလိုသာဝတ္ဆင္ၿပီး ပံုတင္ေလ့႐ွိေပမဲ့ ယခုခ်ိန္မွာ Delivery ဝတ္စံုဝတ္ဆင္ရျခင္းမွာေတာ့ သူမရဲ႕အရင္အလုပ္႐ွင္ဟာ အထိအခိုက္အမွားအယြင္းမခံဘဲ အျမဲလိုလိုအျပစ္႐ွာေနခဲ့လို႔ အဆိုပါအလုပ္မွထြက္ၿပီးေနာက္ ၊ ယခု Foodpanda delivery အလုပ္မွာလစာ အေတာ္မ်ားမ်ားရ၍ ယခုအလုပ္လုပ္ဖို႔ဆံုးျဖတ္ခဲ့တာျဖစ္ၿပီး ၊ သူမ၏မိသားစုအတြက္ ႏွင့္ cosplay အတြက္ဝတ္စံုမ်ားဝယ္ဖို႔အတြက္ ေငြ႐ွာရန္လိုအပ္ေၾကာင္း သူမကျပန္ၿပီးေျဖ႐ွင္းေျပာဆိုခဲ့ပါတယ္ ။

ထို႔ေၾကာင့္ အမ်ိဳးသားေတြဟာ ေမာ္ဒယ္မေလး Nicky ကိုေတြ႔လိုေတြ႔ငွါး အျမဲလိုလို ေန႔တိုင္းေအာ္ဒါမွာစားေလ့႐ွိၾကၿပီး Nicky ႏွင့္ေတြ႔ရဖို႔ေတာင္းဆိုလ်က္႐ွိေနၾကပါတယ္ ။ သို႔ေပမဲ့လည္း Nicky ကေတာ့သူမရဲ႕ပရိသတ္မ်ားကို သူမဟာ Kowloon area ကိုသာပို႔ေဆာင္ေပးလ်က္႐ွိေၾကာင္း ႐ွင္းျပေပးခဲ့ပါတယ္ ။ အျခားႏိုင္ငံမွ အမ်ိဳးသားမ်ားကပါ Nicky ပို႔ေဆာင္ေပးတဲ့ အစားအစာမ်ားစားေသာက္လိုေၾကာင္းကို ” မင္းအစားအေသာက္ပို႔ေပးေနသေရြ႔ေတာ့ စားမယ္ ၊ မင္းမဟုတ္ရင္ေတာ့ လံုးဝမစားဘူး ” ဆိုၿပီး comment မ်ိဳးစံုေရးသားထားခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီတစ်ခေါက် ဟောင်ကောင်မှာရှိတဲ့ Foodpanda Delivery ဟာ Cosplayer မော်ဒယ်မလေးတစ်ဦးကြောင့် အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ Nicky 1/2 Cosplay ဆိုပြီး လူသိများလွန်းလှတဲ့ မော်ဒယ်မလေးဟာ မကြာသေးခင်ကမှသူမရဲ့ Facebook စာမျက်နှာပေါ် Foodpanda Delivery ဝတ်စုံဝတ်ဆင်ပြီး အစားအသောက်လိုက်ပို့နေတဲ့ပုံကိုတင်ခဲ့တာကြောင့် လူအများကမယုံနိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ် ။

သူမဟာ အမြဲလိုလိုကာတွန်းဇာတ်ကောင်တွေလိုသာဝတ်ဆင်ပြီး ပုံတင်လေ့ရှိပေမဲ့ ယခုချိန်မှာ Delivery ဝတ်စုံဝတ်ဆင်ရခြင်းမှာတော့ သူမရဲ့အရင်အလုပ်ရှင်ဟာ အထိအခိုက်အမှားအယွင်းမခံဘဲ အမြဲလိုလိုအပြစ်ရှာနေခဲ့လို့ အဆိုပါအလုပ်မှထွက်ပြီးနောက် ၊ ယခု Foodpanda delivery အလုပ်မှာလစာ အတော်များများရ၍ ယခုအလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ၊ သူမ၏မိသားစုအတွက် နှင့် cosplay အတွက်ဝတ်စုံများဝယ်ဖို့အတွက် ငွေရှာရန်လိုအပ်ကြောင်း သူမကပြန်ပြီးဖြေရှင်းပြောဆိုခဲ့ပါတယ် ။

ထို့ကြောင့် အမျိုးသားတွေဟာ မော်ဒယ်မလေး Nicky ကိုတွေ့လိုတွေ့ငှါး အမြဲလိုလို နေ့တိုင်းအော်ဒါမှာစားလေ့ရှိကြပြီး Nicky နှင့်တွေ့ရဖို့တောင်းဆိုလျက်ရှိနေကြပါတယ် ။ သို့ပေမဲ့လည်း Nicky ကတော့သူမရဲ့ပရိသတ်များကို သူမဟာ Kowloon area ကိုသာပို့ဆောင်ပေးလျက်ရှိကြောင်း ရှင်းပြပေးခဲ့ပါတယ် ။ အခြားနိုင်ငံမှ အမျိုးသားများကပါ Nicky ပို့ဆောင်ပေးတဲ့ အစားအစာများစားသောက်လိုကြောင်းကို ” မင်းအစားအသောက်ပို့ပေးနေသရွေ့တော့ စားမယ် ၊ မင်းမဟုတ်ရင်တော့ လုံးဝမစားဘူး ” ဆိုပြီး comment မျိုးစုံရေးသားထားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အစားအေသာက္ Delivery အလုပ္ဝင္လုပ္ေနလို႔ ေယာက်ာၤထုေတြကိုအျမဲလိုလိုဗိုက္ဆာေစတဲ့ Cosplayer Model မေလး"

Leave a comment

Your email address will not be published.


*