Gay တစ္ေယာက္ျဖစ္တဲ့သားေလးအား ကိုယ္တိုင္ မိတ္ကပ္လိမ္းေပးရင္း ခ်စ္ေၾကာင္းျပသခဲ့တဲ့ မိခင္

ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ SM City စတိုးဆိုင္မွာ မိခင္ျဖစ္သူက သူမရဲ႕သားမ်က္ႏွာအား မိတ္ကပ္ျခယ္သ ေပးေနတဲ့ဓာတ္ပုံတစ္ပုံဟာ social media မွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီး Netizen ေတြရဲ႕ႏွလုံးသားကို ဟတ္ထိသြားေစခဲ့ပါတယ္။ ” ေကာင္ေလးက မိန္းမလ်ာျဖစ္ၿပီး သူ႔အေမက သူ႔ကိုမိတ္ကပ္ျခယ္သေပးေနခဲ့တယ္ ၊ သူတို႔က အရမ္းခ်စ္စရာေကာင္းတယ္ ” လို႔ Twitter အသုံးျပဳသူ @quinn_lasaleta က ဓာတ္ပုံႏွင့္တကြ Post တစ္ခု တင္ခဲ့တာပါ။  Yung bata  အမည္ရွိတဲ့အဆိုပါေကာင္ေလးက gay တစ္ေယာက္ပါ။မိခင္ျဖစ္သူရဲ႕ သူမကေလးအေပၚထားရွိတဲ့ခ်စ္ျခင္းေမတၱာက သူ႔ကေလးအား ေပ်ာ္႐ႊင္ေစခဲ့ပါတယ္။

ဓာတ္ပုံၾကည့္ရင္ Yung ေလး အေမကိုယ္တိုင္ လိမ္းေပးေတာ့ အရမ္းေပ်ာ္ေနခဲ့တာကိုေတြ႕ၾကမွာပါ။Lasaleta ရဲ႕အဆိုအရ အဆိုပါကေလးဟာ အစပိုင္းမွာ ရွက္ေနခဲ့ေပမဲ့လည္း ” မင္းဘာလို႔ရွက္ဖို႔လိုမွာလဲ ၊ ဒါက မင္းလိုခ်င္တာပဲ ၊ ဟုတ္တယ္မလား” လို႔ အေမျဖစ္သူက သူ႔ရဲ႕ပူပန္ေသာကကိုေျဖေဖ်ာက္ေပးခဲ့ၿပီး သူ႔ကို ယုံၾကည္မႈအခ်ိဳ႕ရရွိေစခဲ့ပါတယ္။အေမျဖစ္သူရဲ႕စိတ္ခံစားခ်က္ေတြကို ပဲ့တင္ထပ္ၿပီး အဆိုပါသူတို႔သားအမိႏွစ္ေယာက္တို႔ရဲ႕ပုံရိပ္ကို Lasaleta က ဂုဏ္ယူျခင္း ၊ ၿငိမ္းခ်မ္းျခင္း ၊ ခ်စ္ျခင္း ၊ လက္ခံျခင္းေတြကို ထပ္မံေဖာ္က်ဴးေရးသားခဲ့ပါေသးတယ္။

Lasaleta ရဲ႕ Tweetက ယခုအခ်ိန္အထိမွာ Likes 40,000 ႏွင့္ Retweets 7,000 ေက်ာ္ လက္ခံရရွိခဲ့ပါတယ္။ကိုယ့္ကေလးကို ေကာင္းေကာင္း support လုပ္ေပးတတ္တဲ့အေမျဖစ္သူရဲ႕အမူအရာကို Netizen ေတြက ခ်စ္ခင္ျမတ္ႏိုးေၾကာင္း ၊ သေဘာက်ေၾကာင္း စတဲ့ ခ်ီးမြမ္းစကားမ်ားစြာ ေျပာဆိုခဲ့ပါတယ္။အေမတစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာက ဘာနဲ႔မွ မလဲႏိုင္သလို ဘာနဲ႔မွလဲ အစားထိုးမရတာကို သူတို႔သားအမိပုံၾကည့္ရင္း ခံစားမိတယ္ဗ်ာ။

Mia (Mckzone Daily)

Source : nextshark

Unicode

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ SM City စတိုးဆိုင်မှာ မိခင်ဖြစ်သူက သူမရဲ့သားမျက်နှာအား မိတ်ကပ်ခြယ်သ ပေးနေတဲ့ဓာတ်ပုံတစ်ပုံဟာ social media မှာ ပျံ့နှံ့သွားခဲ့ပြီး Netizen တွေရဲ့နှလုံးသားကို ဟတ်ထိသွားစေခဲ့ပါတယ်။ ” ကောင်လေးက မိန်းမလျာဖြစ်ပြီး သူ့အမေက သူ့ကိုမိတ်ကပ်ခြယ်သပေးနေခဲ့တယ် ၊ သူတို့က အရမ်းချစ်စရာကောင်းတယ် ” လို့ Twitter အသုံးပြုသူ @quinn_lasaleta က ဓာတ်ပုံနှင့်တကွ Post တစ်ခု တင်ခဲ့တာပါ။ Yung bata  အမည်ရှိတဲ့အဆိုပါကောင်လေးက gay တစ်ယောက်ပါ။မိခင်ဖြစ်သူရဲ႕ သူမကလေးအပေါ်ထားရှိတဲ့ချစ်ခြင်းမေတ္တာက သူ့ကလေးအား ပျော်ရွှင်စေခဲ့ပါတယ်။

ဓာတ်ပုံကြည့်ရင် Yung လေး အမေကိုယ်တိုင် လိမ်းပေးတော့ အရမ်းပျော်နေခဲ့တာကိုတွေ့ကြမှာပါ။Lasaleta ရဲ့အဆိုအရ အဆိုပါကလေးဟာ အစပိုင်းမှာ ရှက်နေခဲ့ပေမဲ့လည်း ” မင်းဘာလို့ရှက်ဖို့လိုမှာလဲ ၊ ဒါက မင်းလိုချင်တာပဲ ၊ ဟုတ်တယ်မလား” လို့ အမေဖြစ်သူက သူ့ရဲ့ပူပန်သောကကိုဖြေဖျောက်ပေးခဲ့ပြီး သူ့ကို ယုံကြည်မှုအချို့ရရှိစေခဲ့ပါတယ်။အမေဖြစ်သူရဲ့စိတ်ခံစားချက်တွေကို ပဲ့တင်ထပ်ပြီး အဆိုပါသူတို့သားအမိနှစ်ယောက်တို့ရဲ့ပုံရိပ်ကို Lasaleta က ဂုဏ်ယူခြင်း ၊ ငြိမ်းချမ်းခြင်း ၊ ချစ်ခြင်း ၊ လက်ခံခြင်းတွေကို ထပ်မံဖော်ကျူးရေးသားခဲ့ပါသေးတယ်။

Lasaleta ရဲ့ Tweetက ယခုအချိန်အထိမှာ Likes 40,000 နှင့် Retweets 7,000 ကျော် လက်ခံရရှိခဲ့ပါတယ်။ကိုယ့်ကလေးကို ကောင်းကောင်း support လုပ်ပေးတတ်တဲ့အမေဖြစ်သူရဲ့အမူအရာကို Netizen တွေက ချစ်ခင်မြတ်နိုးကြောင်း ၊ သဘောကျကြောင်း စတဲ့ ချီးမွမ်းစကားများစွာ ပြောဆိုခဲ့ပါတယ်။အမေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက ဘာနဲ့မှ မလဲနိုင်သလို ဘာနဲ့မှလဲ အစားထိုးမရတာကို သူတို့သားအမိပုံကြည့်ရင်း ခံစားမိတယ်ဗျာ။

Mia (Mckzone Daily)

  • Leave a Comment