1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
Mia (Mckzone Daily)
Source : boredpanda
Unicode
ဒိန်းမတ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ Thomas Dambo ဟာ သစ်သားသေတ္တာတွေကရတဲ့သစ်သားပြားအဟောင်းတွေကို ပြန်လည်အသုံးပြုပြီး စိတ်ဝင်စားစရာကောင်းတဲ့သစ်သားဘီလူးရုပ်တွေကို ဖန်တီးတည်ဆောက်ခဲ့ပါတယ်။ ၎င်းသစ်သားဘီလူးရုပ်တွေကို ဒီတိုင်းလွယ်လွယ်သွားကြည့်လို့မရဘဲ မြေပုံနဲ့ ဥာဏ်စမ်းတစ်ခုလို ရှာရဖို့ Dambo က ၎င်းအရုပ်တွေကို မြို့ရဲ့လူသူအရောက်နည်းတဲ့နေရာတွေမှာ တစ်ရုပ်ချင်းစီ ဆောက်လုပ်ခဲ့သလို နောက်အရုပ်တစ်ခုထပ်ရှာဖို့ အရိပ်အမြွက် ပေးထားပါသေးတယ် ။ အဆိုပါ Dambo ရဲ့ ပန်းပုအနုပညာကို သစ်သားပြားပေါင်း ၆၀၀ ကျော်အပြင် ခြံစည်းရိုးတွေနဲ့ပါ ပြုလုပ်ထားတာပါ ။ Dambo နဲ့အတူ ဒေသခံဝန်ထမ်းတွေက ပါဝင်ကူညီပေးခဲ့ကြပါတယ် ။ ” ကျွန်တော့်ရဲ့အနုပညာက ကျွန်တော်တို့ကမ္ဘာဂြိုလ်အတွက် ပြန်လည် အသုံးပြုခြင်း နဲ့ ပိုကောင်းမွန်တဲ့ဂရုစိုက်မှုတို့မှာ ကြီးမားတဲ့အလားအလာတစ်ခုအနေနဲ့ လူတွေကို လှုံဆော်စေလိမ့်မယ် လို့ မျှော်လင့်မိတယ် ” လို့ Dambo က ဆိုထားပါသေးတယ် ။ ဒီတော့ Damboရဲ့ လက်ရာပြောင်မြောက်တဲ့ဘီလူးရုပ်တွေကို ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော် ။
Mia (Mckzone Daily)