ခ်စ္ဇနီးေလးရဲ႕အသုဘကို မဂၤလာပြဲပံုစံအျဖစ္ေျပာင္းလဲၿပီး ဇနီးေလးရဲ႕ေနာက္ဆံုးဆႏၵကိုျဖည့္ဆည္းေပးခဲ့တဲ့ အမ်ိဳးသား

မဂၤလာပြဲဆိုတာကေတာ့ ခ်စ္ရသူႏွစ္ဦးေပါင္းဖက္ၿပီး ဘဝတစ္ေလ်ွာက္အတူလက္တြဲသြားဖို႔ ရည္ရြယ္သည့္အျပင္ ႏွစ္ဦးႏွစ္ဖက္မိသားစုမ်ားႏွင့္ စံုစံုညီညီရယ္ေမာေပ်ာ္ရႊင္စြာ ဆင္ႏႊဲရတဲ့ပြဲျဖစ္ပါတယ္ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ တ႐ုတ္ႏိုင္ငံ Dalian ၿမိဳ႕မွာက်င္းပတဲ့မဂၤလာပြဲကေတာ့ ပြဲလာပရိသတ္မ်ားကို ေၾကကြဲဝမ္းနည္းေစၿပီးငိုေႂကြးေစခဲ့ပါတယ္ ။ ဒီတစ္ေခါက္မွာေတာ့ အသက္ 35 ႏွစ္အရြယ္ Xu အမည္႐ွိတဲ့အမ်ိဳးသားဟာ ရင္သားကင္ဆာ 5ႏွစ္ခန္႔ခံစားခဲ့ရၿပီးေနာက္ ေသဆံုးသြားခဲ့ရတဲ့ သူ၏ခ်စ္ဇနီးေလးရဲ႕ အသုဘကို မဂၤလာပြဲအျဖစ္ေျပာင္းလဲေပးခဲ့ၿပီး ခ်စ္ဇနီး၏ေနာက္ဆံုးဆႏၵကို ျဖည့္ဆည္းေပးခဲ့ပါတယ္ ။

ဇနီးျဖစ္သူ အသက္ 34 ႏွစ္အရြယ္ Yang ဟာ သူမအသက္ 28ႏွစ္အရြယ္ကတည္းက ရင္းသားကင္ဆာကိုစတင္ခံစားခဲ့ရတာျဖစ္ၿပီး ၊ အဆိုပါစံုတြဲဟာ တကၠသိုလ္ေက်ာင္းသားဘဝကတည္းက Online ေပၚမွာေတြ႔ဆံုခဲ့တာျဖစ္ၿပီး ၊ Xi ဟာေက်ာင္းၿပီးတာနဲ႔ အခ်ိန္ျဖဳန္းၿပီး online ေပၚမွာသာ အခိ်န္ေတြကုန္ဆံုးေနမွာေၾကာက္တဲ့အတြက္ သူတို႔ႏွစ္ဦး 2012 ကတည္းကအတူတူစီးပြားေရးစလုပ္ဖို႔ႀကိဳးစားခဲ့ၾကၿပီးေနာက္ အိမ္သာမပါတဲ့ တိုက္ခန္းေလးမွာအတူတူေနထိုင္ခဲ့ၾကပါတယ္ ။ ေနာက္ပိုင္း Xi ၏စီးပြားေရးမွာ အေတာ္ေလးကိုတိုးတက္လာခဲ့ၿပီးေနာက္ 2013 ခုႏွစ္မွာကိုယ္ပိုင္အိမ္ေလးကို ဝယ္ယူႏိုင္ခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါႏွစ္အတြင္းမွာပဲ Yang ဟာ သူမရင္သားနာက်င္ေနတာကိုခံစားခဲ့ရၿပီးေနာက္ စစ္ေဆးၾကည့္လိုက္ခ်ိန္မွာေတာ့ ရင္သားကင္ဆာခံစားေနရတာကိုေတြ႔႐ွိခဲ့ၿပီး ဆရာဝန္က 5ႏွစ္သာ အသက္႐ွင္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

သို႔ေပမဲ့လည္ Yang ဟာဘဝကိုလက္မေလ်ွာ့ပဲ သူမ၏ကင္ဆာေရာဂါကိုျပန္လည္တြန္းလွန္ၿပီး Weibo ေပၚတြင္လည္း သူမကင္ဆာေရာဂါတြန္းလွန္သည့္အေတြ႔အၾကံဳမ်ားကို တင္ျပခဲ့ရာသူမကိုအားေပးသူအေျမာက္အျမားရ႐ွိခဲ့ပါတယ္ ။ 2017 ခုႏွစ္မွာေတာ့ သူမရဲ႕ကင္ဆာေရာဂါဟာ သက္သာလာခဲ့တဲ့အတြက္ သူမတို႔စံုတြဲအေတာ္ေလးကိုေပ်ာ္ရႊင္ခဲ့ရၿပီး မဂၤလာပြဲဆင္ႏႊဲခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း ကံဆိုးစြာနဲ႔ 2018 ခုႏွစ္ ရင္သားကင္ဆာဟာ အျခားေနရာသို႔ပါပ်ံႏွံသြားခဲ့ၿပီး အေတာ္ေလးကိုဆိုးဝါးတဲ့ အေျခအေနသို႔ေရာက္႐ွိခဲ့ပါတယ္ ။ ထို႔ေၾကာင့္ ေအာက္တိုဘာလ 14 ရက္ေန႔မွာေတာ့သူမရဲ႕ေရာဂါကို လံုးဝမတြန္းလွန္ႏိုင္ခဲ့ေတာ့ပါဘူး ။

သူမရဲ႕အသုဘပြဲမွာေတာ့ Xu ဟာ သူမ႐ွိေနသကဲ့သို႔ အရင္ကသူတို႔ေပ်ာ္ရႊင္ခဲ့တဲ့စံုတြဲဓာတ္ပံုေလးကို ျပန္လည္ခ်ျပခဲ့ပါတယ္ ။ Xu ဟာဇနီးသည္ေလးရဲ႕ဆႏၵအတိုင္ အသုဘပြဲမွာမငိုမိေအာင္အေတာ္ေလးႀကိဳးစားခဲ့ၿပီး ” Yang ရဲ႕ဆႏၵေလးကိုျဖည့္ဆည္းေပတဲ့ ဒီမဂၤလာပြဲေလးဟာ ေနာက္ဆံုးအႀကိမ္ျဖစ္ေပမဲ့လည္း ၊ သူ႔ကို အျဖဴေရာင္သတို႔သမီးဝတ္စံုနဲ႔ျမင္ရဖို႔ကလည္း ကြၽန္မဆႏၵျဖစ္ေနျပန္ပါတယ္ ” ဆိုၿပီး ဝမ္းနည္းေၾကကြဲစြာေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မင်္ဂလာပွဲဆိုတာကတော့ ချစ်ရသူနှစ်ဦးပေါင်းဖက်ပြီး ဘဝတစ်လျှောက်အတူလက်တွဲသွားဖို့ ရည်ရွယ်သည့်အပြင် နှစ်ဦးနှစ်ဖက်မိသားစုများနှင့် စုံစုံညီညီရယ်မောပျော်ရွှင်စွာ ဆင်နွှဲရတဲ့ပွဲဖြစ်ပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက် တရုတ်နိုင်ငံ Dalian မြို့မှာကျင်းပတဲ့မင်္ဂလာပွဲကတော့ ပွဲလာပရိသတ်များကို ကြေကွဲဝမ်းနည်းစေပြီးငိုကြွေးစေခဲ့ပါတယ် ။ ဒီတစ်ခေါက်မှာတော့ အသက် 35 နှစ်အရွယ် Xu အမည်ရှိတဲ့အမျိုးသားဟာ ရင်သားကင်ဆာ 5နှစ်ခန့်ခံစားခဲ့ရပြီးနောက် သေဆုံးသွားခဲ့ရတဲ့ သူ၏ချစ်ဇနီးလေးရဲ့ အသုဘကို မင်္ဂလာပွဲအဖြစ်ပြောင်းလဲပေးခဲ့ပြီး ချစ်ဇနီး၏နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ် ။

ဇနီးဖြစ်သူ အသက် 34 နှစ်အရွယ် Yang ဟာ သူမအသက် 28နှစ်အရွယ်ကတည်းက ရင်းသားကင်ဆာကိုစတင်ခံစားခဲ့ရတာဖြစ်ပြီး ၊ အဆိုပါစုံတွဲဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက Online ပေါ်မှာတွေ့ဆုံခဲ့တာဖြစ်ပြီး ၊ Xi ဟာကျောင်းပြီးတာနဲ့ အချိန်ဖြုန်းပြီး online ပေါ်မှာသာ အချိန်တွေကုန်ဆုံးနေမှာကြောက်တဲ့အတွက် သူတို့နှစ်ဦး 2012 ကတည်းကအတူတူစီးပွားရေးစလုပ်ဖို့ကြိုးစားခဲ့ကြပြီးနောက် အိမ်သာမပါတဲ့ တိုက်ခန်းလေးမှာအတူတူနေထိုင်ခဲ့ကြပါတယ် ။ နောက်ပိုင်း Xi ၏စီးပွားရေးမှာ အတော်လေးကိုတိုးတက်လာခဲ့ပြီးနောက် 2013 ခုနှစ်မှာကိုယ်ပိုင်အိမ်လေးကို ဝယ်ယူနိုင်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါနှစ်အတွင်းမှာပဲ Yang ဟာ သူမရင်သားနာကျင်နေတာကိုခံစားခဲ့ရပြီးနောက် စစ်ဆေးကြည့်လိုက်ချိန်မှာတော့ ရင်သားကင်ဆာခံစားနေရတာကိုတွေ့ရှိခဲ့ပြီး ဆရာဝန်က 5နှစ်သာ အသက်ရှင်နိုင်တော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည် Yang ဟာဘဝကိုလက်မလျှော့ပဲ သူမ၏ကင်ဆာရောဂါကိုပြန်လည်တွန်းလှန်ပြီး Weibo ပေါ်တွင်လည်း သူမကင်ဆာရောဂါတွန်းလှန်သည့်အတွေ့အကြုံများကို တင်ပြခဲ့ရာသူမကိုအားပေးသူအမြောက်အမြားရရှိခဲ့ပါတယ် ။ 2017 ခုနှစ်မှာတော့ သူမရဲ့ကင်ဆာရောဂါဟာ သက်သာလာခဲ့တဲ့အတွက် သူမတို့စုံတွဲအတော်လေးကိုပျော်ရွှင်ခဲ့ရပြီး မင်္ဂလာပွဲဆင်နွှဲခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ကံဆိုးစွာနဲ့ 2018 ခုနှစ် ရင်သားကင်ဆာဟာ အခြားနေရာသို့ပါပျံနှံသွားခဲ့ပြီး အတော်လေးကိုဆိုးဝါးတဲ့ အခြေအနေသို့ရောက်ရှိခဲ့ပါတယ် ။ ထို့ကြောင့် အောက်တိုဘာလ 14 ရက်နေ့မှာတော့သူမရဲ့ရောဂါကို လုံးဝမတွန်းလှန်နိုင်ခဲ့တော့ပါဘူး ။

သူမရဲ့အသုဘပွဲမှာတော့ Xu ဟာ သူမရှိနေသကဲ့သို့ အရင်ကသူတို့ပျော်ရွှင်ခဲ့တဲ့စုံတွဲဓာတ်ပုံလေးကို ပြန်လည်ချပြခဲ့ပါတယ် ။ Xu ဟာဇနီးသည်လေးရဲ့ဆန္ဒအတိုင် အသုဘပွဲမှာမငိုမိအောင်အတော်လေးကြိုးစားခဲ့ပြီး ” Yang ရဲ့ဆန္ဒလေးကိုဖြည့်ဆည်းပေတဲ့ ဒီမင်္ဂလာပွဲလေးဟာ နောက်ဆုံးအကြိမ်ဖြစ်ပေမဲ့လည်း ၊ သူ့ကို အဖြူရောင်သတို့သမီးဝတ်စုံနဲ့မြင်ရဖို့ကလည်း ကျွန်မဆန္ဒဖြစ်နေပြန်ပါတယ် ” ဆိုပြီး ဝမ်းနည်းကြေကွဲစွာပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ခ်စ္ဇနီးေလးရဲ႕အသုဘကို မဂၤလာပြဲပံုစံအျဖစ္ေျပာင္းလဲၿပီး ဇနီးေလးရဲ႕ေနာက္ဆံုးဆႏၵကိုျဖည့္ဆည္းေပးခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*