မ်က္မျမင္ဇနီးအတြက္ အိမ္ပတ္လည္မွာအနံ႔ေမႊးပန္းအျပည့္စိုက္ပ်ိဳးေပးခဲ့တဲ့ ခ်စ္တတ္လြန္းတဲ့အဖိုး (႐ုပ္သံ)

ဂ်ပန္ႏိုင္ငံရွိ Toshiyuki Kuroki အမည္ရွိတဲ့အမ်ိဳးသားႏွင့္ Yasuko Kuroki အမည္ရွိတဲ့အမ်ိဳးသမီးတို႔ဇနီးေမာင္ႏွံဟာ Miyazaki ၿမိဳ႕စီရင္စုတစ္ခုမွာ ႏို႔စားႏြားေမြးျမဴတဲ့လယ္သမားမ်ားအျဖစ္ ေနထိုင္ခဲ့ၾကၿပီး အိမ္ေထာင္သက္တမ္းႏွစ္ေပါင္း ၆၀ ေက်ာ္အထိ သားသမီးႏွစ္ေယာက္ကို အတူတကြျပဳစုပ်ိဳးေထာင္ခဲ့ၾကပါတယ္။သူတို႔ဟာ ၁၉၅၆ ခုႏွစ္မွာလက္ထက္ခဲ့ၿပီးေနာက္ ၃.၃ စတုရန္းမီတာအက်ယ္ရွိတဲ့ႏို႔ထြက္ေမြးျမဴေရးၿခံသို႔ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကတာပါ။ သူတို႔က အၿငိမ္းစားယူရင္ ႏွစ္ေယာက္သား ဂ်ပန္တစ္ႏိုင္ငံလုံးအတြင္း ခရီးလွည့္လည္ၾကည့္ရႈဖို႔ ေမွ်ာ္လင့္ေနခဲ့ၾကပါတယ္။

သို႔ေပမဲ့ အိမ္ေထာင္သက္တမ္းအႏွစ္ ၃၀ အၾကာမွာ အသက္ ၅၂ ႏွစ္အ႐ြယ္ဇနီးျဖစ္သူက ျပင္းထန္တဲ့ဆီးခ်ိဳေရာဂါေၾကာင့္ ႐ုတ္တရက္ မ်က္လုံးကြယ္သြားခဲ့ရပါတယ္။သူမဟာ စိတ္ဓာတ္က်လာၿပီး ျပင္ပေလာကႏွင့္အဆက္အသြယ္မလုပ္ဘဲ သီးျခားေနေနခဲ့ပါတယ္။ဇနီးျဖစ္သူရဲ႕မ်က္ႏွာမွာ အၿပဳံးပန္းေတြျပန္ေဝဆာလာေအာင္လုပ္ဖို႔ စိတ္ပိုင္းျဖတ္ထား​တဲ့ Mr. Kuroki က အိမ္ပတ္ပတ္လည္ရွိေျမကြက္ေတြမွာ အနံ႔ေမႊးတဲ့ပန္းေရာင္ Shibazakura ပန္းနဲ႔ အျပည့္ျဖည့္ဖို႔ ဆုံးျဖတ္လိုက္ၿပီး ေမႊးတဲ့ပန္းရနံ႔ေၾကာင့္ ဇနီးျဖစ္သူအျပင္ထြက္တိုင္း ပန္းရဲ႕အလွအပကို ခံစားမိလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနခဲ့ပါတယ္။

၂ႏွစ္အၾကာ ဖန္တီးစိုက္ပ်ိဳးခဲ့ရၿပီး ကိုယ္ပိုင္ျဖစ္တဲ့အဆိုပါ ပန္းဥယ်ာဥ္ဟာ ပြင့္လင္းၿပီးၾကည္ႏူးအားရဖြယ္ေကာင္းတဲ့ခ်စ္ျခင္းေမတၱာဇာတ္လမ္းတစ္ပုဒ္အား ၾကည့္ခ်င္တဲ့ေထာင္ေပါင္းမ်ားစြာေသာဧည့္သည္ေတြကို ဆြဲေဆာင္ေနခဲ့ပါတယ္ ။ ပုံေတြကိုၾကည့္ျခင္းအားျဖင့္ Mr. Kurokiက Mrs.Yasuko အား အၿပဳံးပန္းေဝဆာသြားေစမယ့္သူ႔ရည္မွန္းခ်က္ကို ၿပီးေျမာက္ေအာင္ျမင္ေအာင္ လုပ္ႏိုင္ခဲ့ၿပီဆိုတာကို သက္ေသျပေနပါတယ္။ ခ်စ္တတ္လြန္းတဲ့ ခင္ပြန္းကိုပိုင္ဆိုင္ထားရတဲ့ Mrs Yasuko ကေတာ့ အခုမွမဟုတ္ ရည္းစားဘဝကတည္းကလည္း အေတာ္ေလးအခ်စ္ခံခဲ့ရမဲ့ပုံပါဘဲဗ်ာ ။

1

2

3

Mia (Mckzone Daily)

Source : nextshark

Unicode

ဂျပန်နိုင်ငံရှိ Toshiyuki Kuroki အမည်ရှိတဲ့အမျိုးသားနှင့် Yasuko Kuroki အမည်ရှိတဲ့အမျိုးသမီး တို့ဇနီးမောင်နှံဟာ Miyazaki မြို့စီရင်စုတစ်ခုမှာ နို့စားနွားမွေးမြူတဲ့လယ်သမားများအဖြစ် နေထိုင်ခဲ့ကြပြီး အိမ်ထောင်သက်တမ်းနှစ်ပေါင်း ၆၀ ကျော်အထိ သားသမီးနှစ်ယောက်ကို အတူတကွပြုစုပျိုးထောင်ခဲ့ကြပါတယ်။သူတို့ဟာ ၁၉၅၆ ခုနှစ်မှာလက်ထက်ခဲ့ပြီးနောက် ၃.၃ စတုရန်းမီတာအကျယ်ရှိတဲ့နို့ထွက်မွေးမြူရေးခြံသို့ပြောင်းရွှေ့နေထိုင်ခဲ့ကြတာပါ။ သူတို့က အငြိမ်းစားယူရင် နှစ်ယောက်သား ဂျပန်တစ်နိုင်ငံလုံးအတွင်း ခရီးလှည့်လည်ကြည့်ရှုဖို့ မျှော်လင့်နေခဲ့ကြပါတယ်။

သို့ပေမဲ့ အိမ်ထောင်သက်တမ်းအနှစ် ၃၀ အကြာမှာ အသက် ၅၂ နှစ်အရွယ်ဇနီးဖြစ်သူက ပြင်းထန်တဲ့ဆီးချိုရောဂါကြောင့် ရုတ်တရက် မျက်လုံးကွယ်သွားခဲ့ရပါတယ်။သူမဟာ စိတ်ဓာတ်ကျလာပြီး ပြင်ပလောကနှင့်အဆက်အသွယ်မလုပ်ဘဲ သီးခြားနေနေခဲ့ပါတယ်။ဇနီးဖြစ်သူရဲ့မျက်နှာမှာ အပြုံးပန်းတွေပြန်ဝေဆာလာအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထား​တဲ့ Mr. Kuroki က အိမ်ပတ်ပတ်လည်ရှိမြေကွက်တွေမှာ အနံ့မွှေးတဲ့ပန်းရောင် Shibazakura ပန်းနဲ့ အပြည့်ဖြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး မွှေးတဲ့ပန်းရနံ့ကြောင့် ဇနီးဖြစ်သူအပြင်ထွက်တိုင်း ပန်းရဲ့အလှအပကို ခံစားမိလိမ့်မယ်လို့ မျှော်လင့်နေခဲ့ပါတယ်။

၂နှစ်အကြာ ဖန်တီးစိုက်ပျိုးခဲ့ရပြီး ကိုယ်ပိုင်ဖြစ်တဲ့အဆိုပါ ပန်းဥယျာဉ်ဟာ ပွင့်လင်းပြီးကြည်နူးအားရဖွယ်ကောင်းတဲ့ချစ်ခြင်းမေတ္တာဇာတ်လမ်းတစ်ပုဒ်အား ကြည့်ချင်တဲ့ထောင်ပေါင်းများစွာသောဧည့်သည်တွေကို ဆွဲဆောင်နေခဲ့ပါတယ် ။ ပုံတွေကိုကြည့်ခြင်းအားဖြင့် Mr. Kurokiက Mrs.Yasuko အား အပြုံးပန်းဝေဆာသွားစေမယ့်သူ့ရည်မှန်းချက်ကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီဆိုတာကို သက်သေပြနေပါတယ်။

Mia (Mckzone Daily)

  • Leave a Comment