ပုံမွန္မဟုတ္တဲ့လက္မွတ္ေၾကာင့္ လူသိမ်ားသြားခဲ့တဲ့ အမ်ိဳးသားရဲ႕အျဖစ္

ပီ႐ူးႏိုင္ငံသားျဖစ္တဲ့ အသက္ ၃၁ႏွစ္အ႐ြယ္ Juan Carlos Varillas Bazán အမည္ရွိတဲ့အမ်ိဳးသားတစ္ဦးဟာ သူ႔လက္မွတ္ကို႐ိုးရွင္းတဲ့စာလုံးျဖင့္ပုံေဖာ္မဲ့အစား ကေလးဆန္တဲ့ေၾကာင္ပုံကို ကိုယ္ပိုင္လက္မွတ္အျဖစ္ အသုံးျပဳခဲ့ပါတယ္။ Bazán ရဲ႕ တရားဝင္လက္မွတ္ေရးထိုးထားတဲ့တရားဝင္စာ႐ြက္စာတမ္းႏွင့္အတူ သူ႔ရဲ႕မွတ္ပုံတင္ကို Huarmey ပင္လယ္ကမ္းေျခၿမိဳ႕ရွိ ရဲမ်ားက ေဝမွ်ခဲ့ၿပီးေနာက္ သူ႔လက္မွတ္ဟာ social media မွာ လူေျပာမ်ားသြားခဲ့ပါတယ္။ရဲတပ္ဖြဲ႕က Bazánႏွင့္အတူအျခားလူ၅ဦးကို ေသနတ္ပိုင္ဆိုင္မႈစြဲခ်က္ျဖင့္ ဖမ္းဆီးခဲ့ၿပီးေနာက္ ရဲစခန္းသို႔ေခၚေဆာင္ကာ အခ်ဳပ္ခ်ထားခဲ့ေပမဲ့ Bazán ရဲ႕လက္မွတ္က တာဝန္ရွိရဲအရာရွိမ်ားရဲ႕အာ႐ုံကို ဆြဲေဆာင္ေစခဲ့ပါတယ္။

စာ႐ြက္စာတမ္းေပၚမွာေရးထိုးတဲ့ Bazánရဲ႕လက္မွတ္ေၾကာင့္ ရဲအရာရွိမ်ားက မယုံသကၤာနဲ႔ သူ႔မွတ္ပုံတင္လက္မွတ္ကို စစ္ေဆးၾကည့္ေတာ့ တစ္ကယ္လည္း သူ႔လက္မွတ္အမွန္ျဖစ္ေနခဲ့ပါတယ္။သူတို႔က အဆိုပါလက္မွတ္ကရယ္ရတဲ့အတြက္ လူတိုင္းျမင္ဖို႔ Facebook page မွာ မွ်ေဝခဲ့တာပါ။Bazánရဲ႕လက္မွတ္က social media မွာ ျပက္လုံးတစ္ခုအျဖစ္ ပ်ံ႕ႏွံ႔သြားခဲ့ေပမဲ့ လက္မွတ္ေနာက္ကြယ္ရွိ touch ျဖစ္ေစတဲ့ဇာတ္လမ္းတစ္ပုဒ္ရွိေနခဲ့ပါတယ္။ Bazánမွာ အသက္ ၁၆ ႏွစ္အ႐ြယ္တုန္းက အရမ္းခ်စ္ရတဲ့ေၾကာင္ေလးတစ္ေကာင္ရွိခဲ့လို႔ ပထမဆုံး သူ႔ ID ကဒ္ျပားရေတာ့ အခုလို လူေတြအတြက္ရယ္စရာေကာင္းေနတဲ့လက္မွတ္ကို ထိုးဖို႔ ဆုံးျဖတ္ခဲ့တာပါ ။

လက္မွတ္ကိုသေဘာက်ေပမဲ့ သူဟာ အေရးႀကီးစာ႐ြက္စာတမ္းေတြမွာ လက္မွတ္ထိုးဖို႔လိုအပ္လာတဲ့အခါတိုင္း အခက္ေတြ႕ေနခဲ့ရပါတယ္။Bazán က Huarmey ၿမိဳ႕ရွိရဲစခန္းအား ခြင့္ျပဳခ်က္ေတာင္းခံျခင္းမရွိဘဲ လူတစ္ေယာက္ရဲ႕ကိုယ္ေရးကိုယ္တာအခ်က္အလက္ကိုထုတ္ေဖာ္မႈျဖင့္ အမႈဖြင့္တရားစြဲဆိုဖို႔ ျပင္ဆင္ခဲ့ပါတယ္။သူက တရားမ၀င္ေသနတ္ကိုင္ေဆာင္မႈျဖင့္ စြပ္စြဲခံထားရသူ၅ဦးကိုသာ ကားေမာင္းႏွင္ေပးခဲ့ၿပီး အေၾကာင္းျပခ်က္မရွိဘဲ အထိန္းအခ်ဳပ္ခံခဲ့ရတယ္လို႔ လည္း Bazán က ဆိုထားခဲ့ပါေသးတယ္။

Mia (Mckzone Daily)

Source : odditycentral

Unicode

ပီရူးနိုင်ငံသားဖြစ်တဲ့ အသက် ၃၁နှစ်အရွယ် Juan Carlos Varillas Bazán အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ သူ့လက်မှတ်ကိုရိုးရှင်းတဲ့စာလုံးဖြင့်ပုံဖော်မဲ့အစား ကလေးဆန်တဲ့ကြောင်ပုံကို ကိုယ်ပိုင်လက်မှတ်အဖြစ် အသုံးပြုခဲ့ပါတယ်။ Bazán ရဲ့ တရားဝင်လက်မှတ်ရေးထိုးထားတဲ့တရားဝင်စာရွက်စာတမ်းနှင့်အတူ သူ့ရဲ့မှတ်ပုံတင်ကို Huarmey ပင်လယ်ကမ်းခြေမြို့ရှိ ရဲများက ဝေမျှခဲ့ပြီးနောက် သူ့လက်မှတ်ဟာ social media မှာ လူပြောများသွားခဲ့ပါတယ်။ရဲတပ်ဖွဲ့က Bazánနှင့်အတူအခြားလူ၅ဦးကို သေနတ်ပိုင်ဆိုင်မှုစွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ရဲစခန်းသို့ခေါ်ဆောင်ကာ အချုပ်ချထားခဲ့ပေမဲ့ Bazán ရဲ့လက်မှတ်က တာဝန်ရှိရဲအရာရှိများရဲ့အာရုံကို ဆွဲဆောင်စေခဲ့ပါတယ်။

စာရွက်စာတမ်းပေါ်မှာရေးထိုးတဲ့ Bazánရဲ့လက်မှတ်ကြောင့် ရဲအရာရှိများက မယုံသင်္ကာနဲ့ သူ့မှတ်ပုံတင်လက်မှတ်ကို စစ်ဆေးကြည့်တော့ တစ်ကယ်လည်း သူ့လက်မှတ်အမှန်ဖြစ်နေခဲ့ပါတယ်။သူတို့က အဆိုပါလက်မှတ်ကရယ်ရတဲ့အတွက် လူတိုင်းမြင်ဖို့ Facebook page မှာ မျှဝေခဲ့တာပါ။Bazánရဲ့လက်မှတ်က social media မှာ ပြက်လုံးတစ်ခုအဖြစ် ပျံ့နှံ့သွားခဲ့ပေမဲ့ လက်မှတ်နောက်ကွယ်ရှိ touch ဖြစ်စေတဲ့ဇာတ်လမ်းတစ်ပုဒ်ရှိနေခဲ့ပါတယ်။ Bazánမှာ အသက် ၁၆ နှစ်အရွယ်တုန်းက အရမ်းချစ်ရတဲ့ကြောင်လေးတစ်ကောင်ရှိခဲ့လို့ ပထမဆုံး သူ့ ID ကဒ်ပြားရတော့ အခုလို လူတွေအတွက်ရယ်စရာကောင်းနေတဲ့လက်မှတ်ကို ထိုးဖို့ ဆုံးဖြတ်ခဲ့တာပါ ။

လက်မှတ်ကိုသဘောကျပေမဲ့ သူဟာ အရေးကြီးစာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးဖို့လိုအပ်လာတဲ့အခါတိုင်း အခက်တွေ့နေခဲ့ရပါတယ်။Bazán က Huarmey မြို့ရှိရဲစခန်းအား ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ လူတစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်ကိုထုတ်ဖော်မှုဖြင့် အမှုဖွင့်တရားစွဲဆိုဖို့ ပြင်ဆင်ခဲ့ပါတယ်။သူက တရားမ၀င်သေနတ်ကိုင်ဆောင်မှုဖြင့် စွပ်စွဲခံထားရသူ၅ဦးကိုသာ ကားမောင်းနှင်ပေးခဲ့ပြီး အကြောင်းပြချက်မရှိဘဲ အထိန်းအချုပ်ခံခဲ့ရတယ်လို့ လည်း Bazán က ဆိုထားခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment