အကြွေးမဆပ်သူ၏နေအိမ်သို့ ဓားမဖြင့်သွားပြီးပွဲကြမ်းခဲ့သည့်အပြင် ရဲခေါ်ဖို့ပါစိန်ခေါ်ခဲ့တဲ့ အမျိုးသမီး(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူအချို့တွေက အကြွေးယူရင်တော့ရုပ်က အတော်လေးသနားစရာကောင်းသလိုလိုနဲ့ အဆင်ပြေချိန်မှာတော့ အကြွေးကိုလုံးဝမဆပ်ချင်ကြတော့ပါဘူး ။ ခင်မင်ရင်နှီးလို့ အကြွေးပေးခဲ့ပြီး တကယ့်ကိုစာချုပ်တွေ ၊ အတိုးတွေနဲ့ တရားဝင်ပေးငှါးခဲ့ခြင်းမျိုးမဟုတ်တဲ့အတွက် ယူပြီးသားအကြွေးမဆပ်ရင်တော့ အတော်လေးကိုစိတ်ဆိုးဒေါသထွက်မိကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ သူမပိုက်ဆံကိုပြန်ရဖို့လုံးဝမစောင့်နိုင်တော့တဲ့အဆုံး ၊ အကြွေးယူထားတဲ့နေအိမ်သို့ ဓားမဖြင့်သွားပြီး ပွဲကြမ်းပစ်ဖို့ဆုံးဖြတ်ခဲ့ပုံရပါတယ် ။

Video ထဲမှာတော့ အဆိုပါအမျိုးသမီးဟာ အကြွေးယူထားတဲ့နေအိမ်၏ခြံဝန်းထဲသို့ ဓားမဖြင့် ဝင်ရောက်သွားခဲ့ပြီး အိမ်ဝန်းထဲရှိတွေ့သမျှအရာ အားလုံးကိုရိုက်ခွဲပစ်ခဲ့ပါတယ် ။ မှန်တံခါးတွေ ၊ မီးလုံးတွေကိုရိုက်ခွဲပစ်ပြီးနောက် မလေးရှားဘာသာစကားဖြင့် ” နင်ကသာ ငါ့ဆီကပိုက်ဆံချေးသွားတဲ့သူ ၊ သွားစမ်းပါ ရဲကိုသွားတိုင်လိုက်စမ်းပါ ” ဆိုပြီးအော်ဟစ်နေခဲ့တာပါ ။

အဆိုပါ Video ကိုကြည့်ရှုခဲ့ကြတဲ့ လူအများစုက ဓားကိုင်ထားပြီးသတ္တိရှိလွန်းလှတဲ့အဆိုပါအမျိုးသမီးကို ဘဏ်မှာအလုပ်သွားလုပ်သင့်တယ်ဆိုပြီး နောက်ပြောင်ရေသားခဲ့ကြပါတယ် ။ ဒါကြောင်မို့ ကိုယ်တွေအဆင်မပြေတဲ့အချိန် သနားဂရုဏာစိတ်နဲ့ငွေချေးငှါးခဲ့တဲ့သူကို ပြန်ဆပ်ဖို့အဆင်မပြေခဲ့ရင်တောင် ပွင့်ပွင့်လင်းလင်းရှင်းပြသင့်ပြီး ၊ အဆင်ပြေတဲ့အချိန်ရောက်ရင် ချက်ချင်းပြန်ဆပ်သင့်ပါတယ် ။ ယူထားတဲ့အကြွေးကို လုံးဝကိုပြန်မဆပ်ချင်တဲ့လုပ်ရပ်မျိုးက အတော်လေးကိုစက်ဆုပ်ရွံရှာဖို့ကောင်းလှပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အကြွေးမဆပ်သူ၏နေအိမ်သို့ ဓားမဖြင့်သွားပြီးပွဲကြမ်းခဲ့သည့်အပြင် ရဲခေါ်ဖို့ပါစိန်ခေါ်ခဲ့တဲ့ အမျိုးသမီး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*