အမ်ိဳးသမီးသန္႔စင္ခန္းထဲမွ 7ႏွစ္အရြယ္ကေလးငယ္ကိုဖမ္းဆီးၿပီးလူမဆန္စြာ မုဒိမ္းက်င့္ခဲ့သူရဲ႕ မ႐ႈမလွအဆံုးသတ္

အသက္ 21ႏွစ္အရြယ္ Nicholas Ninow အမည္႐ွိတဲ့အမ်ိဳးသားဟာ Pretoria ၿမိဳ႕မွာ႐ွိတဲ့စားေသာက္ဆိုင္တစ္ဆိုင္၏ သန္႔စင္ခန္းထဲမွ 7ႏွစ္အရြယ္ကေလးငယ္ကိုဖမ္းဆီးၿပီး လူမဆန္စြာမုဒိမ္းမႈက်ဴ းလြန္ခဲ့တဲ့အတြက္ မေန႔က Kgosi Mampuru ေထာင္မွာ ေထာင္ဒဏ္ 25ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္ ။ ကေလးငယ္၏မိခင္ျဖစ္သူေျပာျပခ်က္အရ သန္႔စင္ခန္းထဲမွ သမီးငယ္ေလးရဲ႕ ” ကယ္ၾကပါအံုး ” ဆိုၿပီးေအာ္ဟစ္ေနသံကိုၾကားခဲ့ရ၍ လူအုပ္စုလိုက္သန္႔စင္ခန္းတံခါးကို ခ်ိဳးဖ်က္ၿပီးဝင္ခဲ့ခ်ိန္မွာေတာ့ ၎မုဒိမ္းေကာင္က ” ဘာလိုခ်င္တာလဲ ၊ ငါ့ကိုလာေႏွာင့္ယွက္ေနတာပဲ ” ဆိုၿပီးျပန္ေျပာခဲ့ေၾကာင္း ကေလးငယ္၏မိခင္ကေျပာျပခဲ့ပါတယ္ ။

ကေလးငယ္၏မိခင္ ႏွင့္ စားေသာက္ဆိုင္မွဝန္ထမ္းမ်ားကတံခါးကိုဖ်က္ၿပီးဝင္ဖို႔ႀကိဳးစားခဲ့ေပမဲ့ Ninow ကတံခါးကိုအတင္းဆြဲထားခဲ့ေၾကာင္း ႏွင့္ တံခါးပြင့္သြားခ်ိန္မွာေတာ့ အျခားမ်က္ျမင္သက္ေသတစ္ဦး၏ေျပာၾကားခ်က္အရ ကေလးငယ္မွာလံုးဝကို အဝတ္အစားမပါဘဲ ကိုယ္တံုးလံုးျဖစ္ေနခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ Ninow မွာ ကေလးေတြကစားတဲ့ေနရာမွာကတည္းက ကေလးငယ္ကိုလိုက္လံေခ်ာင္းေျမာင္းေနခဲ့တာျဖစ္ၿပီး သူမသန္႔စင္ခန္းထဲဝင္ေရာက္သြားခ်ိန္မွာေတာ့ အခြင့္အေရးယူၿပီးက်ဴ းလြန္ခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

လူအုပ္စုလိုက္ Ninow ကိုဝိုင္းဖမ္းခဲ့ၾကၿပီးေနာက္ ရဲအရာ႐ွိေတြေရာက္႐ွိလာတဲ့အခ်ိန္ထိ Ninow ကိုသန္႔စင္ခန္းထဲမွာပိတ္ထားခဲ့ၾကေၾကာင္းသိ႐ွိရပါတယ္ ။ အဆိုပါျပစ္မႈက်ဴ းလြန္ခ်ိန္မွာ Ninow ဟာ မူးယစ္ေဆး ႏွင့္ အရက္မ်ားကို သံုးစြဲထားေၾကာင္းသိ႐ွိရပါတယ္ ။ ျပစ္မႈေလ်ွာ့ခ်ေပးရန္အတြက္ Ninow ဟာ ယခင္အခိ်န္ကစိတ္ပိုင္းဆိုင္ရာေရာဂါမ်ားခံစားခဲ့ရေၾကာင္းတင္သြင္းထားခဲ့ေပမဲ့ ျပစ္မႈက်ဴ းလြန္ခ်ိန္မွာေတာ့ စိတ္ပိုင္းဆိုင္ရာေရာဂါႏွင့္မသက္ဆိုင္ဘဲ သူ၏နဂိုမူလစိတ္ဓာတ္ပံုစံအတိုင္း က်ဴ းလြန္ခဲ့တာျဖစ္ေၾကာင္း စိတ္ေရာဂါအထူးကုဆရာဝန္ကထြက္ဆိုခဲ့ပါတယ္ ။ ယခုခ်ိန္မွာေတာ့ Ninow ၏လုပ္ရပ္ကို သတင္းမီဒီယာအေတာ္မ်ားမ်ားက အက်ယ္တဝင့္ေဖာ္ျပခဲ့တဲ့အတြက္ သူ၏မိသားစုအသိုင္းဝိုင္းကေတာ့ အေတာ္ေလးကို႐ွက္ရြံေနခဲ့ၿပီး မ်က္ႏွာမေဖာ္ေလာက္ေအာင္ျဖစ္ခဲ့ၾကပါတယ္ ။ ထို႔အျပင္ Ninow မွာသူ၏လုပ္ရပ္အတြက္ တိုင္းသိျပည္သိျပန္လည္ေတာင္းပန္စကား ေျပာဆိုခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source:DailyMail

Unicode

အသက် 21နှစ်အရွယ် Nicholas Ninow အမည်ရှိတဲ့အမျိုးသားဟာ Pretoria မြို့မှာရှိတဲ့စားသောက်ဆိုင်တစ်ဆိုင်၏ သန့်စင်ခန်းထဲမှ 7နှစ်အရွယ်ကလေးငယ်ကိုဖမ်းဆီးပြီး လူမဆန်စွာမုဒိမ်းမှုကျူ းလွန်ခဲ့တဲ့အတွက် မနေ့က Kgosi Mampuru ထောင်မှာ ထောင်ဒဏ် 25နှစ်ချမှတ်ခံခဲ့ရပါတယ် ။ ကလေးငယ်၏မိခင်ဖြစ်သူပြောပြချက်အရ သန့်စင်ခန်းထဲမှ သမီးငယ်လေးရဲ့ ” ကယ်ကြပါအုံး ” ဆိုပြီးအော်ဟစ်နေသံကိုကြားခဲ့ရ၍ လူအုပ်စုလိုက်သန့်စင်ခန်းတံခါးကို ချိုးဖျက်ပြီးဝင်ခဲ့ချိန်မှာတော့ ၎င်းမုဒိမ်းကောင်က ” ဘာလိုချင်တာလဲ ၊ ငါ့ကိုလာနှောင့်ယှက်နေတာပဲ ” ဆိုပြီးပြန်ပြောခဲ့ကြောင်း ကလေးငယ်၏မိခင်ကပြောပြခဲ့ပါတယ် ။

ကလေးငယ်၏မိခင် နှင့် စားသောက်ဆိုင်မှဝန်ထမ်းများကတံခါးကိုဖျက်ပြီးဝင်ဖို့ကြိုးစားခဲ့ပေမဲ့ Ninow ကတံခါးကိုအတင်းဆွဲထားခဲ့ကြောင်း နှင့် တံခါးပွင့်သွားချိန်မှာတော့ အခြားမျက်မြင်သက်သေတစ်ဦး၏ပြောကြားချက်အရ ကလေးငယ်မှာလုံးဝကို အဝတ်အစားမပါဘဲ ကိုယ်တုံးလုံးဖြစ်နေခဲ့ကြောင်း သိရှိရပါတယ် ။ ထို့အပြင် Ninow မှာ ကလေးတွေကစားတဲ့နေရာမှာကတည်းက ကလေးငယ်ကိုလိုက်လံချောင်းမြောင်းနေခဲ့တာဖြစ်ပြီး သူမသန့်စင်ခန်းထဲဝင်ရောက်သွားချိန်မှာတော့ အခွင့်အရေးယူပြီးကျူ းလွန်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

လူအုပ်စုလိုက် Ninow ကိုဝိုင်းဖမ်းခဲ့ကြပြီးနောက် ရဲအရာရှိတွေရောက်ရှိလာတဲ့အချိန်ထိ Ninow ကိုသန့်စင်ခန်းထဲမှာပိတ်ထားခဲ့ကြကြောင်းသိရှိရပါတယ် ။ အဆိုပါပြစ်မှုကျူ းလွန်ချိန်မှာ Ninow ဟာ မူးယစ်ဆေး နှင့် အရက်များကို သုံးစွဲထားကြောင်းသိရှိရပါတယ် ။ ပြစ်မှုလျှော့ချပေးရန်အတွက် Ninow ဟာ ယခင်အချိန်ကစိတ်ပိုင်းဆိုင်ရာရောဂါများခံစားခဲ့ရကြောင်းတင်သွင်းထားခဲ့ပေမဲ့ ပြစ်မှုကျူ းလွန်ချိန်မှာတော့ စိတ်ပိုင်းဆိုင်ရာရောဂါနှင့်မသက်ဆိုင်ဘဲ သူ၏နဂိုမူလစိတ်ဓာတ်ပုံစံအတိုင်း ကျူ းလွန်ခဲ့တာဖြစ်ကြောင်း စိတ်ရောဂါအထူးကုဆရာဝန်ကထွက်ဆိုခဲ့ပါတယ် ။ ယခုချိန်မှာတော့ Ninow ၏လုပ်ရပ်ကို သတင်းမီဒီယာအတော်များများက အကျယ်တဝင့်ဖော်ပြခဲ့တဲ့အတွက် သူ၏မိသားစုအသိုင်းဝိုင်းကတော့ အတော်လေးကိုရှက်ရွံနေခဲ့ပြီး မျက်နှာမဖော်လောက်အောင်ဖြစ်ခဲ့ကြပါတယ် ။ ထို့အပြင် Ninow မှာသူ၏လုပ်ရပ်အတွက် တိုင်းသိပြည်သိပြန်လည်တောင်းပန်စကား ပြောဆိုခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အမ်ိဳးသမီးသန္႔စင္ခန္းထဲမွ 7ႏွစ္အရြယ္ကေလးငယ္ကိုဖမ္းဆီးၿပီးလူမဆန္စြာ မုဒိမ္းက်င့္ခဲ့သူရဲ႕ မ႐ႈမလွအဆံုးသတ္"

Leave a comment

Your email address will not be published.


*