ခ်မ္းေအးလြန္းတဲ့ညမွာ အိမ္ရာမဲ့လူတစ္ဦးအတြက္ ေဘာင္းဘီခြၽတ္ေပးခဲ့တဲ့ ၾကင္နာတတ္တဲ့အမ်ိဳးသား (႐ုပ္သံ)

အေမရိကန္ျပည္ေထာင္စု California ျပည္နယ္ရွိ Daniel Richards အမည္ရွိတဲ့အမ်ိဳးသားတစ္ဦးဟာ ဇနီးျဖစ္သူႏွင့္ ညနက္ပိုင္းမွာ သေရစာအခ်ိဳ႕၀ယ္ရန္ စတိုးဆိုင္သို႔သြားစဥ္ ၎ေနရာမွာ David အမည္ရွိတဲ့အိုးမဲ့အိမ္မဲ့အမ်ိဳးသားတစ္ဦးကို ပက္ပင္းေတြ႕ခဲ့ပါတယ္။ဒီဇင္ဘာည ခ်မ္းေအးတဲ့ကာလမွာ ေဘာင္းဘီတိုတစ္ထည္တည္းသာ ဝတ္ဆင္ထားတဲ့ Davidကို သတိျပဳမိတာေၾကာင့္ Daniel က ၎ႏွင့္ပတ္သက္ၿပီး တစ္ခုခုလုပ္ဖို႔ စဥ္းစားခဲ့ပါတယ္။Daniel ဟာ သူတို႔ကားရပ္နားရာသို႔ျပန္ဝင္လာၿပီးေနာက္ ဇနီးျဖစ္သူအား ထိုသူက ေဘာင္းဘီတို ႏွင့္ ေစာင္တစ္ထည္ေတာင္မပါဘဲ လမ္းေဘး သို႔မဟုတ္ အေဆာက္အဦးတစ္ခုရဲ႕ေနာက္မွာ အိပ္စက္လိမ့္မယ္လို႔ ေျပာေနခဲ့ပါတယ္။

” စတိုးဆိုင္ကို သြားဖို႔သိပ္ေနာက္က်ေနၿပီမို႔ ကြၽန္မတို႔စကားစျမည္ေျပာခဲ့ၾကၿပီး ကြၽန္မခင္ပြန္းကားထဲကေန ထြက္ၿပီး David ဆီ သြားတယ္ဆိုတာနဲ႔ ကြၽန္မက ဖုန္းနဲ႔ မွတ္တမ္းတင္ဖို႔ဆုံးျဖတ္ခဲ့တာပါ ” လို႔ ဇနီးျဖစ္သူက ဗီဒီယိုမွ်ေဝခဲ့ၿပီး အဆိုပါဗီဒီယိုဟာ ၾကည့္ရႈသူေပါင္း ၁.၆ သန္းေက်ာ္ကိုဆြဲေဆာင္ႏိုင္ခဲ့ၿပီး social media မွာလူေျပာမ်ားသြားခဲ့ပါတယ္။လူအမ်ားစုက Daniel ရဲ႕ၾကင္နာတတ္တဲ့အျပဳအမူကို ခ်ီးက်ဴးခဲ့ၾကေပမဲ့ အခ်ိဳ႕ကလည္း သူတို႔ဇနီးေမာင္ႏွံက ေက်ာ္ၾကားမႈတစ္ခုရဖို႔ အိုးမဲ့အိမ္မဲ့တစ္ဦးကို အသုံးခ်ခဲ့ေၾကာင္းလည္း စြပ္စြဲထားခဲ့ၾကပါေသးတယ္။

” ေက်ာ္ၾကားဖို႔အတြက္ မွတ္တမ္းတင္ခဲ့တာမဟုတ္သလို ဒီအိုးမဲ့အိမ္မဲ့ကိုလည္း အျမတ္ထုတ္ဖို႔ ရည္႐ြယ္ခ်က္တစ္ခုမွမရွိခဲ့ပါဘူး ၊ ကြၽန္မရဲ႕ရည္႐ြယ္ခ်က္က ကြၽန္မေယာက္်ားနဲ႔ကြၽန္မ ၁၀ ႏွစ္ေက်ာ္ အတူတကြရွိခဲ့ေပမယ့္ သူမွန္ကန္တဲ့ဆုံးျဖတ္ခ်က္တစ္ခုခ်ဖို႔ ဘယ္ေတာ့မွမယိမ္းယိုင္ခဲ့ဘူးဆိုတဲ့အခ်က္ကို ျပခ်င္လို႔ပါ ” လို႔ David ရဲ႕ဇနီးက ျပန္ေခ်ေျပာခဲ့ပါတယ္။”ကြၽန္ေတာ့္ဇနီးက ဗီဒီယို႐ိုက္ေနခဲ့တာကို ကြၽန္ေတာ္မသိခဲ့ပါဘူး ၊ သူမက ဗီဒီယိုကိုတင္ေပးဖို႔ ကြၽန္ေတာ့္ကို တိုက္တြန္းခဲ့တယ္ ၊ ဒါက ေဘာင္းဘီတစ္ထည္ျဖစ္ေပမယ့္ တစ္စုံတစ္ေယာက္အတြက္ လုပ္ေပးတာက လူ႔ၾကင္နာမႈဘဲမဟုတ္လား ” လို႔ David က ေနာက္ဆက္တြဲဗီဒီယိုတစ္ခုကို တင္ရင္း ျပန္ေျဖရွင္းခဲ့ပါေသးတယ္။

1

Mia (Mckzone Daily)

Source : elitereaders

Unicode

အမေရိကန်ပြည်ထောင်စု California ပြည်နယ်ရှိ Daniel Richards အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူနှင့် ညနက်ပိုင်းမှာ သရေစာအချို့ဝယ်ရန် စတိုးဆိုင်သို့သွားစဉ် ၎င်းနေရာမှာ David အမည်ရှိတဲ့အိုးမဲ့အိမ်မဲ့အမျိုးသားတစ်ဦးကို ပက်ပင်းတွေ့ခဲ့ပါတယ်။ဒီဇင်ဘာည ချမ်းအေးတဲ့ကာလမှာ ဘောင်းဘီတိုတစ်ထည်တည်းသာ ဝတ်ဆင်ထားတဲ့ Davidကို သတိပြုမိတာကြောင့် Daniel က ၎င်းနှင့်ပတ်သက်ပြီး တစ်ခုခုလုပ်ဖို့ စဉ်းစားခဲ့ပါတယ်။Daniel ဟာ သူတို့ကားရပ်နားရာသို့ပြန်ဝင်လာပြီးနောက် ဇနီးဖြစ်သူအား ထိုသူက ဘောင်းဘီတို နှင့် စောင်တစ်ထည်တောင်မပါဘဲ လမ်းဘေး သို့မဟုတ် အဆောက်အဦးတစ်ခုရဲ့နောက်မှာ အိပ်စက်လိမ့်မယ်လို့ ပြောနေခဲ့ပါတယ်။

” စတိုးဆိုင်ကို သွားဖို့သိပ်နောက်ကျနေပြီမို့ ကျွန်မတို့စကားစမြည်ပြောခဲ့ကြပြီး ကျွန်မခင်ပွန်းကားထဲကနေ ထွက်ပြီး David ဆီ သွားတယ်ဆိုတာနဲ့ ကျွန်မက ဖုန်းနဲ့ မှတ်တမ်းတင်ဖို့ဆုံးဖြတ်ခဲ့တာပါ ” လို့ ဇနီးဖြစ်သူက ဗီဒီယိုမျှဝေခဲ့ပြီး အဆိုပါဗီဒီယိုဟာ ကြည့်ရှုသူပေါင်း ၁.၆ သန်းကျော်ကိုဆွဲဆောင်နိုင်ခဲ့ပြီး social media မှာလူပြောများသွားခဲ့ပါတယ်။လူအများစုက Daniel ရဲ့ကြင်နာတတ်တဲ့အပြုအမူကို ချီးကျူးခဲ့ကြပေမဲ့ အချို့ကလည်း သူတို့ဇနီးမောင်နှံက ကျော်ကြားမှုတစ်ခုရဖို့ အိုးမဲ့အိမ်မဲ့တစ်ဦးကို အသုံးချခဲ့ကြောင်းလည်း စွပ်စွဲထားခဲ့ကြပါသေးတယ်။

” ကျော်ကြားဖို့အတွက် မှတ်တမ်းတင်ခဲ့တာမဟုတ်သလို ဒီအိုးမဲ့အိမ်မဲ့ကိုလည်း အမြတ်ထုတ်ဖို့ ရည်ရွယ်ချက်တစ်ခုမှမရှိခဲ့ပါဘူး ၊ ကျွန်မရဲ့ရည်ရွယ်ချက်က ကျွန်မယောက်ျားနဲ့ကျွန်မ ၁၀ နှစ်ကျော် အတူတကွရှိခဲ့ပေမယ့် သူမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုချဖို့ ဘယ်တော့မှမယိမ်းယိုင်ခဲ့ဘူးဆိုတဲ့အချက်ကို ပြချင်လို့ပါ ” လို့ David ရဲ့ဇနီးက ပြန်ချေပြောခဲ့ပါတယ်။”ကျွန်တော့်ဇနီးက ဗီဒီယိုရိုက်နေခဲ့တာကို ကျွန်တော်မသိခဲ့ပါဘူး ၊ သူမက ဗီဒီယိုကိုတင်ပေးဖို့ ကျွန်တော့်ကို တိုက်တွန်းခဲ့တယ် ၊ ဒါက ဘောင်းဘီတစ်ထည်ဖြစ်ပေမယ့် တစ်စုံတစ်ယောက်အတွက် လုပ်ပေးတာက လူ့ကြင်နာမှုဘဲမဟုတ်လား ” လို့ David က နောက်ဆက်တွဲဗီဒီယိုတစ်ခုကို တင်ရင်း ပြန်ဖြေရှင်းခဲ့ပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment