စစ္ပြဲကာလအတြင္းအသုံးျပဳခဲ့တဲ့က်င္းကို လွပတဲ့ဘားဆိုင္တစ္ခုအျဖစ္ ေျပာင္းလဲျပဳျပင္ခဲ့တဲ့ အဖိုးအို

UK ႏိုင္ငံ Wolverhampton ၿမိဳ႕ရွိ ၁၉၂၀ ျပည့္ႏွစ္ေလာက္က တည္ေဆာက္ခဲ့တဲ့ ႏွစ္လုံးတြဲအိမ္မွာ အသက္ ၆၈ႏွစ္အ႐ြယ္ Khandu Patel အမည္ရွိတဲ့အမ်ိဳးသားႏွင့္ ဇနီးျဖစ္သူတို႔ ေနထိုင္ၾကပါတယ္။ Patel ဟာ ဥယ်ာဥ္ၿခံရွင္းေနတုန္း ျမက္ခင္းေအာက္ကအေပါက္တစ္ခုကို ေတြ႕ရွိခဲ့ၿပီး ယခင္အိမ္ပိုင္ရွင္က ၎ဥယ်ာဥ္ၿခံမွာ ဒုတိယကမာၻစစ္အတြင္း ေလေၾကာင္းစီးနင္းမႈအတြက္ ခိုလႈံႏိုင္ဖို႔ တူးေဖာ္ခဲ့တဲ့က်င္းတစ္ခုရွိေနခဲ့တာကို မရိပ္မိခဲ့ပါဘူး။ထို႔ေနာက္ Patel က ၎အေပါက္က ဘာျဖစ္မလဲဆိုတာကို သိရဖို႔ Lockdown ကာလအတြင္း Patel ႏွင့္ သူ႔မိတ္ေဆြတစ္ဦးက ဥယ်ာဥ္အတြင္းရွိ ၎အေပါက္ကို ေသခ်ာဖြင့္ၿပီး ေအာက္မွာရွိတဲ့အရာကိုၾကည့္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။

သူတို႔ဟာ ေျမႀကီးေတြကို တူးထုတ္ၿပီးေနာက္ ေလွကားထစ္ပုံစံကို ေတြ႕လိုက္ရၿပီး ေလွကားထစ္မ်ားတျဖည္းျဖည္းေပၚတာႏွင့္အမွ် သူတို႔ႏွစ္ဦးစလုံးက ပိုပိုၿပီး အံ့ဩသြားခဲ့ရပါတယ္။ေလွကားထစ္မ်ားက ဥယ်ာဥ္ေအာက္ ၁၀ ေပေက်ာ္ေလာက္ဆင္းသြားၿပီး ေျမေအာက္မွာ အုတ္ႏွင့္ကြန္ကရစ္ခင္းၿပီးေသခ်ာစြာ ျပဳလုပ္ထားတဲ့ အမိုးအကာကိုရွာေဖြေတြ႕ရွိသြားခဲ့ၾကပါတယ္။

Patel က အဆိုပါအတိတ္ရဲ႕ေၾကာက္စရာေကာင္းတဲ့ေနရာကို ဘားတစ္ခုအျဖစ္ေျပာင္းလဲပစ္ခဲ့ၿပီး နံရံမ်ားကို ေဆးျခယ္ကာ မီးသီးမ်ားပါ တပ္ဆင္ခဲ့ပါတယ္။” သူတို႔က ဒါကို စစ္ပြဲကာလအတြင္းအသုံးျပဳခဲ့တာ ျဖစ္မယ္ ၊ ဒီေျမေအာက္ခန္းက လူအေယာက္ ၄၀ ေလာက္ဆန္႔တယ္ ၊ ငါတို႔က ဒါကို ဘားအျဖစ္ေျပာင္းလဲပစ္ခဲ့တယ္ ၊ ဒီေနရာက ငါတို႔အနားယူႏိုင္တဲ့ေနရာျဖစ္မယ္ ၿပီးက်႕ မိသားစုမ်ားလာရင္ ဒီေနရာက အဆင္ေျပမႈေပးလိမ့္မယ္ “ လို႔ Patel ကဆိုခဲ့ပါတယ္။အလားတူ အျဖစ္အပ်က္မ်ိဳးကို Hampshire ႏိုင္ငံ Eastleigh ၿမိဳ႕မွာ ေတြ႕ရွိခဲ့ဖူးပါေသးတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

UK နိုင်ငံ Wolverhampton မြို့ရှိ ၁၉၂၀ ပြည့်နှစ်လောက်က တည်ဆောက်ခဲ့တဲ့ နှစ်လုံးတွဲအိမ်မှာ အသက် ၆၈နှစ်အရွယ် Khandu Patel အမည်ရှိတဲ့အမျိုးသားနှင့် ဇနီးဖြစ်သူတို့ နေထိုင်ကြပါတယ်။ Patel ဟာ ဥယျာဉ်ခြံရှင်းနေတုန်း မြက်ခင်းအောက်ကအပေါက်တစ်ခုကို တွေ့ရှိခဲ့ပြီး ယခင်အိမ်ပိုင်ရှင်က ၎င်းဥယျာဉ်ခြံမှာ ဒုတိယကမ္ဘာစစ်အတွင်း လေကြောင်းစီးနင်းမှုအတွက် ခိုလှုံနိုင်ဖို့ တူးဖော်ခဲ့တဲ့ကျင်းတစ်ခုရှိနေခဲ့တာကို မရိပ်မိခဲ့ပါဘူး။ထို့နောက် Patel က ၎င်းအပေါက်က ဘာဖြစ်မလဲဆိုတာကို သိရဖို့ Lockdown ကာလအတွင်း Patel နှင့် သူ့မိတ်ဆွေတစ်ဦးက ဥယျာဉ်အတွင်းရှိ ၎င်းအပေါက်ကို သေချာဖွင့်ပြီး အောက်မှာရှိတဲ့အရာကိုကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သူတို့ဟာ မြေကြီးတွေကို တူးထုတ်ပြီးနောက် လှေကားထစ်ပုံစံကို တွေ့လိုက်ရပြီး လှေကားထစ်များတဖြည်းဖြည်းပေါ်တာနှင့်အမျှ သူတို့နှစ်ဦးစလုံးက ပိုပိုပြီး အံ့ဩသွားခဲ့ရပါတယ်။လှေကားထစ်များက ဥယျာဉ်အောက် ၁၀ ပေကျော်လောက်ဆင်းသွားပြီး မြေအောက်မှာ အုတ်နှင့်ကွန်ကရစ်ခင်းပြီးသေချာစွာ ပြုလုပ်ထားတဲ့ အမိုးအကာကိုရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။

Patel က အဆိုပါအတိတ်ရဲ့ကြောက်စရာကောင်းတဲ့နေရာကို ဘားတစ်ခုအဖြစ်ပြောင်းလဲပစ်ခဲ့ပြီး နံရံများကို ဆေးခြယ်ကာ မီးသီးများပါ တပ်ဆင်ခဲ့ပါတယ်။” သူတို့က ဒါကို စစ်ပွဲကာလအတွင်းအသုံးပြုခဲ့တာ ဖြစ်မယ် ၊ ဒီမြေအောက်ခန်းက လူအယောက် ၄၀ လောက်ဆန့်တယ် ၊ ငါတို့က ဒါကို ဘားအဖြစ်ပြောင်းလဲပစ်ခဲ့တယ် ၊ ဒီနေရာက ငါတို့အနားယူနိုင်တဲ့နေရာဖြစ်မယ် ပြီးကျ့ မိသားစုများလာရင် ဒီနေရာက အဆင်ပြေမှုပေးလိမ့်မယ် “ လို့ Patel ကဆိုခဲ့ပါတယ်။အလားတူ အဖြစ်အပျက်မျိုးကို Hampshire နိုင်ငံ Eastleigh မြို့မှာ တွေ့ရှိခဲ့ဖူးပါသေးတယ်။

Mia (Mckzone Daily)

  • Leave a Comment