ဘောပင်တစ်မျိုးတည်းနဲ့ မယုံနိုင်လောက်အောင်ရေးဆွဲထားတဲ့ Oscar ရဲ့ပုံတူပန်းချီကားချပ်များ


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

Mia (Mckzone Daily)

Source : boredpanda

Unicode

အပြာရောင်ရဲ့စစ်မှန်တဲ့စွမ်းအားကိုကောင်းကောင်းသိမြင်နိုင်တဲ့ Oscar Ukonu အမည်ရှိတဲ့အမျိုးသားဟာ လက်တွေ့ကျကျဘောပင်ဖြင့်ပန်းချီရေးဆွဲခြင်းကို ၅ နှစ်ကျော်လေ့လာသင်ကြားခဲ့ပြီး သူဟာ ဘောပင်ပန်းချီဆရာများထဲမှ တစ်ယောက်အပါအဝင်ပါ။ Oscar ဟာ သာမန်ပန်းချီပုံဆွဲခြင်းထက် ဘောပင်တစ်မျိုးတည်းနဲ့ အပြာရောင်ပန်းချီကိုဘဲ အလေးပေးရေးဆွဲလေ့ရှိပြီး အဆိုပါပန်းချီကားများကို လူမှုရေးဝေဖန်မှုအဖြစ် အသုံးချပြီး အာဖရိကရဲ့ ဩဇာအာဏာရှိသူတို့ရဲ့ပုံရိပ်များနှင့် ပေါ့ပ်ယဉ်ကျေးမှုပုံရိပ်များကို ရေးဆွဲလေ့ရှိပါတယ်။ဓာတ်ပုံလို့တောင် ထင်မှားသွားနိုင်တဲ့ Oscar ရဲ့ပန်းချီကားတွေကတော့ အံ့ဩစရာပါဘဲ ။သူဟာအလုပ်လုပ်ခဲ့တဲ့နှစ်များတစ်လျှောက် ပရိသတ်များစွာရရှိခဲ့ပြီး သူ့ရဲ့ Instagram မှာ 75k followers အထိ ရှိနေပါတယ်။ ဒီတော့ ဘောပင်တစ်မျိုးတည်းနဲ့ ပြောင်မြောက်အောင် ရေးဆွဲထားတဲ့ Oscar ရဲ့ပန်းချီလက်ရာအချို့ကို စာဖတ်သူတို့လည်း ဝေဖန်သုံးသပ်နိုင်အောင် ဖော်ပြပေးခဲ့လိုက်ပါတယ်နော်။

Mia (Mckzone Daily)

  • Leave a Comment