မိဘေတြက အသံတိတ္ေနလို႔ အျပင္ထြက္ၾကည့္လိုက္မွ ေခြးေတြနဲ႔အတူ တေရးအိပ္ေနခဲ့တဲ့ ကေလးမေလး

Annabell အမည္ရွိတဲ့ကေလးမေလးႏွင့္ သူမရဲ႕မိသားစုဟာ Brazil ႏိုင္ငံမွာေနထိုင္ၾကၿပီး Annabell ဟာ ငယ္စဥ္ကတည္းကပင္ Zaya, Neném ႏွင့္ Tataia အမည္ရွိမိသားစုေခြးမ်ားႏွင့္ အနီးကပ္ဆုံးရင္းႏွီးခဲ့ပါတယ္။ေခြးေလးေတြက သူဘယ္သြားသြား ေနာက္ကေန တေကာက္ေကာက္လိုက္သြားတတ္ၾကသလို Annabell ကလည္း မနက္တိုင္း တစ္ေကာင္ခ်င္းစီကို အနမ္းေပးတတ္ၿပီး သူတို႔ေလးေတြက ညီအစ္မေတြလို ခ်စ္ခင္တတ္ၾကေၾကာင္း Lawria Melo အမည္ရွိ Annabell ရဲ႕မိခင္ က ဆိုပါတယ္။Annabell နဲ႔ ေခြးေလးေတြက မ်ားေသာအားျဖင့္ အျပင္မွာ အုပ္စုလိုက္အတူတကြ ကစားေလ့ရွိၿပီး အခ်င္းခ်င္း အဆုံးမဲ့တဲ့ေဖ်ာ္ေျဖမႈေတြေပးေလ့ရွိၾကပါတယ္။

သို႔ေပမဲ့ တစ္ရက္မွာ ႐ႊင္လန္းတဲ့ရယ္ေမာသံေတြ တိတ္ဆိတ္သြားခဲ့တာေၾကာင့္ Melo ႏွင့္ ေယာက်္ားျဖစ္သူက အလန္႔တၾကား အျမန္အျပင္သို႔ထြက္ၿပီးစစ္ေဆးၾကည့္ေတာ့ Annabell ဟာ ေမွာက္လ်က္သားနဲ႔ ေခြးေတြနဲ႔အတူတူ အိပ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ Annabell က အိပ္ခန္းထဲ၀င္အိပ္လို႔ရေပမဲ့ မအိပ္ဘဲ ေခြးေလးေတြနဲ႔ သူတို႔ရဲ႕ေပ်ာ္စရာအခ်ိန္ကိုခနရပ္ထားခဲ့ၿပီး အုပ္စုလိုက္အိပ္ေနခဲ့ၾကပါတယ္။

” ကြၽန္မ အမ်ားႀကီး ရယ္ခဲ့တယ္ ၊ သြားၾကည့္လိုက္ေတာ့ Annabell ရဲ႕ေခါင္းကေနေျခထိ သဲေတြဖုံးလႊမ္းေနခဲ့တယ္ “ လို႔ Melo ကဆိုပါတယ္။ ” ဒါေပမယ့္ Annabell အတြက္ေတာ့ ဒါက ပုံမွန္ကိစၥပါပဲ ၊ ကြၽန္မတို႔က သူ႔ကို ေခြးေတြလုပ္တဲ့အက်င့္တိုင္း လိုက္မလုပ္ဖို႔ အၿမဲေျပာေနရတယ္ ၊ တစ္ခါတစ္ေလဆို ေရအတင္းခ်ိဳးခိုင္းရတယ္ ၊ ေခြးေလးေတြရဲ႕ Annabell အေပၚထားတဲ့တြယ္တာမႈနဲ႔ ခ်စ္ျခင္းေမတၱာကို ေတြ႕ရျခင္းက အံဩစရာပါဘဲ ၊ သူတို႔ေလးေတြကလည္း Annabell ဘဝရဲ႕အစိတ္အပိုင္းတစ္ခုလိုပါပဲ “ လို႔ Melo ကဆိုခဲ့ပါတယ္။Annabell ေမွာက္လ်က္အိပ္ေနခဲ့တဲ့ပုံက လတ္တေလာ social media မွာ ေရပန္းစားေနလ်က္ရွိပါတယ္။

Mia (Mckzone Daily)

Source : thedodo

Unicode

Annabell အမည်ရှိတဲ့ကလေးမလေးနှင့် သူမရဲ့မိသားစုဟာ Brazil နိုင်ငံမှာနေထိုင်ကြပြီး Annabell ဟာ ငယ်စဉ်ကတည်းကပင် Zaya, Neném နှင့် Tataia အမည်ရှိမိသားစုခွေးများနှင့် အနီးကပ်ဆုံးရင်းနှီးခဲ့ပါတယ်။ခွေးလေးတွေက သူဘယ်သွားသွား နောက်ကနေ တကောက်ကောက်လိုက်သွားတတ်ကြသလို Annabell ကလည်း မနက်တိုင်း တစ်ကောင်ချင်းစီကို အနမ်းပေးတတ်ပြီး သူတို့လေးတွေက ညီအစ်မတွေလို ချစ်ခင်တတ်ကြကြောင်း Lawria Melo အမည်ရှိ Annabell ရဲ့မိခင် က ဆိုပါတယ်။Annabell နဲ့ ခွေးလေးတွေက များသောအားဖြင့် အပြင်မှာ အုပ်စုလိုက်အတူတကွ ကစားလေ့ရှိပြီး အချင်းချင်း အဆုံးမဲ့တဲ့ဖျော်ဖြေမှုတွေပေးလေ့ရှိကြပါတယ်။

သို့ပေမဲ့ တစ်ရက်မှာ ရွှင်လန်းတဲ့ရယ်မောသံတွေ တိတ်ဆိတ်သွားခဲ့တာကြောင့် Melo နှင့် ယောကျ်ားဖြစ်သူက အလန့်တကြား အမြန်အပြင်သို့ထွက်ပြီးစစ်ဆေးကြည့်တော့ Annabell ဟာ မှောက်လျက်သားနဲ့ ခွေးတွေနဲ့အတူတူ အိပ်နေတာကို တွေ့ခဲ့ရပါတယ်။ Annabell က အိပ်ခန်းထဲ၀င်အိပ်လို့ရပေမဲ့ မအိပ်ဘဲ ခွေးလေးတွေနဲ့ သူတို့ရဲ့ပျော်စရာအချိန်ကိုခနရပ်ထားခဲ့ပြီး အုပ်စုလိုက်အိပ်နေခဲ့ကြပါတယ်။

” ကျွန်မ အများကြီး ရယ်ခဲ့တယ် ၊ သွားကြည့်လိုက်တော့ Annabell ရဲ့ခေါင်းကနေခြေထိ သဲတွေဖုံးလွှမ်းနေခဲ့တယ် “ လို့ Melo ကဆိုပါတယ်။ ” ဒါပေမယ့် Annabell အတွက်တော့ ဒါက ပုံမှန်ကိစ္စပါပဲ ၊ ကျွန်မတို့က သူ့ကို ခွေးတွေလုပ်တဲ့အကျင့်တိုင်း လိုက်မလုပ်ဖို့ အမြဲပြောနေရတယ် ၊ တစ်ခါတစ်လေဆို ရေအတင်းချိုးခိုင်းရတယ် ၊ ခွေးလေးတွေရဲ့ Annabell အပေါ်ထားတဲ့တွယ်တာမှုနဲ့ ချစ်ခြင်းမေတ္တာကို တွေ့ရခြင်းက အံဩစရာပါဘဲ ၊ သူတို့လေးတွေကလည်း Annabell ဘဝရဲ့အစိတ်အပိုင်းတစ်ခုလိုပါပဲ “ လို့ Melo ကဆိုခဲ့ပါတယ်။Annabell မှောက်လျက်အိပ်နေခဲ့တဲ့ပုံက လတ်တလော social media မှာ ရေပန်းစားနေလျက်ရှိပါတယ်။

Mia (Mckzone Daily)

  • Leave a Comment