လူၾကားထဲမွာ ျမင္မေကာင္းေအာင္႐ိုက္ႏွက္ခံေနရတဲ့ အေျမႇာင္မယားငယ္ကို အသက္နဲ႔ရင္းၿပီးကာကြယ္ေပးေနတဲ့အမ်ိဳးသား(႐ုပ္သံ)

ေဖာက္ျပန္ေနတဲ့ခင္ပြန္းႏွင့္ အေျမႇာင္မယားငယ္ကို ဇနီးသည္၏သူငယ္ခ်င္းအုပ္စုကဝိုင္းဝန္း႐ိုက္ႏွက္ၿပီး အျပစ္ေပးခဲ့ခ်ိန္မွာေတာ့ ခင္ပြန္းျဖစ္သူဟာ သူ၏အေျမႇာင္မယားငယ္ကို အေတာ္ေလးကာကြယ္ေပးခဲ့တဲ့ျဖစ္ရပ္ပါ ။ ဒီအျဖစ္အပ်က္ကေတာ့ တ႐ုတ္ႏိုင္ငံအေ႐ွ႕ဖက္ Anhui ျပည္နယ္မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ Video ထဲမွာေတာ့ မယားႀကီးဟာ သူ၏အမ်က္ေဒါသကိုလံုးဝမထိန္းႏိုင္ေတာ့ဘဲ ေျမျပင္ေပၚအအိပ္လိုက္လဲက်ေနခဲ့တဲ့ အေျမႇာင္းမယားငယ္ကိုအေပၚကေနေပြ႔ဖက္ၿပီးကာကြယ္ေပးေနတဲ့ခင္ပြန္းေၾကာင့္ အေျမာင္မယား၏ ဦးေခါင္ ႏွင့္ ေျခေထာက္တို႔ကိုကန္ေက်ာက္ပစ္ခဲ့ပါတယ္ ။

မယားႀကီးဟာ အေျမႇာင္မယားရဲ႕အဝတ္အစားေတြကိုပါ ဆြဲျဗဲပစ္ခဲ့တဲ့အျပင္ မယားႀကီး၏သူငယ္ခ်င္းအေပါင္းအပါမ်ားကလည္း ဝင္ၿပီးဝိုင္းဝန္း႐ိုက္ႏွက္ေပးခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း အေျမႇာင္မယားငယ္ကိုအေပၚဖက္ကေန အတင္းအက်ပ္ဖက္ထားၿပီး မယားႀကီးကို ေတာ္ေတာ့ဆိုၿပီးေအာ္ေနခဲ့တဲ့ခင္ပြန္းသည္ေၾကာင့္ မယားငယ္မွာ ထိခိုက္ဒဏ္ရာႀကီးႀကီးမားမားရ႐ွိခဲ့ျခင္းမ်ိဳးမ႐ွိပါဘူး ။ ထို႔အျပင္ ခင္းပြန္းျဖစ္သူရဲ႕ေရႊဆြဲႀကိဳးကိုဆြဲျဖဳတ္ပစ္ခဲ့ၿပီး အဆိုပါဆြဲႀကိဳးႏွင့္ပါ ဇနီးသည္ကဆြဲ႐ိုက္ခဲ့ပါေသးတယ္ ။

အဆိုပါလူၾကားထဲမွာ ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္ခဲ့တဲ့အျဖစ္အပ်က္ကို ပတ္ဝန္းက်င္အနီးအနားမွလူမ်ားကဝင္ေရာက္ျဖန္ေျဖေပးျခင္းမ်ိဳးမ႐ွိဘဲ ဒီအတိုင္းသာရပ္ၾကည့္ေနၾကပါတယ္ ။ ခင္ပြန္းျဖစ္သူမွာေတာ့ ရဲေခၚေပးပါ ဆိုၿပီးေအာ္ဟစ္အကူအညီေတာင္းေနခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ရဲေတြမေရာက္လာခင္မွာပဲ ရန္ပြဲဟာအဆံုးသတ္သြားခဲ့ပါတယ္ ။ တ႐ုတ္ႏိုင္ငံမွာက ယခုကဲ့သို႔ေဖာက္ျပန္မႈမ်ိဳးျဖစ္ပ်က္ပါက အေျမႇာင္မယားငယ္ကို လူသိ႐ွင္ၾကားအျပစ္ေပးလ်က္႐ွိတဲ့ လုပ္ရပ္ဟာ မၾကာခဏျဖစ္ပြားေလ့႐ွိတဲ့အတြက္ ရပ္ၾကည့္ေနၾကတဲ့သူေတြ အတြက္ကေတာ့ သိပ္မဆန္းလွပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖောက်ပြန်နေတဲ့ခင်ပွန်းနှင့် အမြှောင်မယားငယ်ကို ဇနီးသည်၏သူငယ်ချင်းအုပ်စုကဝိုင်းဝန်းရိုက်နှက်ပြီး အပြစ်ပေးခဲ့ချိန်မှာတော့ ခင်ပွန်းဖြစ်သူဟာ သူ၏အမြှောင်မယားငယ်ကို အတော်လေးကာကွယ်ပေးခဲ့တဲ့ဖြစ်ရပ်ပါ ။ ဒီအဖြစ်အပျက်ကတော့ တရုတ်နိုင်ငံအရှေ့ဖက် Anhui ပြည်နယ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ Video ထဲမှာတော့ မယားကြီးဟာ သူ၏အမျက်ဒေါသကိုလုံးဝမထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်အအိပ်လိုက်လဲကျနေခဲ့တဲ့ အမြှောင်းမယားငယ်ကိုအပေါ်ကနေပွေ့ဖက်ပြီးကာကွယ်ပေးနေတဲ့ခင်ပွန်းကြောင့် အမြောင်မယား၏ ဦးခေါင် နှင့် ခြေထောက်တို့ကိုကန်ကျောက်ပစ်ခဲ့ပါတယ် ။

မယားကြီးဟာ အမြှောင်မယားရဲ့အဝတ်အစားတွေကိုပါ ဆွဲဗြဲပစ်ခဲ့တဲ့အပြင် မယားကြီး၏သူငယ်ချင်းအပေါင်းအပါများကလည်း ဝင်ပြီးဝိုင်းဝန်းရိုက်နှက်ပေးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အမြှောင်မယားငယ်ကိုအပေါ်ဖက်ကနေ အတင်းအကျပ်ဖက်ထားပြီး မယားကြီးကို တော်တော့ဆိုပြီးအော်နေခဲ့တဲ့ခင်ပွန်းသည်ကြောင့် မယားငယ်မှာ ထိခိုက်ဒဏ်ရာကြီးကြီးမားမားရရှိခဲ့ခြင်းမျိုးမရှိပါဘူး ။ ထို့အပြင် ခင်းပွန်းဖြစ်သူရဲ့ရွှေဆွဲကြိုးကိုဆွဲဖြုတ်ပစ်ခဲ့ပြီး အဆိုပါဆွဲကြိုးနှင့်ပါ ဇနီးသည်ကဆွဲရိုက်ခဲ့ပါသေးတယ် ။

အဆိုပါလူကြားထဲမှာ ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့တဲ့အဖြစ်အပျက်ကို ပတ်ဝန်းကျင်အနီးအနားမှလူများကဝင်ရောက်ဖြန်ဖြေပေးခြင်းမျိုးမရှိဘဲ ဒီအတိုင်းသာရပ်ကြည့်နေကြပါတယ် ။ ခင်ပွန်းဖြစ်သူမှာတော့ ရဲခေါ်ပေးပါ ဆိုပြီးအော်ဟစ်အကူအညီတောင်းနေခဲ့ပါတယ် ။ သို့ပေမဲ့လည်း ရဲတွေမရောက်လာခင်မှာပဲ ရန်ပွဲဟာအဆုံးသတ်သွားခဲ့ပါတယ် ။ တရုတ်နိုင်ငံမှာက ယခုကဲ့သို့ဖောက်ပြန်မှုမျိုးဖြစ်ပျက်ပါက အမြှောင်မယားငယ်ကို လူသိရှင်ကြားအပြစ်ပေးလျက်ရှိတဲ့ လုပ်ရပ်ဟာ မကြာခဏဖြစ်ပွားလေ့ရှိတဲ့အတွက် ရပ်ကြည့်နေကြတဲ့သူတွေ အတွက်ကတော့ သိပ်မဆန်းလှပါဘူး ။

Jasmine (Mckzone Daily)

Be the first to comment on "လူၾကားထဲမွာ ျမင္မေကာင္းေအာင္႐ိုက္ႏွက္ခံေနရတဲ့ အေျမႇာင္မယားငယ္ကို အသက္နဲ႔ရင္းၿပီးကာကြယ္ေပးေနတဲ့အမ်ိဳးသား(႐ုပ္သံ)"

Leave a comment

Your email address will not be published.


*