ဖုန္းေရာင္းရင္း ပိုက္ဆံအတုနဲ႔ အလိမ္ခံလိုက္ရလို႔ ငိုမရ ရယ္မရျဖစ္သြားခဲ့တဲ့ အမ်ိဳးသား

အင္ဒိုနီးရွားႏိုင္ငံရွိ ဖုန္းေရာင္းတဲ့အမ်ိဳးသားတစ္ဦးဟာ သူ႔ဖုန္းကို ဝယ္သူက ေငြစကၠဴအတုမ်ားႏွင့္ ေပးေခ်ခဲ့ေပမဲ့ ေနာက္က်မွ အလိမ္ခံရမွန္းသတိထားမိသြားခဲ့ပါတယ္။မေလးရွားႏိုင္ငံ Borneo ကြၽန္းရွိ အေရွ႕ Kalimantan မွာ ျဖစ္ပြါးခဲ့တဲ့အဆိုပါျဖစ္ရပ္ဟာ ေဒသတြင္းမွာ ေခါင္းႀကီးပိုင္းသတင္းျဖစ္သြားခဲ့ပါတယ္။အဆိုပါေရာင္းသူရဲ႕ရဲအစီရင္ခံစာအရ သူဟာ online ေပၚမွာ အမည္မသိဖုန္းဝယ္သူတစ္ဦးနဲ႔ေတြ႕ခဲ့ၿပီး ဖုန္းနံပါတ္အခ်င္းခ်င္း ဖလွယ္ကာ ဒီဇင္ဘာလ ၂၀ရက္ေန႔ ညသန္းေခါင္ယံအခ်ိန္မွာ ခ်ိန္းေတြ႕ဖို႔ဆုံးျဖတ္ခဲ့ၾကပါတယ္။ဝယ္သူက ညသန္းေခါင္ယံအခ်ိန္မွာ ေတြ႕ဖို႔ေ႐ြးခ်ယ္ခဲ့ျခင္းက ေရာင္းသူအတြက္ အနည္းငယ္ထူးဆန္းေနခဲ့ေပမဲ့ ပိုက္ဆံရဖို႔ ဝယ္သူနဲ႔ေတြ႕ဆုံခဲ့ပါတယ္။

ထို႔ေနာက္ ခ်ိန္းထားတဲ့ေနရာကို ဝယ္သူကဆိုင္ကယ္နဲ႔ေရာက္လာၿပီး အင္ဂ်င္စက္မသတ္ဘဲ ေရာင္းဝယ္မႈၿပီးၿပီးခ်င္း ေမာင္းထြက္သြားခဲ့တယ္လို႔ ေရာင္းသူကဆိုခဲ့ပါတယ္။သူကလည္း အခ်ိန္ကုန္ျမန္သြားခဲ့တာေၾကာင့္ သတိလက္လႊတ္နဲ႔ ပိုက္ဆံစစ္ၾကည့္ဖို႔ ေမ့ေလ်ာ့ေနခဲ့ပါတယ္။ဝယ္သူကဆိုင္ကယ္ေမာင္းထြက္သြားၿပီးမွ ပိုက္ဆံစစ္ၾကည့္လိုက္ေတာ့ ပိုက္ဆံစကၠဴအတုေတြကို ပုံပါအတိုင္း လက္ျဖင့္ အနီေရာင္မင္ေတြနဲ႔ေရးဆြဲထားတာကို ေတြ႕ေတာ့ ေရာင္းသူက အံ့အားသင့္ခဲ့ရသလို ငိုမရ ၊ ရယ္မရလည္း ျဖစ္သြားခဲ့ရပါတယ္။

ေရာင္းသူက အဆိုပါဖုန္းကို အင္ဒိုနီးရွား ႐ူးပီ ၉၀၀,၀၀၀ ( ၈၅,၀၀၀ က်ပ္)နဲ႔ေရာင္းခဲ့တာပါ။လက္ရွိမွာေတာ့ တရားခံကို ဖမ္းမိမမိေတာ့ ေသခ်ာမသိရေသးပါဘူး။၎ျဖစ္ရပ္ကို အင္တာနက္အသုံးျပဳသူေတြက ” ငါ ဝမ္းနည္းခ်င္တယ္ ဒါေပမဲ့ ငါဘယ္လိုမွ အရယ္မရပ္ေနဘူး” ၊” ငါဆိုလည္း အေမွာင္ထဲမွာဆို ဒီပိုက္ဆံကို အတုအစစ္မခြဲႏိုင္ေလာက္ဘူး” ၊” ဟီး ကေလးဆြဲထားတာနဲ႔တူတယ္ သူမို႔ႀကံႀကံဖန္ဖန္လိမ္တတ္တယ္ ” စတဲ့ မွတ္ခ်က္ေတြ ေပးခဲ့ၾကပါတယ္။အဆိုပါေရာင္းသူအမ်ိဳးသားရဲ႕ အျဖစ္ကေတာ့ လူအမ်ားကို ရယ္ရမလို ငိုရမလို ျဖစ္သြားေစခဲ့ပါတယ္။

Mia (Mckzone Daily)

Source : nextshark

Unicode

အင်ဒိုနီးရှားနိုင်ငံရှိ ဖုန်းရောင်းတဲ့အမျိုးသားတစ်ဦးဟာ သူ့ဖုန်းကို ဝယ်သူက ငွေစက္ကူအတုများနှင့် ပေးချေခဲ့ပေမဲ့ နောက်ကျမှ အလိမ်ခံရမှန်းသတိထားမိသွားခဲ့ပါတယ်။မလေးရှားနိုင်ငံ Borneo ကျွန်းရှိ အရှေ့ Kalimantan မှာ ဖြစ်ပွါးခဲ့တဲ့အဆိုပါဖြစ်ရပ်ဟာ ဒေသတွင်းမှာ ခေါင်းကြီးပိုင်းသတင်းဖြစ်သွားခဲ့ပါတယ်။အဆိုပါရောင်းသူရဲ့ရဲအစီရင်ခံစာအရ သူဟာ online ပေါ်မှာ အမည်မသိဖုန်းဝယ်သူတစ်ဦးနဲ့တွေ့ခဲ့ပြီး ဖုန်းနံပါတ်အချင်းချင်း ဖလှယ်ကာ ဒီဇင်ဘာလ ၂၀ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ ချိန်းတွေ့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဝယ်သူက ညသန်းခေါင်ယံအချိန်မှာ တွေ့ဖို့ရွေးချယ်ခဲ့ခြင်းက ရောင်းသူအတွက် အနည်းငယ်ထူးဆန်းနေခဲ့ပေမဲ့ ပိုက်ဆံရဖို့ ဝယ်သူနဲ့တွေ့ဆုံခဲ့ပါတယ်။

ထို့နောက် ချိန်းထားတဲ့နေရာကို ဝယ်သူကဆိုင်ကယ်နဲ့ရောက်လာပြီး အင်ဂျင်စက်မသတ်ဘဲ ရောင်းဝယ်မှုပြီးပြီးချင်း မောင်းထွက်သွားခဲ့တယ်လို့ ရောင်းသူကဆိုခဲ့ပါတယ်။သူကလည်း အချိန်ကုန်မြန်သွားခဲ့တာကြောင့် သတိလက်လွှတ်နဲ့ ပိုက်ဆံစစ်ကြည့်ဖို့ မေ့လျော့နေခဲ့ပါတယ်။ဝယ်သူကဆိုင်ကယ်မောင်းထွက်သွားပြီးမှ ပိုက်ဆံစစ်ကြည့်လိုက်တော့ ပိုက်ဆံစက္ကူအတုတွေကို ပုံပါအတိုင်း လက်ဖြင့် အနီရောင်မင်တွေနဲ့ရေးဆွဲထားတာကို တွေ့တော့ ရောင်းသူက အံ့အားသင့်ခဲ့ရသလို ငိုမရ ၊ ရယ်မရလည်း ဖြစ်သွားခဲ့ရပါတယ်။

ရောင်းသူက အဆိုပါဖုန်းကို အင်ဒိုနီးရှား ရူးပီ ၉၀၀,၀၀၀ ( ၈၅,၀၀၀ ကျပ်)နဲ့ရောင်းခဲ့တာပါ။လက်ရှိမှာတော့ တရားခံကို ဖမ်းမိမမိတော့ သေချာမသိရသေးပါဘူး။၎င်းဖြစ်ရပ်ကို အင်တာနက်အသုံးပြုသူတွေက ” ငါ ဝမ်းနည်းချင်တယ် ဒါပေမဲ့ ငါဘယ်လိုမှ အရယ်မရပ်နေဘူး” ၊” ငါဆိုလည်း အမှောင်ထဲမှာဆို ဒီပိုက်ဆံကို အတုအစစ်မခွဲနိုင်လောက်ဘူး” ၊” ဟီး ကလေးဆွဲထားတာနဲ့တူတယ် သူမို့ကြံကြံဖန်ဖန်လိမ်တတ်တယ် ” စတဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။အဆိုပါရောင်းသူအမျိုးသားရဲ့ အဖြစ်ကတော့ လူအများကို ရယ်ရမလို ငိုရမလို ဖြစ်သွားစေခဲ့ပါတယ်။

Mia (Mckzone Daily)

  • Leave a Comment